ဖိကဟ်နှင့် ၎င်း၏စည်းမျဥ်းများ။
အဗူစအီးဒ်ခုဒ်ရီ(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။
Available in 59 languages
«အဗူစအီးဒ်ခုဒ်ရီ(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ အကယ်၍ သင်တို့အနက်မှ တစ်ဦးဦးသည် မိမိ၏ဆွလာသ်ဝတ်ပြုမှုတွင် သံသယဖြစ်ပြီး ရကအသ် မည်မျှ ဝတ်ပြုခဲ့သလည်း ( ၃ )ရကအာသ်လော၊ ( ၄ ) ရကအသ်လော ဆိုသည်ကို မသေမချာဖြစ်နေလျှင်၊ ထိုသူသည် ထိုသံသယကို စွန့်ပယ်ပြီး သေချာသော ရကအသ်အရေအတွက်ကို အခြေခံကာ (ဆက်လက်ဝတ်ပြုရမည်)။ ထို့နောက် စလာမ်မလှည့်မီအရင် စဂ်ျဒဟ် နှစ်ကြိမ် ပြုလုပ်ရမည်။ အကယ်၍ သူသည် ( ၅ ) ရကအသ် ဝတ်ပြုခဲ့ပါက ဤစဂ်ျဒဟ်နှစ်ကြိမ်သည် သူ၏ဆွလာသ်ကို စုံကိန်း (၆ ရကအသ်) ဖြစ်စေမည်။ အကယ်၍ သူသည် ( ၄ ) ရကအသ် အပြည့်ဝတ်ပြုခဲ့ပါက ဤ စဂ်ျဒဟ် နှစ်ကြိမ်သည် ရှိုင်တွာန်အတွက် နှိမ့်ကျသေးသိမ်မှု၊ အရှက်တကွဲအကျိုးနည်းမှု၏ အကြောင်းခံ ဖြစ်စေမည်။»Meaning translation ·
Saved at original quality








