Hadith for the World
ထွတ်မြတ်မှုများနှင့် အာဒါဗ်စည်းကမ်းများ။

ကိုယ်ကျင့်တရားဆိုင်ရာ ဖိကဟ်။

56 hadiths

56 hadiths

အိဗ်နုအုမရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ “အလ္လာဟ်အရှင်မြတ်သည် ရှေးဦးလူသားများနှင့်နောက်ဆုံးလူသားများအားလုံးကို ကိယာမသ်နေ့တွင် စုရုံးတော်မူသောအခါ၊ သစ္စာဖောက်သူတိုင်းအတွက် အလံတစ်ခုကို စိုက်ထူထားခြင်းခံရမည်။ ထို့နောက် ‘ဤသည် မည်သူမည်ဝါ၏သား မည်သူမည်ဝါ၏ သစ္စာဖောက်မှုဖြစ်သည်’ဟု ကြွေးကြော်ခြင်းခံရမည်။”متفق عليه
အဗူဗက်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ငါကိုယ်တော်သည် အသင်တို့အား အကြီးလေးဆုံး အပြစ်အကုသိုလ်ကြီးများနှင့် ပတ်သက်ပြီး သတင်းမပေးရဘူးလားဟု သုံးကြိမ်တိုင်တိုင် မေးမြန်းတော်မူခဲ့သည်။ ကျွန်တော်တို့က အို -အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်၊ အမှန်ပင် ပြောပြတော်မူပါဟု လျှောက်ထားခဲ့ကြသည်။ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ အလ္လာဟ်အရှင်မြတ်နှင့် တစ်စုံတစ်ရာအား ယှဉ်တွဲကိုးကွယ်ခြင်း၊ မိဘနှစ်ပါး၏ အမိန့်ကို ဖီဆန်ခြင်းဖြစ်သည်။ ထိုသို့ဖြေကြားပြီးနောက် ကိုယ်တော်သည် မှီလျက်ရှိနေရာမှ ထိုင်တော်မူ၍ မိန့်ကြားသည်မှာ ကောင်းစွာသတိပြုကြပါ။ မုသားစကားပြောဆိုခြင်းဖြစ်သည်။ ကိုယ်တော်သည် ထိုစကားကို ထပ်ခါထပ်ခါ မိန့်ကြားတော်မူနေရာ တိတ်ဆိတ်သွားလျှင် ကောင်းမှာပဲဟု ကျွန်တော်တို့(စိတ်ထဲ၌) ကိုယ်တော့်အား (ကြင်နာ၍) ပြောဆိုမိကြသည်အထိ ဖြစ်ခဲ့သည်။متفق عليه
မိက်ဒါဒ်ဗင်န်မအ်ဒီကရိဗ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ လူတစ်ဦးသည် မိမိ၏ညီနောင်အား ချစ်ခင်ပါက ၎င်းအားချစ်ခင်ကြောင်းအသိပေးပါ။رواه أبو داود والترمذي والنسائي في الكبرى وأحمد
عن أبي موسى الأشعري رضي الله عنه قَالَ: قالَ رسول اللَّه -صَلّى اللهُ عَلَيْهِ وسَلَّم-: «إِنَّ مِنْ إِجْلاَلِ الله -تَعَالَى-: إِكْرَامَ ذِي الشَّيْبَةِ المُسْلِمِ، وَحَامِلِ القُرْآنِ غَيرِ الغَالِي فِيه، وَالجَافِي عَنْه، وَإِكْرَام ذِي السُّلْطَان المُقْسِط».رواه أبو داود
عن أبي هريرة رضي الله عنه مرفوعاً: «أتدرون من المفلس؟» قالوا: المُفْلِس فينا من لا دِرهَمَ له ولا مَتَاع، فقال: «إن المفلس من أمتي من يأتي يوم القيامة بصلاة وصيام وزكاة، ويأتي وقد شَتَمَ هذا، وقذف هذا، وأكل مال هذا، وسَفَكَ دم هذا، وضرب هذا، فيعطى هذا من حسناته، وهذا من حسناته، فإن فنيت حسناته قبل أن يُقْضَى ما عليه، أخذ من خطاياهم فَطُرِحتْ عليه، ثم طُرِحَ في النار».رواه مسلم
