ကျမ်းတော်မြတ်ကုရ်အာန်နှင့် ၎င်း၏ ပညာရပ်များ။
အနတ်စ် ဗင်န် မာလိက်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
Available in 36 languages
«အနတ်စ် ဗင်န် မာလိက်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ "တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဟုဒိုင်ဘီယာမှ ပြန်လည်ကြွမြန်းလာတော်မူသည့်အချိန်၌ စူရဟ်ဖသဟ်၏ ဤအာယသ်တော်များ၊
{إِنَّا فَتَحْنَا لَكَ فَتْحًا مُبِينًا لِيَغْفِرَ لَكَ اللهُ} إِلَى قَوْلِهِ {فَوْزًا عَظِيمًا} [الفتح: ١-٥]
(အမှန်စင်စစ် ငါအရှင်မြတ်သည် အသင့်ကို ထင်ရှားသော အောင်မြင်မှုတစ်ခု ချီးမြှင့်တော်မူလိုက်ပြီ ဖြစ်သည်။ (ထိုသို့ အောင်မြင်မှုပေးရခြင်းမှာ) အလ္လာဟ် အရှင်မြတ်သည် အသင်၏ နောက်ဖြစ် လျော့နည်းမှုများနှင့် အသင်၏ ရှေ့ဖြစ်လျော့နည်းမှုများကို ခွင့်လွှတ်တော်မူရန် နှင့်...” မှ “...ထို့ပြင် အသင်တို့အား ကြီးကျယ်ခမ်းနားသော အောင်မြင်မှုကို ပေးအပ်တော်မူရန်အတွက်” (အလ်-ဖသ်ဟ် ၁-၅) ကျရောက်လာခဲ့၏။ ထိုအချိန်၌ စွဟာဗဟ်များမှာ ဝမ်းနည်းကြေကွဲမှုနှင့် စိတ်ဓာတ်ကျဆင်းမှုတို့နှင့် ကြုံတွေ့ခဲ့ရပြီး၊ တမန်တော်မြတ်သည်လည်း ဟုဒိုင်ဘီယာတွင်ပင် ကုရ်ဗာနီသားကောင်ကို ဇဗဟ်ပြုတော်မူခဲ့၏။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ − “ငါကိုယ်တော်အပေါ်၌ ဤကဲ့သို့သော အာယသ်တော်တစ်ခု ချပေးသနားတော်မူခြင်းခံရလေ၏။ ၎င်းအာယသ်တော်သည် ငါကိုယ်တော့်ထံ ဤလောကကြီးတစ်ခုလုံးထက်ပင် ပို၍နှစ်သက်ဖွယ်ကောင်း၏။”»Meaning translation ·
Saved at original quality








