Hadith for the World
ကျမ်းမြတ် ကုရ်အာန်၏ ထွတ်မြတ်မှုများ။

အာယာသ်များနှင့် စူရဟ်များ၏ ထွတ်မြတ်မှုများ။

9 hadiths

9 hadiths

عن البراء بن عازب –رضي الله عنهما- قال: كانَ رجلٌ يَقرَأُ سُورةَ الكهفِ، وعندَه فَرَسٌ مَربُوطٌ بِشَطَنَيْنِ، فَتَغَشَّتْهُ سَحَابَةٌ فَجَعَلَتْ تَدْنُو، وجَعلَ فَرَسُه يَنفِرُ منها، فلمّا أصبحَ أتَى النبيَّ صلى الله عليه وسلم فَذَكرَ ذلك له، فقالَ: «تِلكَ السَّكِينةُ تَنَزَّلَتْ للقُرآنِ».متفق عليه
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အသင်တို့သည် မိမိတို့၏အိမ်များကို ကဗရ်သင်္ချိုင်းများအဖြစ် မပြုလုပ်ကြလေနှင့်။ ဧကန်မုချ ရှိုင်သွာန်သည် စူရဟ်ဗကရဟ်ရွတ်ဖတ်သော အိမ်မှထွက်ပြေးသည်။رواه مسلم
အဗူဒရ်ဒါအ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "မည်သူမဆို စူရဟ်ကဟဖ်၏ ပထမဆယ်အာယတ်ကို ကျက်မှတ်ထားပါက၊ ထိုသူသည် ဒဂျ်ဂျာလ်၏ အန္တရာယ်မှ ကာကွယ်ခြင်းခံရမည်။" အခြားဆင့်ပြန်ချက်တစ်ခုတွင် "စူရဟ်ကဟဖ်၏ နောက်ဆုံးဆယ်အာယတ်" ဟု ဖော်ပြထားသည်။رواه مسلم
အဗူမတ်စ်အူးဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မည်သူမဆို စူရဟ်ဗကရဟ်၏ နောက်ဆုံးနှစ်အာယသ်ကို ည၌ရွတ်ဖတ်လျှင် ၎င်းသူအတွက် လုံလောက်သွားပြီဖြစ်သည်။متفق عليه
عن أبي سعيد رافع بن المعلى رضي الله عنه قال: قال لي رسول الله صلى الله عليه وسلم : «أَلاَ أُعَلِّمُكَ أَعْظَمَ سُورَةٍ في القُرْآن قَبْلَ أنْ تَخْرُجَ مِنَ الْمَسْجِد؟» فَأخَذَ بِيَدِي، فَلَمَّا أرَدْنَا أنْ نَخْرُجَ، قُلْتُ: يَا رَسُولَ اللهِ، إنَّكَ قُلْتَ: لأُعَلِّمَنَّكَ أعْظَمَ سُورَةٍ في القُرْآنِ؟ قالَ: «الحَمْدُ للهِ رَبِّ العَالَمِينَ، هِيَ السَّبْعُ المَثَانِي وَالقُرْآنُ العَظِيمُ الَّذِي أُوتِيتُهُ».رواه البخاري
عن عقبة بن عامر رضي الله عنه : أن رسول الله صلى الله عليه وسلم قال: «ألَمْ تَرَ آيَاتٍ أُنْزِلَتْ هذِهِ اللَّيْلَةَ لَمْ يُرَ مِثْلُهُنَّ قَطُّ؟ (قل أعوذ برب الفلق) و(قل أعوذ برب الناس)».رواه مسلم
