Hadith for the World
ကျမ်းတော်မြတ်ကုရ်အာန်နှင့် ၎င်း၏ ပညာရပ်များ။

ကျမ်းမြတ်ကုရ်အာန်၏ အကျယ်ဖွင့်ဆိုချက်။

2 hadiths

2 hadiths

အဗူဟူရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အနောက်အရပ်မှ နေမထွက်မချင်း ကိယာမသ် ဖြစ်မည်မဟုတ်ပေ။ အနောက်အရပ်မှနေထွက်သောအခါ ၎င်းကိုလူတို့တွေ့မြင်ကြမည်ဖြစ်ပြီး အားလုံးအီမာန်သက်ဝင်ယုံကြည်လာကြလိမ့်မည်။ ထိုအချိန်သည် (ရှေးဦးမဆွက အီမာန်ယုံကြည်မှုမရှိခဲ့သောသူကိုသော်လည်းကောင်း၊ မိမိယုံကြည်မှုနှင့်စပ်လျဉ်း၍ တစ်စုံတစ်ရာ ကောင်းမှုပြုခဲ့ခြင်း မရှိသောသူကိုသော်လည်းကောင်း၊ ထိုသူ၏ ယုံကြည်မှုသည် အကျိုးကျေးဇူး ဖြစ်ထွန်းစေမည်မဟုတ်ပေ။) (ကုရ်အာန် ၆:၁၅၈) ဟုဆိုထားသော အချိန်ပင်ဖြစ်သည်။ လူနှစ်ယောက်သည် မိမိတို့ကြား၌ မိမိတို့၏ အဝတ်အထည်ကို ဖြန့်ကာ အရောင်းအဝယ် မလုပ်ရသေးခင်၊ ၎င်းအဝတ်ကို မခေါက်ရသေးခင် ကိယာမသ်ဖြစ်သွားမည်ဖြစ်သည်။ လူတစ်ဦးသည်မိမိကုလားအုတ်မှ နို့ညှစ်ပြီး ပြန်သွားခဲ့ရာ ၎င်းနို့ကိုမသောက်မီ ကိယာမသ်ဖြစ်သွားမည်ဖြစ်သည်။ ၎င်းသည် မိမိရေကန်(၏အက်ကွဲကြောင်းများကို)ဖာထေးပြီး(ရေဖြည့်၍) မိမိ၏တိရစ္ဆာန်ကို ရေမတိုက်ရသေးမီအလျင် ကိယာမသ်ဖြစ်သွားမည်ဖြစ်သည်။ အသင်တို့အနက်မှ တစ်ဦးတစ်ယောက်သည် ထမင်းလုတ်ကိုမြှောက်ပြီး ပါးစပ်ထဲမသွင်းရသေးမီအလျင် ကိယာမသ်ဖြစ်သွားမည်ဖြစ်သည်။متفق عليه
အနတ်စ် ဗင်န် မာလိက်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ "တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဟုဒိုင်ဘီယာမှ ပြန်လည်ကြွမြန်းလာတော်မူသည့်အချိန်၌ စူရဟ်ဖသဟ်၏ ဤအာယသ်တော်များ၊ {إِنَّا فَتَحْنَا لَكَ فَتْحًا مُبِينًا لِيَغْفِرَ لَكَ اللهُ} إِلَى قَوْلِهِ {فَوْزًا عَظِيمًا} [الفتح: ١-٥] (အမှန်စင်စစ် ငါအရှင်မြတ်သည် အသင့်ကို ထင်ရှားသော အောင်မြင်မှုတစ်ခု ချီးမြှင့်တော်မူလိုက်ပြီ ဖြစ်သည်။ (ထိုသို့ အောင်မြင်မှုပေးရခြင်းမှာ) အလ္လာဟ် အရှင်မြတ်သည် အသင်၏ နောက်ဖြစ် လျော့နည်းမှုများနှင့် အသင်၏ ရှေ့ဖြစ်လျော့နည်းမှုများကို ခွင့်လွှတ်တော်မူရန် နှင့်...” မှ “...ထို့ပြင် အသင်တို့အား ကြီးကျယ်ခမ်းနားသော အောင်မြင်မှုကို ပေးအပ်တော်မူရန်အတွက်” (အလ်-ဖသ်ဟ် ၁-၅) ကျရောက်လာခဲ့၏။ ထိုအချိန်၌ စွဟာဗဟ်များမှာ ဝမ်းနည်းကြေကွဲမှုနှင့် စိတ်ဓာတ်ကျဆင်းမှုတို့နှင့် ကြုံတွေ့ခဲ့ရပြီး၊ တမန်တော်မြတ်သည်လည်း ဟုဒိုင်ဘီယာတွင်ပင် ကုရ်ဗာနီသားကောင်ကို ဇ‌ဗဟ်ပြုတော်မူခဲ့၏။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ − “ငါကိုယ်တော်အပေါ်၌ ဤကဲ့သို့သော အာယသ်တော်တစ်ခု ချပေးသနားတော်မူခြင်းခံရလေ၏။ ၎င်းအာယသ်တော်သည် ငါကိုယ်တော့်ထံ ဤလောကကြီးတစ်ခုလုံးထက်ပင် ပို၍နှစ်သက်ဖွယ်ကောင်း၏။”رواه مسلم