MY
ဟဂ်ျနှင့် အွမ်ရဟ်။
ဟဂ်ျနှင့်အွမ်ရဟ်၏ ထွတ်မြတ်မှု။
5 hadiths
وجوب الحج والعمرة وحكم تاركهما
1
ဟဂ်ျနှင့်အွမ်ရဟ်၏ ထွတ်မြတ်မှု။
5
ဇိလ်ဟဂ်ျလဆယ်ရက်။
1
أحكام المسجد الحرام والمسجد النبوي وبيت المقدس
3
واجبات العمرة
1
صفة الحج
1
الأضحية
2
أحكام ومسائل الحج والعمرة
3
5 hadiths
အစ်ဗ်နု အဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အန်ဆွာရီအမျိုးသမီးတစ်ဦးအား မိန့်ကြားတော်မူခဲ့သည်။ အိဗ်နုအဗ္ဗာစ်သည် သူမ၏နာမည်ကို ပြောပြခဲ့သော်လည်း ကျွန်တော် သူမနာမည်ကို မေ့သွားခဲ့သည်။ ကျွန်ုပ်တို့နှင့်အတူ ဟဂ်ျပြုရန် အသင်မကို အဘယ်အရာက တားဆီးခဲ့ပါသနည်း။ သူမကလျှောက်ထားသည်မှာ ကျွန်မတို့တွင် ကုလားအုတ်နှစ်ကောင်သာရှိပါသည်။ သူမသား၏ ဖခင်နှင့် သူမသားသည် ကုလားအုတ်တစ်ကောင်ဖြင့် ဟဂ်ျပြုလုပ်ခဲ့သည်။ ရေသယ်ရန်အတွက် ကုလားအုတ်တစ်ကောင်ကို ကျွန်မတို့အတွက် ချန်ထားခဲ့ပါသည်။ ထိုအခါ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ- ရမဿွာန်လ ရောက်သည့်အခါ သင်မအွမ္မရဟ် ပြုလုပ်ပါ။ ဧကန်အမှန်ပင် ထိုလ၌ အွမ္မရဟ်ပြုလုပ်ခြင်းသည် ဟဂ်ျပြုလုပ်ခြင်းနှင့် ညီမျှသည်။
متفق عليه
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ “မည်သူမဆို ဟဂ်ျပြုရာတွင် ကာမဂုဏ်နှင့်သက်ဆိုင်သည့် ညစ်ညမ်းသောစကားကိုလည်း မပြောဆို၊ အပြစ်ကျူးလွန်ခြင်းလည်း မရှိခဲ့သော် ၎င်းသည် သူ၏မိခင်က သူ့အား မွေးဖွားခဲ့သည့်နေ့ကအတိုင်း(အပြစ်ကင်းစင်သူအဖြစ်) ပြန်ရောက်လာမည်။”
متفق عليه
မုအ်မင်န်တို့၏မိခင်မွန် အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ) မှ ဆင့်ပြန်သည်။ သူမကပြောသည်မှာ အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ဂျီဟာဒ်သည် အမွန်မြတ်ဆုံး အမလ်ကောင်းမှုဖြစ်သည်ဟု ကျွန်မတို့ သိထားပါသည်။ ထို့ကြောင့် ကျွန်မတို့ ဂျီဟာဒ်မလုပ်ရဘူးလားဟု လျှောက်ထားမေးမြန်းခဲ့သည်။ ထိုအခါ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ မလုပ်ရပါ၊ သို့သော် (အသင်မတို့အတွက်) အမွန်မြတ်ဆုံး ဂျိဟာဒ်မှာ အလ္လာဟ်အရှင်မြတ် လက်ခံသဘောတူသည့် ဟဂ်ျပင်ဖြစ်သည်။
رواه البخاري
عن عائشة رضي الله عنها مرفوعاً: «ما مِن يومٍ أكثر مِن أنْ يُعْتِقَ اللهُ فيه عبدًا مِن النارِ، مِن يومِ عرفة، وإنَّه ليدنو، ثم يُباهي بهم الملائكةَ، فيقول: ما أراد هؤلاء؟».
رواه مسلم
عن أبي هريرة رضي الله عنه: أن رسول الله صلى الله عليه وسلم قال: «العمرة إلى العمرة كفارةٌ لما بينهما، والحج المبرور ليس له جزاءٌ إلا الجنة».
متفق عليه