Hadith for the World
Tap the image to view it full size
ထွတ်မြတ်မှုများနှင့် အာဒါဗ်စည်းကမ်းများ။

အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု) ကဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။

Available in 37 languages
«အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု) ကဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ “အသက်အရွယ်ကြီးရင့်သွားသူ၏ နှလုံးသားသည် အရာနှစ်ခုတွင် နုပျိုနေတတ်၏- လောကီကို တပ်မက်ခြင်းနှင့် မျှော်လင့်ချက် ရှည်လျားခြင်းတို့၌ ဖြစ်သည်။”»

Meaning translation ·

Explanation

The meaning in a few plain lines

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်— အသက်အရွယ်ကြီးရင့်လာသူသည် ၎င်း၏ကိုယ်ခန္ဓာမှာ အားနည်းသွားသော်လည်း သူ၏စိတ်နှလုံးမှာမူ အရာနှစ်ခုကို နှစ်သက်ရာ၌ နုပျိုနေတတ်၏။ ပထမ - စည်းစိမ်ဥစ္စာ ပေါများခြင်းအားဖြင့် လောကီဘဝကို ချစ်မြတ်နိုးခြင်း။ ဒုတိယ - သက်တမ်းရှည်လျားခြင်း၊ အသက်ရှည်ခြင်း၊ ရှင်သန်နေထိုင်ခြင်းနှင့် မျှော်လင့်ချက် ရှည်လျားခြင်းတို့ကို ချစ်မြတ်နိုးခြင်း။

Source
رواه البخاري
Download image

Saved at original quality