အဗူအိုမာမဟ်အလ်ဗာဟိလီ(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကျွန်ုပ်ကြားသိခဲ့သည်။ ကုရ်အာန်ကျမ်းမြတ်ကို ဖတ်ရွတ်ကြလော့။ ဧကန်မလွဲ ယင်းကုရ်အာန်သည် ကိယာမတ်နေ့တွင် ၎င်းကို ဖတ်ရွတ်သူများအတွက် ကြားဝင်အသနားခံသူအဖြစ် ရောက်ရှိလာမည်။ အတ်ဇ်ဇဟ်ရာဝိုင်းန် (အလင်းရောင်နှစ်ခု)ဟုခေါ်သည့် စူရဟ်ဗကရဟ်နှင့် စူရဟ်အာလိအင်မ်ရားန် ကို ဖတ်ရွတ်ကြလော့။ ဧကန်စင်စစ် ထိုစူရဟ်နှစ်ခုသည် ကိယာမတ်နေ့တွင် မိုးတိမ်နှစ်ခုကဲ့သို့လည်းကောင်း၊ သို့မဟုတ် အရိပ်အာဝါသနှစ်ခုကဲ့သို့လည်းကောင်း၊ သို့မဟုတ် အုပ်စုဖွဲ့ပျံသန်းနေသော ငှက်အုပ်စုနှစ်စုကဲ့သို့လည်းကောင်း ရောက်ရှိလာပြီး ၎င်းစူရဟ်နှစ်ခုကို ဖတ်ရွတ်သူများအား ကာကွယ်စောင့်ရှောက်ကြမည်။ ထို့ပြင် စူရဟ်ဗကရဟ်ကို ဖတ်ရွတ်ကြလော့။ အဘယ်ကြောင့်ဆိုသော် ၎င်းကို ဖတ်ရွတ်ခြင်းသည် ဗရ်ကသ်ကောင်းခြင်းမင်္ဂလာတစ်ပါးဖြစ်၍ ၎င်းကို စွန့်လွှတ်ထားခြင်းသည် နောင်တရဖွယ်ဖြစ်ပြီး မှော်ပယောဂဆရာတို့သည် ၎င်းကို (ဖတ်ရွတ်သူအား) မည်သည့်အခါမျှ (အန္တရာယ်ပြုရန်)မစွမ်းဆောင်နိုင်ကြပေ။"رواه مسلم
အုဗိုင်းယ္ယုဗ်နုကအ်ဗ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အို-အဗုလ်မွန်ဇိရ် အသင့်၌ရှိသော အလ္လာဟ်အရှင်မြတ်၏ ကျမ်းတော်တွင် မည်သည့်အာယသ်တော်သည် အကြီးမြတ်ဆုံးဖြစ်သည်ကို အသင်သိပါသလား။ ကျွန်တော်က အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ရစူလ်တမန်တော်သာ အသိဆုံးဖြစ်ပါသည်ဟု ဖြေကြားခဲ့သည်။ တဖန်ကိုယ်တော်က အို-အဗုလ်မွန်ဇိရ် အသင့်၌ရှိသော အလ္လာဟ်အရှင်မြတ်၏ကျမ်းတော်တွင် မည်သည့်အာယသ်တော်သည် အကြီးမြတ်ဆုံးဖြစ်သည်ကို အသင်သိပါသလားဟု မေးတော်မူသည်။ ကျွန်တော်က (ٱللَّهُ لَآ إِلَٰهَ إِلَّا هُوَ ٱلْحَىُّ ٱلْقَيُّومُ) (စူရဟ် ဗကရဟ်- ၂၅၅) (အာယသုလ်ကုရ်စီ) ဖြစ်သည်ဟု ဖြေကြားခဲ့သည်။ထိုအခါ ကိုယ်တော်သည်ကျွန်ုပ်၏ရင်ဘတ်ကိုပုတ်၍ မိန့်တော်မူသည်မှာ “အို-အဗုလ်မွန်ဇိရ် သင့်အတွက် အသင်၏အိလ်မ်အသိပညာသည် မင်္ဂလာရှိပါစေ။”رواه مسلم
عن أبي الدرداء عن النبي صلى الله عليه وسلم قال: «أيعجز أحدكم أن يقرأ في ليلة ثلث القرآن؟» قالوا: وكيف يقرأ ثلث القرآن؟ قال: «قل هو الله أحد تعدل ثلث القرآن».رواه مسلم