အကီဒဟ် ယုံကြည်ချက်။
ဇိုင်နဗ် ဗင်န်သေ့ ဂျဟရှ် (ရဿွိယလ္လာဟု အန်ဟာ) ထံမှ ဆင့်ပြန်လာရှိသည်မှာ- တမန်တော်မြတ် (ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ်) သည် ကြောက်ရွံ့ထိတ် လန့်စွာဖြင့် (ဤသို့) ပြောဆိုလျက် သူမထံသို့ ကြွမြန်းလာတော်မူခဲ့သည်။
Available in 55 languages
«ဇိုင်နဗ် ဗင်န်သေ့ ဂျဟရှ် (ရဿွိယလ္လာဟု အန်ဟာ) ထံမှ ဆင့်ပြန်လာရှိသည်မှာ- တမန်တော်မြတ် (ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ်) သည် ကြောက်ရွံ့ထိတ်
လန့်စွာဖြင့် (ဤသို့) ပြောဆိုလျက် သူမထံသို့ ကြွမြန်းလာတော်မူခဲ့သည်။ အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားကိုးကွယ်ရာအရှင်မရှိပါ။ မကြာမီဖြစ်ပေါ်လတ္တံ့သော ဘေးဆိုးကြောင့် အာရဗ်တို့အတွက် ပျက်စီးခြင်း ဆိုက်ရောက်လာလိမ့်မည်။ ယနေ့ ယအ်ဂျူးဂျ်၊ မအ်ဂျူးဂျ် (တို့အား တားဆီးထားသော) တံတိုင်းဟာ ဤမျှလောက် ပွင့်သွားခဲ့ပြီဖြစ်သည်။ ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိ၏လက်မနှင့်လက်ညိုးကို ကွင်းပုံသဏ္ဍာန် ပြုလုပ်ပြတော်ခဲ့သည်။
ဇိုင်နဗ် ဗင်န်သေ့ ဂျဟရှ် (ရဿွိယလ္လာဟု အန်ဟာ)က ပြောပြခဲ့သည်။ ထိုအခါ ကျွန်မ
က "အို အ
လ္လာဟ်အရှင်မြတ်ရဲ့ ရစူလ်တမန်တော်၊ ကျွန်မတို့ထဲတွင် သူတော်
ကောင်းများ ရှိနေသေးသည့်တိုင် ကျွန်မတို့ ပျက်စီးကြရမည်လား" ဟု ပြန်လည် မေးမြန်းလျှောက်ထားခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က "ဟုတ်တယ်၊မကောင်းမှုတွေ များပြားလာတယ့်အခါ (ထိုသို့ဖြစ်လာလိမ့်)" ဟု မိန့်ကြားတော်မူခဲ့သည်။»Meaning translation ·
Saved at original quality








