Hadith for the World
Topic

ဖိကဟ်နှင့် ၎င်း၏စည်းမျဥ်းများ။

288 hadiths

288 hadiths

အစ်ဗ်နု အဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အန်ဆွာရီအမျိုးသမီးတစ်ဦးအား မိန့်ကြားတော်မူခဲ့သည်။ အိဗ်နုအဗ္ဗာစ်သည် သူမ၏နာမည်ကို ပြောပြခဲ့သော်လည်း ကျွန်တော် သူမနာမည်ကို မေ့သွားခဲ့သည်။ ကျွန်ုပ်တို့နှင့်အတူ ဟဂ်ျပြုရန် အသင်မကို အဘယ်အရာက တားဆီးခဲ့ပါသနည်း။ သူမကလျှောက်ထားသည်မှာ ကျွန်မတို့တွင် ကုလားအုတ်နှစ်ကောင်သာရှိပါသည်။ သူမသား၏ ဖခင်နှင့် သူမသားသည် ကုလားအုတ်တစ်ကောင်ဖြင့် ဟဂ်ျပြုလုပ်ခဲ့သည်။ ရေသယ်ရန်အတွက် ကုလားအုတ်တစ်ကောင်ကို ကျွန်မတို့အတွက် ချန်ထားခဲ့ပါသည်။ ထိုအခါ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ- ရမဿွာန်လ ရောက်သည့်အခါ သင်မအွမ္မရဟ် ပြုလုပ်ပါ။ ဧကန်အမှန်ပင် ထိုလ၌ အွမ္မရဟ်ပြုလုပ်ခြင်းသည် ဟဂ်ျပြုလုပ်ခြင်းနှင့် ညီမျှသည်။متفق عليه
عن فَضَالَةُ بنُ عُبَيْدٍ وسلمان الفارسي وعقبة بن عامر الجهني رضي الله عنهم مرفوعاً: «كُلُّ مَيِّتٍ يُخْتَمُ على عَمَلِهِ إلا الُمرَابِطَ في سبيل الله، فإنه يَنْمِي لَهُ عَمَلَهُ يوم القيامة، ويُؤَمَّنُ فتنة القبر».رواه أبو داود والترمذي وأحمد من حديث فضالة -رضي الله عنه
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ “မည်သူမဆို ဟဂ်ျပြုရာတွင် ကာမဂုဏ်နှင့်သက်ဆိုင်သည့် ညစ်ညမ်းသောစကားကိုလည်း မပြောဆို၊ အပြစ်ကျူးလွန်ခြင်းလည်း မရှိခဲ့သော် ၎င်းသည် သူ၏မိခင်က သူ့အား မွေးဖွားခဲ့သည့်နေ့ကအတိုင်း(အပြစ်ကင်းစင်သူအဖြစ်) ပြန်ရောက်လာမည်။”متفق عليه
မုအ်မင်န်တို့၏မိခင်မွန် အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ) မှ ဆင့်ပြန်သည်။ သူမကပြောသည်မှာ အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ဂျီဟာဒ်သည် အမွန်မြတ်ဆုံး အမလ်ကောင်းမှုဖြစ်သည်ဟု ကျွန်မတို့ သိထားပါသည်။ ထို့ကြောင့် ကျွန်မတို့ ဂျီဟာဒ်မလုပ်ရဘူးလားဟု လျှောက်ထားမေးမြန်းခဲ့သည်။ ထိုအခါ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ မလုပ်ရပါ၊ သို့သော် (အသင်မတို့အတွက်) အမွန်မြတ်ဆုံး ဂျိဟာဒ်မှာ အလ္လာဟ်အရှင်မြတ် လက်ခံသဘောတူသည့် ဟဂ်ျပင်ဖြစ်သည်။رواه البخاري
အိဗ်နုအုမရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ “အလ္လာဟ်အရှင်မြတ်သည် ရှေးဦးလူသားများနှင့်နောက်ဆုံးလူသားများအားလုံးကို ကိယာမသ်နေ့တွင် စုရုံးတော်မူသောအခါ၊ သစ္စာဖောက်သူတိုင်းအတွက် အလံတစ်ခုကို စိုက်ထူထားခြင်းခံရမည်။ ထို့နောက် ‘ဤသည် မည်သူမည်ဝါ၏သား မည်သူမည်ဝါ၏ သစ္စာဖောက်မှုဖြစ်သည်’ဟု ကြွေးကြော်ခြင်းခံရမည်။”متفق عليه
