ထွတ်မြတ်မှုများနှင့် အာဒါဗ်စည်းကမ်းများ။
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
Available in 59 languages
«အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ငါကိုယ်တော် အသင်တို့အား အလ္လာဟ်အရှင်မြတ်က အပြစ်များကိုပယ်ဖျက်ပေးပြီး၊ အဆင့်အတန်းများကို မြှင့်တင်ပေးသောအရာကို မညွှန်ပြရဘူးလား။စွဟာဗဟ်များက အို - အလ္လာဟ်ရဲ့ ရစူလ်တမန်တော် အမှန်ပင် ညွှန်ပြပေးတော်မူပါဟု လျှောက်ထားကြ၏။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ - မနှစ်မြို့ဖွယ် ( ခက်ခဲသည့် )အခြေအနေများတွင်လည်း ဝူဿွူကို သေချာကျနစွာ ပြုလုပ်ခြင်း၊ ဗလီဝတ်ကျောင်းတော်များသို့ ခြေလှမ်းများစွာ လှမ်းခြင်း၊ ဆွလာသ်တစ်ကြိမ် (ဝတ်ပြု)ပြီးနောက် နောက်ထပ်ဆွလာသ်အတွက် (မိမိ၏ဝတ်ပြုရာနေရာ၌ပင်) စောင့်ဆိုင်းနေခြင်းတို့ဖြစ်သည်။ ဤသည် ရိဗာသ်ွ (စစ်မျက်နှာတွင် ရန်သူကို စောင့်ကြပ်ခြင်းကဲ့သို့ အဆင့်အတန်းရရှိသည့် အမလ်ကောင်းမှု )ဖြစ်သည်။»Meaning translation ·
Saved at original quality