عن معاذ بن أنس رضي الله عنه مرفوعًا: «مَن كَظَمَ غَيظًا، وَهُو قادر على أن يُنفِذَه، دَعَاه الله سبحانه وتعالى على رؤوس الخَلاَئِق يوم القيامة حتَّى يُخَيِّره من الحُور العَين مَا شَاء».رواه أبو داود والترمذي وابن ماجه وأحمد
အဗူဟူရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ အသင်တို့သည် ပျက်စီးဆုံးရှုံးစေမည့် အပြစ်ခုနှစ်မျိုးမှရှောင်ကြဉ်ကြပါ။ သာဝကကြီးများက ထိုအပြစ်များသည် အဘယ်အရာများပါနည်းဟု မေးလျှောက်ခဲ့ကြသည်။ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ကမိန့်ကြားသည်မှာ အလ္လာဟ်အရှင်မြတ်နှင့်တစ်စုံတစ်ရာကိုယှဥ်တွဲကိုးကွယ်ခြင်း၊ စုန်းပယောဂဖြင့်ပြုစားခြင်း၊ အသက်တစ်ချောင်းအားမတရားသဖြင့်သတ်ဖြတ်ခြင်း၊ အတိုးစားခြင်း၊ အဖမဲ့ကလေး၏ပစ္စည်းဥစ္စာကိုစားခြင်း၊ စစ်မြေပြင်မှထွက်ပြေးခြင်းနှင့် (မကောင်းမှုအပေါ်)အာရုံမထားသော အပြစ်ကင်းစင်သည့် မုအ်မင်န်အမျိုးသမီးအား (တရားမဝင် ကာမကျူးလွန်သည်ဟု) စွပ်စွဲခြင်းတို့ဖြစ်သည်။متفق عليه
عن أبي هريرة رضي الله عنه مرفوعًا: «إِنَّ الله تَعَالى يَقُول يَوْمَ القِيَامَة: أَيْنَ المُتَحَابُّونَ بِجَلاَلِي؟ اليَوم أُظِلُّهُم فِي ظِلِّي يَوْمَ لاَ ظِلَّ إِلاَّ ظِلِّي».رواه مسلم
ဆုလိုင်မားန် ဗင်န် စွုရဒ် ( ရဿွိယလ္လာဟုအန်ဟု ) ကဆင့်ပြန်ခဲ့သည်။ ၎င်းက ပြောပြခဲ့သည်မှာ - ကျွန်ုပ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) နှင့်အတူထိုင်နေစဉ် လူနှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး ဆဲရေးတိုင်းထွာနေကြသည်။ ထိုသူတို့အနက် တစ်ဦး၏မျက်နှာသည် (အမျက်ဒေါသကြောင့်) နီမြန်းလာပြီး လည်ပင်းသွေးပြန်ကြောများ ထောင်လာသည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်တော်မူသည်မှာ- "ငါကိုယ်တော်သည် စကားရပ်တစ်ခုကို သိရှိတော်မူသည်။ အကယ်၍ ထိုဒေါသထွက်နေသူသည် ထိုစကားရပ်ကို ရွတ်ဆိုလိုက်လျှင် သူကြုံတွေ့နေရ သော အမျက်ဒေါသပြေပျောက်သွားလိမ့်မည်" ဟုမိန့်တော်မူပြီး "အကယ်၍ ထိုသူသည် 'أَعُوذُ بِاللَّهِ مِنَ الشَّيْطَانِ' ကိုသာ ရွတ်ဆိုလိုက်လျှင် သူကြုံတွေ့နေရသော အမျက်ဒေါသပြေပျောက်သွားလိမ့်မည်" ဟု မိန့်တော်မူသည်။ ထိုအခါ လူများက ထိုသူအား "တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က သင့်အား 'أَعُوذُ بِاللَّهِ مِنَ الشَّيْطَانِ' ဖတ်ပါလို့ ( ရှိုင်တွာန်မှ အလ္လာဟ်အရှင်မြတ်ထံ ခိုလှုံခွင့်တောင်းပါလို့ ) မိန့်ကြားတော်မူသည်" ဟု ပြောကြသည်။ ထိုအခါ ထိုသူက "ကျွန်ုပ် ရူးသွပ်နေတယ်လို့ (ထင်နေကြသလား)" ဟုပြန်ပြောလေသည်။متفق عليه
