အကီဒဟ် ယုံကြည်ချက်။
ဂျရီးရ်ဗင်န် အဗ်ဒုလ္လာဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
Available in 62 languages
«ဂျရီးရ်ဗင်န် အဗ်ဒုလ္လာဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်တို့သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)နှင့်အတူ ရှိနေစဉ် ကိုယ်တော်မြတ်က လပြည့်ည၏ လပြည့်ဝန်းကို ကြည့်ရှုပြီး မိန့်ကြားတော်မူသည်မှာ- ဧကန်မုချ အသင်တို့သည် ဤလပြည့်ဝန်းကို တွေ့မြင်ကြရသကဲ့သို့ အသင်တို့၏အရှင်မြတ်အား ဖူးမြင်ကြရမည်ဖြစ်သည်။ ထိုအရှင်မြတ်ကို ဖူးမြင်ရာတွင် အသင်တို့သည် တိုးဝှေ့ကြရမည် မဟုတ်ပေ။ ထို့ကြောင့် အသင်တို့သည် နေမထွက်မီ (ဖဂျ်ရ်) ဆွလာသ် နှင့် နေမဝင်မီ(အဆွ်ရ်) ဆွလာသ်ကို (လက်လွတ်သည်အထိ မည်သည့်အရာ၏) လွှမ်းမိုးမှုမျှမခံရလေအောင် တတ်စွမ်းနိုင်သမျှ ပြုလုပ်ကြပါ။ ထို့နောက် ကိုယ်တော်က ဤအာယသ်တော်ကို ဖတ်ရွတ်တော်မူသည် (ထို့ပြင် အသင်သည် နေမထွက်မီနှင့် နေမဝင်မီ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ချီးမွမ်းခြင်းနှင့်တကွ (အရှင်မြတ်) သန့်ရှင်းစင်ကြယ်တော်မူကြောင်း ရွတ်ဆိုနေပါ။)»Meaning translation ·
Saved at original quality








