Hadith for the World
အကီဒဟ် ယုံကြည်ချက်။

သတ်က်ဒီးရ် သတ်မှတ်ချက်နှင့်ဆုံးဖြတ်ချက်အပေါ် အီမာန်သက်ဝင်ယုံကြည်ခြင်း။

8 hadiths

8 hadiths

အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ "မုအ်မင်န် အမျိုးသား၊ အမျိုးသမီးသည် မိမိတို့၏ အသက်၊ သားသမီးနှင့် ဥစ္စာပစ္စည်းများတွင် အခက်အခဲဒုက္ခစမ်းသပ်မှုများကို အမြဲတစေ ကြုံတွေ့နေရမည်ဖြစ်သည်။ နောက်ဆုံးတွင် သူသည် အလ္လာဟ်အရှင်မြတ်ထံ အပြစ်မရှိတော့သည့် အခြေအနေဖြင့် လာရောက်တွေ့ဆုံရလေသည်။"رواه الترمذي وأحمد
အိဗ်နုအဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟုမာ) က ဆင့်ပြန်ခဲ့သည်။ ၎င်းက( မိမိရဲ့တပည့် ) အသွာအ် ဗင်န် အဗီရဘာဟ်ကို ကျွန်ုပ် အသင့်အား ဂျန္နသီများအနက်မှ အမျိုးသမီးတစ်ဦးကို မပြရဘူးလားဟု မေးရာ၊ ၎င်း(အသွာအ် ဗင်န် အဗီရဘာဟ်)က အဘယ် ကြောင့်မပြရမည်နည်း၊ ပြပါဟု ဖြေကြားခဲ့၏။ ထိုအခါ ၎င်း(အိဗ်နေ အဗ္ဗားစ်) က ပြောကြားသည်မှာ- ဒီအသားမည်းတယ့် အမျိုးသမီးက တမန်တော်မြတ် ( ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ် )ထံသို့ လာရောက်ပြီး ဤသို့ လျှောက်ထားတယ်။ ကျွန်မဟာ တက်( ဝက်ရူးပြန် )တယ့် ရောဂါကြောင့် လဲကျသွားရင် ကျွန်မရဲ့ (အရှက်အင်္ဂါအစိတ်အပိုင်းများ) ပေါ်သွားပါတယ်။ ထို့ကြောင့် ကိုယ်တော့်အနေနဲ့ အလ္လာဟ်အရှင်မြတ်ထံတော်ပါးမှာ ကျွန်မအတွက် ( ထိုရောဂါမှ ပျောက်ကင်းစေဖို့ ) ဒုအာပြလုပ်ပေးတော်မူပါ။တမန်တော်မြတ် ( ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ် )က မိန့်တော်မူသည်မှာ - အကယ်၍ အသင်မ ( ဤရောဂါခံစားရမှုအပေါ်မှာ ) သည်းခံဖို့ ဆန္ဒရှိတယ်ဆိုရင် အသင်မအဖို့ ( အာခိရသ်မှာ )ဂျန္နသ် ရရှိမှာဖြစ်တယ်။ အကယ်၍ အသင်မ ဆန္ဒရှိတယ်ဆိုရင် ငါကိုယ်တော် အသင်မအတွက် အလ္လာဟ်အရှင်မြတ်ထံ တော်ပါးမှာ ( အရှင်မြတ်က အသင်မရဲ့ရောဂါကို ) ပျောက်ကင်းမှုပေးဖို့ ဒုအာပြုပေးတော်မူမယ်။ထိုအခါ သူမက ကျွန်မသည်းခံပါမယ်။ ဒါပေမယ့် ( ထိုရောဂါခံစားရတယ့်အခါမှာ ) ကျွန်မရဲ့ (အရှက်အင်္ဂါအစိတ်အပိုင်းများ) ပေါ်သွားပါတယ်။ ကျွန်မရဲ့ (အရှက်အင်္ဂါအစိတ်အပိုင်းများကိုသာ) မပေါ်အောင် ကိုယ်တော် အလ္လာဟ်အရှင်မြတ်ထံ ဒုအာပြုပေးတော်မူပါဟု လျှောက်ထားရာ၊ တမန်တော်မြတ် ( ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ် )က သူမအတွက် ဒုအာပြုပေးတော်မူခဲ့တယ်။متفق عليه
အနတ်စ်ဗင်န်မာလိက် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ကြီးမားလှသည့် ဒုက္ခစမ်းသပ်မှုနဲ့အတူ ကြီးကျယ်လှသည့် အကျိုးကုသိုလ်လည်း ရှိသည်။ ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် လူအုပ်စုတစ်စုအား ချစ်မြတ်နိုးတော်မူလျှင် ၎င်းတို့အား စမ်းသပ်တော်မူသည်။ အကြင်သူသည် ဤစမ်းသပ်မှုအပေါ် ကျေနပ်လျှင် ၎င်းသည် အလ္လာဟ်အရှင်မြတ်၏ ကျေနပ်နှစ်သက်မှုကို ရရှိမည်။ အကြင်သူသည် ဤစမ်းသပ်မှုအပေါ် ကျေနပ်မှုမရှိလျှင် ၎င်းသည် အလ္လာဟ်အရှင်မြတ်၏ အမျက်တော်ကိုသာရရှိမည်။အိဗ်နုမာဂျဟ်ကျမ်း။ - သိရ်မိဇီကျမ်း။