ဂျာဗိရ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ရောင်းသည့်အခါ၊ ဝယ်သည့်အခါနှင့် မိမိ၏ ရပိုင်ခွင့်ကို တောင်းဆိုသည့်အခါ သက်ညှာထောက်ထားသူကို အလ္လာဟ်အရှင်မြတ် ကရုဏာသက်တော်မူပါစေ။رواه البخاري
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ပုဂ္ဂိုလ်တစ်ဦးသည် လူတို့အား အကြွေးပေးလေ့ရှိသည်။ ၎င်းက မိမိ၏ အခိုင်းအစေအား သင်သည် ကျပ်တည်းသူဆီသို့ အကြွေးသွားတောင်းလျှင် စောင့်ဆိုင်းပေးပြီး နူးညံ့စွာဆက်ဆံပါ။ အလ္လာဟ်အရှင်မြတ်ကလည်း ကျွန်ုပ်တို့ကို ခွင့်လွှတ်ရန် မျှော်လင့်ရသည်ဟု အမြဲပြောလေ့ရှိသည်။ သို့ဖြစ်၍ ထိုသူသည် (ကွယ်လွန်ပြီးနောက်) အလ္လာဟ်အရှင်မြတ်နှင့် တွေ့ဆုံခဲ့ရာ အရှင်မြတ်က သူ့အား ခွင့်လွှတ်တော်မူခဲ့သည်။متفق عليه
عن أبي هريرة رضي الله عنه قال: سمعت رسول الله صلى الله عليه وسلم يقول: «جَعَلَ اللهُ الرحمةَ مائة جُزْءٍ، فَأَمْسَكَ عِنْدَهُ تِسْعَةً وَتِسْعِينَ، وأَنْزَلَ في الأَرْضِ جُزْءًا وَاحِدًا، فَمِنْ ذَلِكَ الجُزْءِ يَتَرَاحَمُ الخَلَائِقُ، حتى تَرْفَعَ الدَّابَّةُ حَافِرَهَا عَنْ وَلَدِهَا خَشْيَةَ أَنْ تُصِيبَهُ». وفي رواية «إِنَّ للهِ تعالى مئةُ رحمةٍ، أَنْزَلَ منها رحمةً واحدةً بَيْنَ الجِنِّ والإنسِ والبَهَائِمِ والهَوَامِّ، فَبِهَا يَتَعَاطَفُونَ، وبها يَتَرَاحَمُونَ، وبِهَا تَعْطِفُ الوَحْشُ على وَلَدِهَا، وأَخَّرَ اللهُ تعالى تِسْعًا وتِسْعِينَ رحمةً يَرْحَمُ بِهَا عِبَادَهُ يومَ القِيَامَةِ». وعن سلمان الفارسي رضي الله عنه قال: قال رسول الله صلى الله عليه وسلم : «إِنَّ للهِ تعالى مئةُ رحمةٍ فمنها رحمةٌ يَتَرَاحَمُ بها الخَلْقُ بَيْنَهُمْ، وتِسْعٌ وتِسْعُونَ لِيَومِ القِيَامَةِ». وفي رواية: «إِنَّ اللهَ تَعَالَى خَلَقَ يَوْمَ خَلَقَ السَّمَاوَاتِ والأَرْضَ مئةَ رحمةٍ كُلُّ رحمةٍ طِبَاقَ مَا بَيْنَ السَّمَاءِ إلى الأَرْضِ، فَجَعَلَ منها في الأَرْضِ رَحْمَةً فبها تَعْطِفُ الوَالِدَةُ على وَلَدِهَا، والوَحْشُ والطَّيْرُ بَعْضُهَا عَلَى بَعْضٍ، فإذا كانَ يومُ القيامةِ أَكْمَلَهَا بِهَذِه الرحمةِ».حديث أبي هريرة -رضي الله عنه-: متفق عليه. حديث سلمان -رضي الله عنه-: رواه مسلم
