အကီဒဟ် ယုံကြည်ချက်။
အဗူစအီးဒ်ခုဒ်ရီ(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။
Available in 55 languages
«အဗူစအီးဒ်ခုဒ်ရီ(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ အလ္လာဟ်အရှင်မြတ်သည် ဂျန္နသ်သုခဘုံသားများအား မိန့်ကြားတော်မူမည်။ “အို− သုခဘုံသားတို့။ ထိုအခါ သူတို့က “အို- ကျွန်တော်မျိုးတိုအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ ကျွန်တော်မျိုးတို နာခံဖို့ အသင့်ရှိနေကြပါသည်”ဟု လျှောက်ထားဖြေကြားကြလိမ့်မည်။ ထိုအခါ အရှင်မြတ်က မိန့်ကြားတော်မူမည်။ “အသင်တို့ ကျေနပ်သွားပြီလော။” သူတို့က ဖြေကြမည်မှာ - “ကျွန်တော်မျိုးတို့အဘယ့်ကြောင့်မကျေနပ်ရမည်နည်း။ အရှင်မြတ်သည် မည်သူ့ကိုမျှချီးမြှင့်မထားသော ဆုလာဘ်များအား ကျွန်တော်မျိုးအား ချီးမြှင့်ခဲ့ပြီးဖြစ်သည်။ ထိုအခါ အရှင်မြတ်က မိန့်ကြားတော်မူမည်မှာ ငါအရှင်မြတ်သည် ဤသည်ထက်ပို၍ကောင်းသောအရာကို အသင်တို့ကိုချီးမြှင့်တော်မူပေမည်။ သူတို့က လျှောက်ထားမေးမြန်းကြလိမ့်မည်။ ဤသည်ထက်ပို၍ကောင်းသောဆုလာဘ်မှာ အဘယ်အရာနည်း။ ထိုအခါအရှင်မြတ်မိန့်တော်မူမည်။ အသင်တို့ကို ငါအရှင်အမြဲကျေနပ်သွားပြီဖြစ်ရာ ဤနောက်ပိုင်းတွင် အသင်တို့အားမည်သည့်အခါမျှ အမျက်တော်ရှမည်မဟုတ်ပေ။»Meaning translation ·
Saved at original quality








