Hadith for the World
Tap the image to view it full size
အကီဒဟ် ယုံကြည်ချက်။

အဗ္ဗားစ် ဗင်န် အဗ်ဒုလ်မုသ်သွလိဗ် ( ရဿွိယလ္လာဟုအန်ဟု ) ကဆင့်ပြန်ခဲ့သည်။ ၎င်းသည် တမန်တော်မြတ် (ဆွလ္လလ္လာဟု အလိုင်ဟိဝစလ္လမ် ) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟု အလိုင်ဟိဝစလ္လမ် ) မိန့်ကြားတော်မူသည်-

Available in 53 languages
«အဗ္ဗားစ် ဗင်န် အဗ်ဒုလ်မုသ်သွလိဗ် ( ရဿွိယလ္လာဟုအန်ဟု ) ကဆင့်ပြန်ခဲ့သည်။ ၎င်းသည် တမန်တော်မြတ် (ဆွလ္လလ္လာဟု အလိုင်ဟိဝစလ္လမ် ) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟု အလိုင်ဟိဝစလ္လမ် ) မိန့်ကြားတော်မူသည်- အလ္လာဟ်အရှင်မြတ်ကို ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အဖြစ် လည်းကောင်း၊ အစ္စလာမ်ကို သာသနာအဖြစ် လည်းကောင်း၊မုဟမ္မဒ်ကို ရစူလ် စေတမန်အဖြစ် လည်းကောင်း ကျေနပ်နှစ်သက်သူသည် အီမာန်ယုံကြည်ခြင်း၏ အရသာကို မြည်းစမ်းရမည်ဖြစ်သည်။»

Meaning translation ·

Explanation

The meaning in a few plain lines

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ - မိမိ၏ အီမာန်ယုံကြည်မှုတွင် အစစ်အမှန်ယုံကြည်သူ၊ မိမိ၏စိတ်နှလုံးသည် ထိုအီမာန် ယုံကြည်မှုနှင့်ပင် နှစ်သိမ့် ကျေနပ်နေသူသည် အောက်ပါအချက်သုံးချက်ကို ကျေနပ်လက်ခံပါက သူ၏စိတ်နှလုံးထဲတွင် စိတ်ရှင်းလင်းကျယ်ပြန့်ခြင်း၊ ပျော်ရွှင်ခြင်း၊ ချိုမြိန်ခြင်းနှင့် အလ္လာဟ်အရှင်မြတ်နှင့် နီးစပ်ရသည့် အရသာကို ခံစားရလိမ့်မည်။ ၎င်းတို့မှာ- ပထမအချက် - အလ္လာဟ်အရှင်မြတ်အား မိမိ၏ အရှင်သခင်အဖြစ် ကျေနပ်နှစ်သက်လက်ခံခြင်း။ ဆိုလိုသည်မှာ- အရှင်မြတ်၏ ဖန်ဆင်းရှင်အရှင်သခင် အဖြစ်နှင့်ဆိုင်သော ဆန္ဒအရ ချမှတ်ပေးအပ်သည့် ရိက္ခာ၊ အခြေအနေအရပ်ရပ်တို့နှင့်ပတ်သတ်၍ ၎င်း၏ စိတ်နှလုံးသားသည် ကျေနပ် လက်ခံခြင်း၊ ဤကိစ္စနှင့်စပ်လျဉ်း၍ စိတ်နှလုံးသားထဲတွင် မကျေနပ်မှု သို့မဟုတ် ကန့်ကွက်စရာ တစ်စုံတစ်ရာမျှမရှိခြင်းနှင့် အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြားအရာကို အရှင်သခင်အဖြစ် ပြုလုပ်ရန် ရှာဖွေခဲ့ခြင်းမရှိခြင်းတို့ ဖြစ်သည်။ ဒုတိယအချက် - အစ္စလာမ်ကို သာသနာအဖြစ် ကျေနပ်နှစ်သက်လက်ခံခြင်း။ ဆိုလိုသည်မှာ- အစ္စလာမ်သာသနာတွင် ရှိသည့် ပညတ်ချက်များနှင့် တာဝန်ဝတ္တရားများနှင့်ပတ်သတ်၍ သူ၏စိတ်နှလုံးသားသည် ဝမ်းမြောက်ဝမ်းသာစွာ လက်ခံကျင့်သုံးခြင်းနှင့် အစ္စလာမ်မှအပ အခြားလမ်းစဉ်ကို ရှာဖွေခြင်း မပြုခြင်းတို့ ဖြစ်သည်။ တတိယအချက် - တမန်တော်မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) အား အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်အဖြစ် ကျေနပ်နှစ်သက်လက်ခံခြင်း။ ဆိုလိုသည်မှာ- တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ယူဆောင်လာသမျှအားလုံးကို သံသယ သို့မဟုတ် ဇဝေဇဝါမဖြစ်ဘဲ သူ၏စိတ်နှလုံးသားသည် ကျေနပ်ဝမ်းမြောက်စွာ လက်ခံသည်။ ထို့ပြင် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ၏ လမ်းညွှန်မှုနှင့် ကိုက်ညီသည်နည်းလမ်းမှလွဲ၍ အခြားသောနည်းလမ်းကို လိုက်နာကျင့်သုံးခြင်း မရှိပေ။

Source
رواه مسلم
Download image

Saved at original quality