Hadith for the World
Tap the image to view it full size
အကီဒဟ် ယုံကြည်ချက်။

အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။

Available in 56 languages
«အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ “လူတစ်ဦးသည် မိမိနှင့် ရင်းနှီးသောမိတ်ဆွေ၏ သာသနာပေါ်တွင်ရှိသည် (ဆိုလိုသည်မှာ၎င်း၏အမူအကျင့်များကို လိုက် နာတတ် သည်။) ထို့ကြောင့် အသင်တို့အနက်မှ တစ်ဦးတစ်ယောက်သည် မည်သူ့နှင့် မိတ် ဆွေဖွဲ့နေသည်ကို ကြည့်ရှု‌ပါ။ ”»

Meaning translation ·

Explanation

The meaning in a few plain lines

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က လူသားသည် မိမိ၏ ရင်းနှီးသော မိတ်ဆွေ၊ အပေါင်းအသင်းတို့၏ စရိုက်၊ အလေ့အထများနှင့် တူလာတတ်ကြောင်း၊ အပေါင်း အသင်းသည် ကိုယ်ကျင့်တရား၊ အပြုအမူနှင့် လုပ်ရပ်များအပေါ် သက်ရောက်မှုရှိကြောင်း ရှင်းလင်းမိန့်ကြားတော်မူခဲ့သည်။ ထို့ကြောင့် မိတ်ဆွေကောင်းရွေးချယ်ရန် တိုက်တွန်းခဲ့သည်။ အကြောင်းမှာ မိတ်ဆွေကောင်းသည် မိမိ၏ မိတ်ဆွေအပေါင်း အသင်းအား အီမာန်ယုံကြည်မှု၊ လမ်းမှန်တရားနှင့် ကောင်းမှုဘက်သို့ ညွှန်ကြားပြသကာ မိမိ၏မိတ်ဆွေအပေါင်းအသင်းအတွက် အကူအညီဖြစ်စေသောကြောင့်တည်း။

Source
رواه أبو داود والترمذي وأحمد
Download image

Saved at original quality