Hadith for the World
Tap the image to view it full size
ဖိကဟ်နှင့် ၎င်း၏စည်းမျဥ်းများ။

အဘူ မူစာ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။

Available in 60 languages
«အဘူ မူစာ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် သူရသတ္တိကိုပြရန်အတွက် စစ်မက်တိုက်ခိုက်သူ၊ လူမျိုးစွဲကြောင့် စစ်မက်တိုက်ခိုက်သူ၊ ပြစားရန်အတွက် စစ်မက်တိုက်ခိုက်သူတို့အနက် မည်သူသည် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်တွင် တိုက်ခိုက်သူ ဖြစ်ပါသနည်းဟု လျှောက်ထားမေးမြန်းခဲ့သည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်တော်မူသည်မှာ- အကြင်သူသည် အလ္လာဟ်အရှင်မြတ်၏ ‘ကလိမဟ်’ စကားတော် မြင့်မားစေရန်အတွက် စစ်မက်တိုက်ခိုက်ခဲ့လျှင် ထိုသူသည် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်တွင် (တိုက်ခိုက်သူ) ဖြစ်သည်။»

Meaning translation ·

Explanation

The meaning in a few plain lines

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် သူရသတ္တိကိုပြရန်အတွက် စစ်မက်တိုက်ခိုက်သူ၊ လူမျိုးစွဲကြောင့် စစ်မက်တိုက်ခိုက်သူ၊ လူတို့ထံ၌ မိမိ၏အဆင့်အတန်းကိုပြသရန် သို့မဟုတ် အခြားရည်ရွယ်ချက်တစ်ခုခုအတွက် စစ်မက်တိုက်ခိုက်သူစသည်ဖြင့် တိုက်ခိုက်ရးသမားများ၏ မတူညီသော ရည်ရွယ်ချက်များအကြောင်း လျှောက်ထားမေးမြန်းခြင်းခံရသည်။ ၎င်းတို့အနက် မည်သူသည် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်တွင် တိုက်ခိုက်သူ ဖြစ်ပါသနည်း။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ဖြေကြားတော်မူသည်မှာ အလ္လာဟ်အရှင်မြတ်၏ ‘ကလိမဟ်’ စကားတော် မြင့်မားစေရန်အတွက် စစ်မက်တိုက်ခိုက်သူသာလျှင် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်တွင် တိုက်ခိုက်သူဖြစ်သည်။

Source
متفق عليه
Download image

Saved at original quality