Hadith for the World
Tap the image to view it full size
ကျမ်းတော်မြတ်ကုရ်အာန်နှင့် ၎င်း၏ ပညာရပ်များ။

အုဗိုင်းယ္ယုဗ်နုကအ်ဗ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။

Available in 70 languages
«အုဗိုင်းယ္ယုဗ်နုကအ်ဗ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အို-အဗုလ်မွန်ဇိရ် အသင့်၌ရှိသော အလ္လာဟ်အရှင်မြတ်၏ ကျမ်းတော်တွင် မည်သည့်အာယသ်တော်သည် အကြီးမြတ်ဆုံးဖြစ်သည်ကို အသင်သိပါသလား။ ကျွန်တော်က အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ရစူလ်တမန်တော်သာ အသိဆုံးဖြစ်ပါသည်ဟု ဖြေကြားခဲ့သည်။ တဖန်ကိုယ်တော်က အို-အဗုလ်မွန်ဇိရ် အသင့်၌ရှိသော အလ္လာဟ်အရှင်မြတ်၏ကျမ်းတော်တွင် မည်သည့်အာယသ်တော်သည် အကြီးမြတ်ဆုံးဖြစ်သည်ကို အသင်သိပါသလားဟု မေးတော်မူသည်။ ကျွန်တော်က (ٱللَّهُ لَآ إِلَٰهَ إِلَّا هُوَ ٱلْحَىُّ ٱلْقَيُّومُ) (စူရဟ် ဗကရဟ်- ၂၅၅) (အာယသုလ်ကုရ်စီ) ဖြစ်သည်ဟု ဖြေကြားခဲ့သည်။ထိုအခါ ကိုယ်တော်သည်ကျွန်ုပ်၏ရင်ဘတ်ကိုပုတ်၍ မိန့်တော်မူသည်မှာ “အို-အဗုလ်မွန်ဇိရ် သင့်အတွက် အသင်၏အိလ်မ်အသိပညာသည် မင်္ဂလာရှိပါစေ။”»

Meaning translation ·

Explanation

The meaning in a few plain lines

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အုဗိုင်းယ္ယုဗ်နုကအ်ဗ်အား ကုရ်အာန်ကျမ်းတော်မြတ်တွင် မည်သည့်အာယသ်တော်သည် အကြီးမြတ်ဆုံးဖြစ်ကြောင်း မေးမြန်းတော်မူခဲ့သည်။ ၎င်းက အဖြေပေးရန်တုံ့ဆိုင်း‌နေခဲ့သည်။ ထို့နောက်(ٱللَّهُ لَآ إِلَٰهَ إِلَّا هُوَ ٱلْحَىُّ ٱلْقَيُّومُ) (အာယသုလ်ကုရ်စီ) ဖြစ်သည်ဟု ဖြေကြားလိုက်သည်။ ထိုအခါ ကိုယ်တော်သည် ၎င်းကိုထောက်ခံခဲ့ပြီး သူ၏အသိပညာနှင့် ဉာဏ်အ‌မြော်အမြင် ပြည့်စုံမှုကို ညွှန်ပြသည့်အနေဖြင့် သူ၏ရင်ဘတ်ကို ပုတ်တော်မူခဲ့သည်။ ထို့ပြင် ဤအသိပညာကိုအကြောင်းပြု၍ မင်္ဂလာရှိစေရန်နှင့် အကျိုးဖြစ်ထွန်းစေရန်အတွက် ဆုတောင်းပေးတော်မူခဲ့သည်။

Source
رواه مسلم
Download image

Saved at original quality