အိဗ်နုအဗ္ဗာစ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တစ်နေ့ ကျွန်တော်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ နောက်တွင် လိုက်ပါစီးနင်းခဲ့သည်။ ထိုအခါ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ « အို - ကောင်လေး ငါကိုယ်တော် သင့်အား အချို့သောစကားရပ်များကို သင်ကြားပေးတော်မူမည်။ သင်အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို(လိုက်နာပြီး) ထိန်းသိမ်းပါလေ။ အရှင်မြတ်သည် သင့်အား ထိန်းသိမ်းစောင့်ရှောက်တော်မူမည်။ အလ္လာဟ်အရှင်မြတ်၏အမိန့်တော်များကို(လိုက်နာပြီး) ထိန်းသိမ်းပါလေ။ အလ္လာဟ်အရှင်မြတ်သည် သင့်အရှေ့မှ ကူညီတော်မူလိမ့်မည်။ သင်တောင်းခံမည်ဆိုပါက အလ္လာဟ်အရှင်မြတ်ထံတော်တွင်သာ တောင်းခံပါ။ သင်အကူအညီတောင်းမည် ဆိုပါကလည်း အလ္လာဟ်အရှင်မြတ်ထံတော်တွင်သာ အကူအညီတောင်းခံပါ။ အသင်ကောင်းစွာ မှတ်သားပါလေ။ အကယ်၍ လူသားထုတစ်ရပ်လုံးက သင့်အား တစ်စုံတစ်ရာ အကျိုးပြုရန် စုရုံးခဲ့ကြလျှင်လည်း အလ္လာဟ်အရှင်မြတ်က သင့်အတွက် သတ်မှတ်ထားသောအရာမှအပ အခြားမည်သည့်အကျိုးကိုမျှ ပြုနိုင်ကြမည် မဟုတ်ပေ။ အကယ်၍ လူသားထုတစ်ရပ်လုံး သင့်အား တစ်စုံတစ်ရာ ဆိုးကျိုးပြုရန် စုရုံးခဲ့ကြလျှင်လည်း အလ္လာဟ်အရှင်မြတ်က သင့်အတွက် သတ်မှတ်ထားသောအရာမှအပ အခြားမည်သည့်ဆိုးကျိုးကိုမျှ ပေးနိုင်ကြမည် မဟုတ်ပေ။ (သက္ကဒီရ်အား ရေးမှတ်သည့်) ကလောင်တံများလည်း မယူခြင်းခံလိုက်ရပြီး (ရေးမှတ်ထားသည့်) မှတ်တမ်းများလည်း ခြောက်သွေ့သွားပြီဖြစ်သည်။رواه الترمذي
အဗူဟူရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ “အားကောင်းသည့် မုအ်မင်န်သည် အားအင်ချည့်နဲ့သည့် မုအ်မင်န်ထက် အလ္လာဟ်အရှင်မြတ်ထံတော်တွင် ပို၍ကောင်းမြတ်ပြီး ပို၍နှစ်သက်ခြင်းခံရသည်။ မုအ်မင်န်တိုင်းတွင် ကောင်းခြင်းရှိသည်။ အသင့်အားအကျိုးပြုမည့်အရာကို လိုလားပါ။ အလ္လာဟ်အရှင်မြတ်ထံတော်တွင် အကူအညီတောင်းခံပါ။ မတတ်စွမ်းနိုင်သူ မဖြစ်လေနှင့်။ အကယ်၍ သင့်ထံ တစ်စုံတစ်ရာ ဆိုက်ရောက်လာပါက အကယ်၍ ငါသာ ဒီလိုလုပ်ခဲ့ရင် ဒီလို ဒီလို ဖြစ်ခဲ့မည်ဟူ၍ မပြောဆိုလေနှင့်။ သို့သော် အလ္လာဟ်အရှင်မြတ် သတ်မှတ်စီရင်တော်မူခဲ့ပြီးဖြစ်သည်။ အရှင်မြတ်သည် မိမိအလိုရှိသည်ကို ပြုလုပ်တော်မူခဲ့သည်ဟုသာ ပြောဆိုပါ။ အဘယ်ကြောင့်ဆိုသော် (အကယ်၍)ဟူသော စကားလုံးသည် ရှိုင်သွာန်၏ လုပ်ရပ်ကို ဖွင့်ပေးလိုက်သော‌ကြောင့်ဖြစ်သည်။"رواه مسلم
عن أبي عزة الهذلي رضي الله عنه قال قال رسول الله صلى الله وسلم: «إذا أراد اللهُ قَبْضَ عبد بأرض جعلَ له بها حاجة».رواه الترمذي وأحمد وأبو داود الطيالسي
အဗ်ဒုလ္လာဟ်ဗင်န် အမ်ရ် ဗင်န်အာဆ်ွ (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားခဲ့သည်။ အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များနှင့် မြေပထဝီအား မဖန်ဆင်းမီအလျင်နှစ်ပေါင်းငါးသောင်းကပင် အဖန်ဆင်းခံများ၏သက္ကဒီရ်သတ်မှတ်ချက်များကို ရေးဆွဲတော်မူခဲ့သည်။ ကိုယ်တော်က မိန့်တော်မူသည်မှာ- အရှင်မြတ်၏(အရ်ရှ်)ပလ္လင်တော်သည် ရေပေါ်၌ရှိတော်မူ၏။رواه مسلم
عَنْ أَنَسِ بْنِ مَالِكٍ رَضِيَ اللَّهُ عَنْهُ قَالَ: سَمِعْتُ النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ يَقُولُ: «إِنَّ اللَّهَ قَالَ: إِذَا ابْتَلَيْتُ عَبْدِي بِحَبِيبَتَيْهِ فَصَبَرَ، عَوَّضْتُهُ مِنْهُمَا الجَنَّةَ» يُرِيدُ: عَيْنَيْهِ.رواه البخاري