ထွတ်မြတ်မှုများနှင့် အာဒါဗ်စည်းကမ်းများ။
အဗ်ဒုလ္လာဟ် ဗင်န်မတ်စ်အူဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။
Available in 55 languages
«အဗ်ဒုလ္လာဟ် ဗင်န်မတ်စ်အူဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ မှန်သောစကားကိုသာ ပြောဆိုခြင်းအား လက်ကိုင်ထားရန်အသင်တို့အပေါ်၌တာဝန်ရှိသည်။ မှန်သောစကားကိုသာပြောဆိုခြင်းက ကောင်းမှုဘက်သို့ လမ်းပြပေးသည်။ ကောင်းမှုသည် ဂျန္နသ်ဘက်သို့ လမ်းပြပေးသည်။ လူတစ်ဦးသည် အမှန်ကိုပြောဆိုရင်း၊ အမှန်ကိုသာရှာဖွေရင်း နောက်ဆုံးတွင်သူသည်အလ္လာဟ်အရှင်မြတ်ထံတော်ပါးတွင် အလွန်မှန်ကန်သူ ဖြစ်သွားသည်။ အသင်တို့သည် မုသားပြောခြင်းမှရှောင်ကြဉ်ကြကုန်။ မုသားသည် မကောင်းမှုဘက်သို့ လမ်းပြပေးသည်။ မကောင်းမှုသည် ဂျဟန္နမ်ငရဲဘက်သို့ လမ်းပြပေးသည်။ လူတစ်ဦးသည် မုသားပြောရင်း၊ မုသားကို ရှာဖွေရင်း နောက်ဆုံးတွင် သူသည် အလ္လာ့ဟ်အရှင်မြတ်ထံတော်၌အလွန်မုသားပြောသူဟုရေးမှတ်ခြင်းခံရပေသည်။”»Meaning translation ·
Saved at original quality