အဗ်ဒုလ္လာဟ်ဗင်န်အုမရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကိုယ်တိုင်ပါဝင်တိုက်ခိုက်ခဲ့သည့် စစ်ပွဲတစ်ခုတွင် အမျိုးသမီးတစ်ဦး အသတ်ခံရသည်ကို တွေ့ရှိခဲ့ရသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အမျိုးသမီးများနှင့် ကလေးငယ်များအား သတ်ဖြတ်ခြင်းကို ကန့်ကွက်တားမြစ်ခဲ့သည်။متفق عليه
عن عبد الله بن أبي أوفى رضي الله عنه أَنَّ رسول الله صلى الله عليه وسلم فِي بَعْض أَيَّامه التي لَقِي فيها العدو انتظر، حتى إذا مَالَتِ الشمس قام فِيهم، فقال: «أَيُّها الناس، لا تَتَمَنَّوْا لِقَاء الْعَدُوِّ، وَاسْأَلوا الله الْعافية فَإِذا لَقِيتموهم فَاصْبِرُوا، وَاعلموا أَنَّ الْجَنَّة تحت ظِلال السُّيوف ثُمَّ قَال النَّبِي صلى الله عليه وسلم: اللهمَّ مُنزِلَ الْكتاب، وَمُجْرِيَ السَّحاب، وَهازم الأَحْزاب: اهْزِمهم، وَانصُرنا علَيهم».متفق عليه
عن عَائِشَةُ رضي الله عنها «أَنَّ قُرَيْشا أَهَمَّهُم شَأن المَخْزُومِيَّة التي سَرَقَتْ، فَقَالُوا: مَنْ يُكَلِّمُ فيها رسول الله صلى الله عليه وسلم ؟، فقالوا: وَمَنْ يَجْتَرِئُ عليه إلا أسامة بن زيد حِبُّ رسول الله صلى الله عليه وسلم فَكَلَّمَهُ أسامة، فَقَالَ: أَتَشْفَعُ فِي حَدٍّ مِنْ حُدُودِ الله؟ ثُمَّ قَامَ فَاخْتَطَبَ، فقال: إنَّمَا أَهْلَكَ الذين مِنْ قَبْلِكُمْ أنهم كانوا إذا سرق فيهم الشريف تركوه، وإذا سرق فيهم الضعيف أَقَامُوا عليه الحد، وَأَيْمُ الله: لَوْ أَنَّ فاطمة بنت محمد سَرَقَتْ لَقَطَعْتُ يَدَهَا». وَفِي لَفْظٍ «كانت امرأة تَسْتَعِيرُ المَتَاعَ وَتَجْحَدُهُ، فَأَمَرَ النبي صلى الله عليه وسلم بِقَطْعِ يَدِهَا».متفق عليه
အိဗ်နု အိုမရ် (ရဿွိရလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် နဇရ်( ကိုးခြင်း )မှ တားမြစ်တော်မူခဲ့၏။ ထို့နောက် မိန့်ကြားတော်မူသည် -နဇရ်(ကိုးခြင်း) သည် မည်သည့် ကောင်းခြင်းတစ်စုံတစ်ရာကိုမျှ မယူဆောင်လာနိုင်ပါ။ စင်စစ် ထိုသို့နဇရ်(ကိုးခြင်း) အားဖြင့် စေးနဲတွန့်တိုသူထံမှ (ငွေကြေး ဥစ္စာကို)ထွက်စေခြင်းသာ ဖြစ်သည်။متفق عليه
အဗ်ဒုလ္လာဟ်ဗင်န် မတ်စ်အူးဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ကိယာမသ်နေ့၌ လူသားတို့ကြားတွင် ပထမဦးဆုံး တရားစီရင်ဆုံးဖြစ်မည့်ကိစ္စမှာ လူသတ်မှုဖြစ်သည်။متفق عليه
မုအ်မင်န်တို့၏ မိခင်မွန် အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ နဗီတမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်။ "လက်ကို လေးပုံတစ်ပုံဒီနာရ်(ရွှေဒင်္ဂါး)နှင့်အထက် (ခိုးမှု)အ တွက်သာ ဖြတ်တောက်ရမည်။"متفق عليه
