Hadith for the World
Tap the image to view it full size
ကျမ်းတော်မြတ်ကုရ်အာန်နှင့် ၎င်း၏ ပညာရပ်များ။

အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။

Available in 42 languages
«အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "ကျမ်းမြတ်ကုရ်အာန်ကို ကျွမ်းကျင်စွာရွတ်ဖတ်သူသည် ဂုဏ်ရှိ‌ပြီးမြင့် မြတ်‌သော ၊ မှတ်တမ်းတင်ရေးမှတ်သော ကောင်းကင်တမန်တော်များနှင့် အတူရှိမည်။ ကျမ်းမြတ်ကုရ်အာန်သည် ၎င်းအပေါ်၌ ခက်ခဲပါလျက်နှင့် ယင်းကျမ်းမြတ်ကုရ်အာန်ကို ထစ်ထစ်ငေါ့ငေါ့ ရွတ်ဖတ်သူအတွက်မူ အကျိုးဆုလဒ်နှစ်ခုရှိပေသည်။"»

Meaning translation ·

Explanation

The meaning in a few plain lines

တမန်တော်မြတ် (ဆွလ္လလ္လာအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်− ကျမ်းမြတ်ကုရ်အာန်ကို ရွတ်ဖတ်သူ၊ ယင်းအား ကောင်းစွာကျက်မှတ်ထားသူ၊ခိုင်ခိုင်မာမာ အလွတ်ရထားသူ၊ ကျွမ်းကျင်စွာ ရွတ်ဖတ်တတ်သူသည် အာခိရသ်နောင်မလွန်တွင် ၎င်း၏အဆင့်အတန်းမှာ ဂုဏ်ရှိ‌ပြီးမြင့်မြတ်‌သော ၊ မှတ်တမ်းတင်ရေးမှတ်သော ကောင်းကင်တမန်တော်များနှင့်အတူရှိမည့် အကျိုးကို ရရှိမည်။ ကုရ်အာန်ကျမ်းမြတ်ကို ဖတ်ရွတ်သူဖြစ်သော်လည်း ကျက်မှတ်နိုင်မှု အားနည်း၍ ထစ်ထစ်ငေါ့ငေါ့၊ တုံ့တုံ့ဆိုင်းဆိုင်းခက်ခဲစွာ ရွတ်ဖတ်ရသော်လည်း၊ ယင်းကို အမြဲရွတ်ဖတ်လေ့ရှိပြီး၊ မိမိအပေါ် ဒုက္ခအခက်ခဲရှိသော်လည်း စိတ်ရှည်သည်းခံကာ ဖတ်ရွတ်သူအတွက်မူ အကျိုးဆုလဒ်နှစ်ဆ ရှိမည်။ (ပထမအကျိုးဆုလဒ်မှာ) ကုရ်အာန်ဖတ်ရွတ်ခြင်း၏အကျိုးဖြစ်ပြီး (ဒုတိယအကျိုးဆုလဒ်မှာ) ခက်ခဲပင်ပန်းမှုနှင့် တုံ့ဆိုင်းစွာ ဖတ်ရွတ်ခြင်း၏အကျိုးဖြစ်သည်။

Source
متفق عليه
Download image

Saved at original quality