Hadith for the World
Tap the image to view it full size
ဖိကဟ်နှင့် ၎င်း၏စည်းမျဥ်းများ။

မုအ်မင်န်တို့၏မိခင်မွန် အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ) မှ ဆင့်ပြန်သည်။ သူမကပြောသည်မှာ

Available in 60 languages
«မုအ်မင်န်တို့၏မိခင်မွန် အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ) မှ ဆင့်ပြန်သည်။ သူမကပြောသည်မှာ အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ဂျီဟာဒ်သည် အမွန်မြတ်ဆုံး အမလ်ကောင်းမှုဖြစ်သည်ဟု ကျွန်မတို့ သိထားပါသည်။ ထို့ကြောင့် ကျွန်မတို့ ဂျီဟာဒ်မလုပ်ရဘူးလားဟု လျှောက်ထားမေးမြန်းခဲ့သည်။ ထိုအခါ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ မလုပ်ရပါ၊ သို့သော် (အသင်မတို့အတွက်) အမွန်မြတ်ဆုံး ဂျိဟာဒ်မှာ အလ္လာဟ်အရှင်မြတ် လက်ခံသဘောတူသည့် ဟဂ်ျပင်ဖြစ်သည်။»

Meaning translation ·

Explanation

The meaning in a few plain lines

ဆွဟာဗဟ် (ရဿွိယလ္လာဟုအန်ဟုမ်)တို့သည် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ ဂျိဟာဒ်ပြုခြင်း၊ ရန်သူများနှင့် တိုက်ခိုက်ခြင်းကို အမွန်မြတ်ဆုံး အမလ်ကောင်းမှုဖြစ်သည်ဟု သိထားကြသည်။ သို့ဖြစ်၍ အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား အမျိုးသမီးများ ဂျီဟာဒ်ပြုသင့်ပါသလားဟု လျှောက်ထားမေးမြန်းခဲ့သည်။ ထိုအခါ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က သူမတို့ဆောင်ရွက်နိုင်သည့် အကောင်းဆုံးဂျိဟာဒ်မှာ ပြစားခြင်းနှင့် အပြစ်အကုသိုလ်ကင်းကာ ကုရ်အာန်ကျမ်းမြတ်နှင့် စွန္နသ်တော်နှင့် ကိုက်ညီသည့် အလ္လာဟ်အရှင်မြတ် လက်ခံသဘောတူသည့် ဟဂ်ျပင်ဖြစ်သည်ဟု ညွှန်ကြားပြသတော်မူခဲ့သည်။

Source
رواه البخاري
Download image

Saved at original quality