စဟ်လ် ဗင်န် စအ်ဒ် အတ်စ်စာအိဒီ(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူခဲ့သည်။ “အလ္လာဟ်အရှင်မြတ်၏လမ်းတော် (ဂျီဟာဒ်) ၌ တစ်ရက်တာ ကင်းစောင့်ခြင်းသည် လောကီနှင့် ၎င်းရှိအရာအားလုံးထက် ပို၍မြတ်၏။ ဂျန္နသ်သုခဘုံ၌ အသင်တို့တစ်ဦးတစ်ယောက်၏ ကြာပွတ်တစ်‌ချောင်းစာနေရာသည် လောကီနှင့် ၎င်းရှိအရာအားလုံးထက် ပို၍မြတ်၏။ လူတစ်ဦးသည် ညနေခင်း သို့မဟုတ် မနက်ခင်းအချိန်တွင် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ ထွက်ခွာသွားခြင်းသည် လောကီနှင့် ၎င်းရှိအရာအားလုံးထက် ပို၍မြတ်၏။"متفق عليه
အဘူ မူစာ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် သူရသတ္တိကိုပြရန်အတွက် စစ်မက်တိုက်ခိုက်သူ၊ လူမျိုးစွဲကြောင့် စစ်မက်တိုက်ခိုက်သူ၊ ပြစားရန်အတွက် စစ်မက်တိုက်ခိုက်သူတို့အနက် မည်သူသည် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်တွင် တိုက်ခိုက်သူ ဖြစ်ပါသနည်းဟု လျှောက်ထားမေးမြန်းခဲ့သည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်တော်မူသည်မှာ- အကြင်သူသည် အလ္လာဟ်အရှင်မြတ်၏ ‘ကလိမဟ်’ စကားတော် မြင့်မားစေရန်အတွက် စစ်မက်တိုက်ခိုက်ခဲ့လျှင် ထိုသူသည် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်တွင် (တိုက်ခိုက်သူ) ဖြစ်သည်။متفق عليه
عن أبي هريرة رضي الله عنه قَالَ: قَالَ رَسُولُ اللَّهِ صلى الله عليه وسلم : «ما من مَكْلُومٍ يُكْلَمُ في سبيل الله، إلا جاء يومَ القيامة، وكَلْمُهُ يَدْمَى: اللَّونُ لَوْنُ الدَّمِ، والرِّيحُ رِيحُ المِسْكِ».متفق عليه
အိဗ်နုအုမရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "မည်သူမဆို တိရစ္ဆာန်များ(သိုး၊ဆိတ်၊ကုလားအုပ်) ကို စောင့်ရှောက်သည့်‌ ခွေး သို့မဟုတ် အမဲလိုက်‌ခွေး မှအပ ခွေးကို မွေးမြူမည်ဆိုလျှင် သူ၏ ကောင်းမှုမှနေ့စဉ် ကီရာသွ်နှစ်ခုလျော့နည်းသွားလိမ့်မည်။" စာလင်မ်က ပြောပြသည်- အဘူဟုရိုင်ရဟ်က 'သို့မဟုတ် လယ်ယာစောင့်ခွေး'ဟု ထည့်ပြောလေ့ရှိပြီး အဘူဟိုရိုင်ရဟ်ကိုယ်တိုင် လယ်ယာရှင်တစ်ဦးဖြစ်သည်။متفق عليه
عن ثابِت بْن الضَّحَاكِ رضي الله عنه أنه بايع رسول الله صلى الله عليه وسلم تحت الشجرة، وأن رسول الله صلى الله عليه وسلم قال: «من حلف على يمين بملة غير الإسلام، كاذبا مُتَعَمِّدًا فهو كما قال، ومن قتل نفسه بشيء عُذِّبَ به يوم القيامة، وليس على رجل نَذْرٌ فيما لا يملك» وَفِي رِوَايَة: «ولَعْنُ المؤمنِ كَقَتْلِهِ». وفي رواية: «من ادَّعَى دَعْوَى كَاذِبَةً لِيَتَكَثَّرَ بها لم يَزِدْهُ اللهُ -عزَّ وجل- إلا قِلَّةً».متفق عليه
အဘူမူစာအရှ်အရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ကျွန်ုပ်တို့နှင့်ဆန့်ကျင်ရန် လက်နက်ကိုင်ဆောင်သောသူသည် ကျွန်ုပ်တို့အနက်မှ မဟုတ်ပေ။متفق عليه