အဗူဇရ်ဂျွန်ဒွဗ် ဗင်န် ဂျုနာဒဟ်နှင့် အဗူအဗ်ဒွရ်ရဟ်မားန် မုအားဇ် ဗင်န် ဂျဗလ် ( ရဿွိယလ္လာဟု အန်ဟုမာ )က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် ( ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ် ) မိနိ့ကြားတော်မူခဲ့သည်။ အသင် မည်သည့်အရပ်ဒေသ၌ ရှိသည်ဖြစ်စေ၊ အလ္လာဟ်အရှင်မြတ်အား ကြောက်ပါ။ မကောင်းမှုကျူးလွန်မိပါက တစ်ဆက်တည်း (ထိုအပြစ်ကို)ပယ်ဖျက်ပေးမည့် ကောင်းမှုကုသိုလ်ကို ပြုလုပ်ပါ။ လူတို့အား ကောင်းမွန်သောကိုယ်ကျင့်တရားဖြင့် ပြုမူဆက်ဆံပါ။رواه الترمذي
عَنِ النَّوَّاسِ بْنِ سِمْعَانَ الْأَنْصَارِيِّ رضي الله عنه قَالَ: سَأَلْتُ رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ عَنِ الْبِرِّ وَالْإِثْمِ، فَقَالَ: «الْبِرُّ حُسْنُ الْخُلُقِ، وَالْإِثْمُ مَا حَاكَ فِي صَدْرِكَ، وَكَرِهْتَ أَنْ يَطَّلِعَ عَلَيْهِ النَّاسُ».رواه مسلم
عَنْ أَبِي هُرَيْرَةَ رضي الله عنه قَالَ: قَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: «لَا تَحَاسَدُوا، وَلَا تَنَاجَشُوا، وَلَا تَبَاغَضُوا، وَلَا تَدَابَرُوا، وَلَا يَبِعْ بَعْضُكُمْ عَلَى بَيْعِ بَعْضٍ، وَكُونُوا عِبَادَ اللهِ إِخْوَانًا الْمُسْلِمُ أَخُو الْمُسْلِمِ، لَا يَظْلِمُهُ وَلَا يَخْذُلُهُ، وَلَا يَحْقِرُهُ التَّقْوَى هَاهُنَا» وَيُشِيرُ إِلَى صَدْرِهِ ثَلَاثَ مَرَّاتٍ «بِحَسْبِ امْرِئٍ مِنَ الشَّرِّ أَنْ يَحْقِرَ أَخَاهُ الْمُسْلِمَ، كُلُّ الْمُسْلِمِ عَلَى الْمُسْلِمِ حَرَامٌ، دَمُهُ، وَمَالُهُ، وَعِرْضُهُ».رواه مسلم
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု) က ဆင့်ပြန်ခဲ့သည်။ ပုဂ္ဂိုလ်တစ်ဦးက တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား ကျွန်တော်မျိုးအား ဆုံးမတော်မူပါဟု လျှောက်ထားခဲ့သည်။ ကိုယ်တော်က « အသင်ဒေါသမထားနှင့်ဟု» မိန့်တော်မူသည်။ ထိုပုဂ္ဂိုလ်က အကြိမ်ကြိမ်လျှောက်ထားခဲ့ရာ ကိုယ်တော်က (အကြိမ်တိုင်းတွင်) «အသင်ဒေါသမထားနှင့်ဟု» မိန့်တော်မူခဲ့သည်။رواه البخاري
عن أبي هريرة رضي الله عنه أن النبي صلى الله عليه وسلم قال: «لا يُلْدَغُ المؤمنُ من جُحْرٍ واحد مرتين».متفق عليه
ဂျရီးရ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်မှာ နူးညံ့သိမ်မွေ့မှုမရှိသူသည် ကောင်းခြင်းဟူသ၍တို့မှလက်မဲ့ဖြစ်သွားပေသည်။رواه مسلم
