ကျမ်းတော်မြတ်ကုရ်အာန်နှင့် ၎င်း၏ ပညာရပ်များ။
အဗူအိုမာမဟ်အလ်ဗာဟိလီ(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကျွန်ုပ်ကြားသိခဲ့သည်။
Available in 38 languages
«အဗူအိုမာမဟ်အလ်ဗာဟိလီ(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကျွန်ုပ်ကြားသိခဲ့သည်။ ကုရ်အာန်ကျမ်းမြတ်ကို ဖတ်ရွတ်ကြလော့။ ဧကန်မလွဲ ယင်းကုရ်အာန်သည် ကိယာမတ်နေ့တွင် ၎င်းကို ဖတ်ရွတ်သူများအတွက် ကြားဝင်အသနားခံသူအဖြစ် ရောက်ရှိလာမည်။ အတ်ဇ်ဇဟ်ရာဝိုင်းန် (အလင်းရောင်နှစ်ခု)ဟုခေါ်သည့် စူရဟ်ဗကရဟ်နှင့် စူရဟ်အာလိအင်မ်ရားန် ကို ဖတ်ရွတ်ကြလော့။ ဧကန်စင်စစ် ထိုစူရဟ်နှစ်ခုသည် ကိယာမတ်နေ့တွင် မိုးတိမ်နှစ်ခုကဲ့သို့လည်းကောင်း၊ သို့မဟုတ် အရိပ်အာဝါသနှစ်ခုကဲ့သို့လည်းကောင်း၊ သို့မဟုတ် အုပ်စုဖွဲ့ပျံသန်းနေသော ငှက်အုပ်စုနှစ်စုကဲ့သို့လည်းကောင်း ရောက်ရှိလာပြီး ၎င်းစူရဟ်နှစ်ခုကို ဖတ်ရွတ်သူများအား ကာကွယ်စောင့်ရှောက်ကြမည်။ ထို့ပြင် စူရဟ်ဗကရဟ်ကို ဖတ်ရွတ်ကြလော့။ အဘယ်ကြောင့်ဆိုသော် ၎င်းကို ဖတ်ရွတ်ခြင်းသည်
ဗရ်ကသ်ကောင်းခြင်းမင်္ဂလာတစ်ပါးဖြစ်၍ ၎င်းကို စွန့်လွှတ်ထားခြင်းသည် နောင်တရဖွယ်ဖြစ်ပြီး မှော်ပယောဂဆရာတို့သည် ၎င်းကို (ဖတ်ရွတ်သူအား) မည်သည့်အခါမျှ (အန္တရာယ်ပြုရန်)မစွမ်းဆောင်နိုင်ကြပေ။"»Meaning translation ·
Saved at original quality








