Hadith for the World
Tap the image to view it full size
ဖိကဟ်နှင့် ၎င်း၏စည်းမျဥ်းများ။

အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ နဗီတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။

Available in 43 languages
«အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ နဗီတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ “အသင်တို့ကို ဂျနာဇဟ်ကို အလျင်စလိုယူဆောင်သွားကြလော့။ အကယ်၍ သေသူသည် သူတော်ကောင်းဖြစ်လျှင် ယင်းသည် သင်တို့ရှေ့သို့ ပို့ဆောင်လိုက်သော ကောင်းကျိုးဖြစ်၏။ အကယ်၍ သေသူသည် သူတော်ကောင်းမဟုတ်ခဲ့လျှင် အသင်တို့သည် အသင်တို့၏ပခုံးများပေါ်မှ မကောင်းမှုကို ချလိုက်ခြင်းပင် ဖြစ်၏။”»

Meaning translation ·

Explanation

The meaning in a few plain lines

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ဂျနာဇဟ်အား ပြင်ဆင်ခြင်း၊ ဂျနာဇဟ်ဆွလားသ်ဖတ်ခြင်းနှင့် ဒဖန်မြှုပ်နှံခြင်းတို့ကို မြန်မြန်ဆန်ဆန်ပြုလုပ်ရန် အမိန့်ပေးတော်မူခဲ့သည်။ အကယ်၍ သေသူသည် သူတော် ကောင်းဖြစ်လျှင် ယင်းသည် ကောင်း ကျိုးဖြစ်သည့် ကဗရ်၏နိအ်မသ်စည်း စိမ်ဘက်သို့ သင်တို့ ပို့ဆောင်လိုက်ခြင်း ဖြစ်၏။ အကယ်၍ သေသူသည် သူတော်ကောင်းမဟုတ်ခဲ့လျှင် အသင်တို့သည် အသင်တို့၏ပခုံးများပေါ်မှ မကောင်းမှုကို ချလိုက်ခြင်းပင် ဖြစ်၏။

Source
متفق عليه
Download image

Saved at original quality