عن أنس رضي الله عنه قَالَ: كُنْتُ أمشي مَعَ رسول الله صلى الله عليه وسلم وَعَلَيْهِ بُرْد نَجْرَانيٌّ غَلِيظُ الحَاشِيَةِ، فأدْرَكَهُ أعْرَابِي فَجَبذَهُ بِرِدَائِهِ جَبْذَة شَديدة، فَنَظَرْتُ إِلَى صَفْحَةِ عَاتِقِ النَّبيِّ صلى الله عليه وسلم وَقَدْ أثَّرَتْ بِهَا حَاشِيَة الرِّدَاءِ مِنْ شِدَّةِ جَبْذَتِه، ثُمَّ قَالَ: يَا مُحَمَّدُ، مُر لِي مِنْ مَالِ اللهِ الَّذِي عِنْدَكَ. فَالتَفَتَ إِلَيْهِ، فَضَحِكَ ثُمَّ أَمَرَ لَهُ بِعَطَاءٍ.متفق عليه
အနတ်စ်ဗင်န်မာလိက် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ လူသားတို့သည် ဥစ္စာပစ္စည်းနှင့်ပြည့်နှက်နေသော ချိုင့်ဝှမ်းနှစ်ခုကို ပိုင်ဆိုင်ခဲ့လျှင်လည်း တတိယချိုင့်ဝှမ်းတစ်ခုကို ထပ်မံတောင့်တပေလိမ့်မည်။ လူသား၏ဝမ်းဗိုက်ကို မြေကြီးမှလွဲ၍ အဘယ်အရာကမျှ မပြည့်စေနိုင်ချေ။ အလ္လာဟ်အရှင်မြတ်သည် သောင်ဗဟ်အမှားဝန်ချတောင်းပန်သူ၏ သောင်ဗဟ်ကို လက်ခံတော်မူ၏။متفق عليه
عن ابن عمر رضي الله عنهما مرفوعا: «الظلم ظلمات يوم القيامة». عن جابر رضي الله عنهما مرفوعا: «اتقوا الظلم، فإن الظلم ظلمات يوم القيامة، واتقوا الشُّحَ؛ فإنه أَهْلَكَ من كان قبلكم».حديث ابن عمر -رضي الله عنهما-: متفق عليه. حديث جابر -رضي الله عنه-: رواه مسلم
အဗူဟူရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အသင်တို့ (မကောင်း) ထင်မြင်ခြင်းမှ ရှောင်ကြဥ်ကြကုန်။ အဘယ့်ကြောင့်ဆိုသော (မကောင်း) ထင်မြင်ခြင်းသည် အလိမ်လည်ဆုံးစကားပင်ဖြစ်သည်။ အသင်တို့သည် (တစ်ဦးတစ်ယောက်အား) အပြစ်မရှာကြနှင့်၊ စူးစမ်းထောက်လှမ်းခြင်း မပြုကြနှင့်၊ တစ်ဦးကိုတစ်ဦး မနာလိုမဖြစ်ကြနှင့်၊ တစ်ဦးကိုတစ်ဦး ကျောမခိုင်းကြနှင့်၊ တစ်ဦးကိုတစ်ဦး မမုန်းတီးကြနှင့်၊ အို အလ္လာဟ်အရှင်မြတ်၏ ကျွန်အပေါင်းတို့ အသင်တို့ညီနောင်များဖြစ်ကြပါ။متفق عليه
အဗ်ဒုလ္လာဟ်ဗင်န် မတ်စ်အူးဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မွတ်စ်လင်မ်တစ်ဦးအား ဆဲရေး တိုင်းထွာခြင်းသည် အမိန့်ဖီဆန်ခြင်း ဖြစ်ပြီး၊ ၎င်းအား တိုက်ခိုက်သတ်ဖြတ်ခြင်းသည် ကုဖ်ရ် သွေဖည်ခြင်းဖြစ်သည်။متفق عليه
အဗူဇရ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ကျွန်တော့်အား မိန့်ကြားတော်မူခဲ့သည်။ သင်၏ညီနောင်အား ပြုံးရွှင်ချိုသာသော မျက်နှာဖြင့် တွေ့ဆုံလိုက်ခြင်းပင်ဖြစ်စေ မည်သည့်ကောင်းမှုကိုမျှ သင်အထင်မသေးလေနှင့်။رواه مسلم