Hadith for the World
Tap the image to view it full size
ထွတ်မြတ်မှုများနှင့် အာဒါဗ်စည်းကမ်းများ။

ဟိရှာမ် ဗင်န် ဟကီးမ် ဗင်န် ဟိဇာမ် (ရဿွိယလ္လာဟုအန်ဟုမာ) ထံမှ ဆင့်ပြန်လာရှိသည်။ သူသည် ရှာမ်(ဆီးရီးယား)ဒေသရှိ အန်ဘာတ်လူမျိုး (အာရပ်မဟုတ်သူများ) အချို့ရဲ့အနားမှ ဖြတ်သွားခဲ့သည်။ ထိုသူများသည် နေပူထဲတွင် ရပ်ခိုင်းခြင်းခံထားရသည်။ သူက "သူတို့ ဘာဖြစ်နေတာလဲ" ဟု မေးမြန်းခဲ့သည်။ လူတို့က "သူတို့သည် ဂျိဇ်ယဟ်(အခွန်ကြေး ) မပေးဆောင်သည့်အတွက် ဖမ်းဆီးဒဏ်‌ပေးခံထားရခြင်းဖြစ်သည်" ဟု ပြောခဲ့ကြသည်။ ထိုအခါ ဟိရှာမ်က "ကျွန်ုပ် သက်သေထူ၍‌ ပြောပါမည်။ ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားသည်ကို ကြားခဲ့ရသည်။

Available in 40 languages
«ဟိရှာမ် ဗင်န် ဟကီးမ် ဗင်န် ဟိဇာမ် (ရဿွိယလ္လာဟုအန်ဟုမာ) ထံမှ ဆင့်ပြန်လာရှိသည်။ သူသည် ရှာမ်(ဆီးရီးယား)ဒေသရှိ အန်ဘာတ်လူမျိုး (အာရပ်မဟုတ်သူများ) အချို့ရဲ့အနားမှ ဖြတ်သွားခဲ့သည်။ ထိုသူများသည် နေပူထဲတွင် ရပ်ခိုင်းခြင်းခံထားရသည်။ သူက "သူတို့ ဘာဖြစ်နေတာလဲ" ဟု မေးမြန်းခဲ့သည်။ လူတို့က "သူတို့သည် ဂျိဇ်ယဟ်(အခွန်ကြေး ) မပေးဆောင်သည့်အတွက် ဖမ်းဆီးဒဏ်‌ပေးခံထားရခြင်းဖြစ်သည်" ဟု ပြောခဲ့ကြသည်။ ထိုအခါ ဟိရှာမ်က "ကျွန်ုပ် သက်သေထူ၍‌ ပြောပါမည်။ ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားသည်ကို ကြားခဲ့ရသည်။ "ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် ဤလောကီဘဝတွင် လူတို့အား ညှဉ်းပန်းနှိပ်စက်သူများကို (နောင်တမလွန်ဘဝ၌) ညင်းပန်းနှိပ်စက်ပြစ်ဒဏ်ပေးမည် ဖြစ်သည်။"»

Meaning translation ·

Explanation

The meaning in a few plain lines

ဟိရှာမ်ဗင်န်ဟကီးမ်ဗင်န်ဟိဇာမ် (ရဿွိယလ္လာဟုအန်ဟုမာ) ထံမှ ဆင့်ပြန်လာရှိသည်။ သူသည် ရှာမ်(ဆီးရီးယား) ဒေသရှိ အာရပ်မဟုတ်‌သောတောင်သူလယ်သမားအချို့ရဲ့အနားမှ ဖြတ်သွားခဲ့သည်။ ထိုသူများသည် နေပူထဲတွင် ရပ်ခိုင်းခြင်းခံထားရသည်။ ထိုအခါသူက ၎င်းတို့ရဲ့အ‌ခြေအနေနှင့်ပတ်သတ်၍ မေးမြန်းခဲ့သည်။ ထိုအခါ သူ့အား ၎င်းတို့သည် တတ်စွမ်းနိုင်ပါလျက် ဂျိဇ်ယဟ်( အခွန်ကြေး ) မပေးဆောင်ခြင်းကြောင့် ထိုသို့ပြုမူခြင်းခံရကြောင်း အသိပေးခဲ့သည်။ ထိုအခါ ဟိရှာမ်က "ကျွန်ုပ် သက်သေထူ၍‌ ပြောပါမည်။ ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားသည်ကို ကြားခဲ့ရသည်။ ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် ဤလောကီဘဝတွင် လူတို့အား မတရားသဖြင့် ညှဉ်းပန်းနှိပ်စက်သူများကို (နောင်တမလွန်ဘဝ၌) ညှင်းပန်းနှိပ်စက်ပြစ်ဒဏ်ပေးမည် ဖြစ်သည်။

Source
رواه مسلم
Download image

Saved at original quality