عن عَبْد اللهِ بن أبي أوفى رضي الله عنهما قال: «غَزَوْنَا مَعَ رَسُولِ الله صلى الله عليه وسلم سَبْعَ غَزَوَاتٍ، نَأْكُلُ الْجَرَادَ».متفق عليه
အဗူစအီးဒ် အလ်ခုဒ်ရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ သင်တို့သည် မုအဇ္ဇင်န်၏အဇာန်သံကိုကြားသည့်အခါ မုအဇ္ဇင်န်ဆိုသည့်အတိုင်း လိုက်ဆိုကြပါ။متفق عليه
မုဂီရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)နှင့်အတူ ခရီးတစ်ခုတွင်ရှိခဲ့သည်။ (ကိုယ်တော် ဝုဿွူပြုသည့်အခါ) ကျွန်တော်သည် ကိုယ်တော်၏ (သားရေ)ခြေအိတ်နှစ်ဖက်ကို ချွတ်ပေးရန် လက်လှမ်းလိုက်ရာ ကိုယ်တော်က ထို(ခြေအိတ်)နှစ်ခုကို ထားလိုက်ပါ။ ဧကန်အမှန်ပင် ငါကိုယ်တော်သည် ၎င်းခြေအိတ်နှစ်ခုကို (ဝုဿွူပြု၍) သန့်စင်နေသည့် အခြေအနေမျိုးတွင် ဝတ်ဆင်ခဲ့ခြင်းဖြစ်သည်ဟု မိန့်ကြားတော်မူသည်။ ၎င်းနောက် ကိုယ်တော်သည် ထိုခြေအိတ်နှစ်ဖက်ပေါ် မစဟ်ပြု ပွတ်သပ်ခဲ့သည်။متفق عليه
عن عبد الله بن عمر رضي الله عنهما «أنَّ رسُول الله -صلَّى الله عليه وسلَّم- دَخَل مكَّة مِن كَدَاٍء، مِن الثَنِيَّة العُليَا التِّي بالبَطحَاءِ، وخرج من الثَنِيَّة السُفلَى».متفق عليه
အုမရ် (ရဿွိယလ္လာဟု အန်ဟု) ထံမှ ဆင့်ပြန်လာရှိသည်။ ”သူသည် ဟဂျ်‌ရေအတ်စ်ဝဒ်ရှိရာသို့ရောက်ရှိလာပြီး ၎င်းအား နမ်းရှုပ်ခဲ့သည်။ ထို့နောက် (ဤသို့) ပြောကြားခဲ့သည်- "စင်စစ် သင်သည် ကျောက်တုံးတစ်တုံးမျှသာဖြစ်ပြီး ကောင်း ကျိုးလည်းမပြုနိုင်၊ ဆိုးကျိုးလည်းမပေးနိုင်ကြောင်း ကျွန်ုပ်သိ၏။ အကယ်၍ ကျွန်ုပ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က သင့်အား နမ်းသည်ကို မမြင်ခဲ့ပါက သင့်အား ကျွန်ုပ် နမ်းမည်မဟုတ်ပါ။"متفق عليه
အနတ်စ်ဗင်န်မာလိက် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ အသင်တို့၏ဆွဖ်အတန်းများကို ညီညာစွာ စီတန်းကြကုန်။ ဧကန်အမှန်ပင် ဆွဖ်အတန်း ညီညာစွာစီတန်းခြင်းသည် ဆွလာသ်၏ ပြည့်စုံမှုအနက်မှပင်ဖြစ်သည်။متفق عليه
အဗူစအီးဒ် အလ်ခုဒ်ရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အမှန်တကယ်ပင် ဒွန္နယာ လောကသည် ချိုမြိန်၍ စိမ်းလန်းပေသည်။ ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့မည်သို့ ပြုမှုဆောင်ရွက်ကြမည်ကို ကြည့်ရှုရန် သင်တို့အား လောက၌ ‘ခလီဖဟ်’ ကိုယ်စားလှယ်များ အဖြစ်ပြုလုပ်‌ပေးတော်မူခဲ့သည်။ ထို့ကြောင့် သင်တို့သည် လောကီနှင့်ပတ် သက်၍ အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြပါ။ အမျိုးသမီးများနှင့် ပတ်သက်၍ အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြပါ။ ဧကန်အမှန်ပင် ဗနီအစ္စရာအီးလ်တို့၌ ပထမဦးဆုံး ပေါ်ပေါက်ခဲ့သည့် ‘ဖိသ်နဟ်’ ပြဿနာမှာ အမျိုးသမီးများနှင့် ပတ်သက်၍ဖြစ်သည်။رواه مسلم