Hadith for the World
Topic

အတ္ထုပ္ပတ္တိနှင့် သမိုင်း။

38 hadiths

38 hadiths

မုအ်မင်န်တို့၏ မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ပြောကြားခဲ့သည်။ တမန်တော်မြတ် (ﷺ)သည် ဖိနပ်စီးရာတွင်လည်းကောင်း၊ ခေါင်းဖြီးရာတွင်လည်းကောင်း၊ ဝုဿွူနှင့် ဂုစ်လ်ပြုရာတွင်လည်းကောင်း၊ အခြားကောင်း မြတ်သော ကိစ္စရပ်တိုင်းတွင် ညာဘက်ဖြင့်အစပြုခြင်းကိုနှစ်သက်တော်မူ၏။متفق عليه
عن عبد الله بن عمر رضي الله عنهما «أنَّ رسُول الله -صلَّى الله عليه وسلَّم- دَخَل مكَّة مِن كَدَاٍء، مِن الثَنِيَّة العُليَا التِّي بالبَطحَاءِ، وخرج من الثَنِيَّة السُفلَى».متفق عليه
كَانَ ابنُ عمرَ -رضِيَ الله عنهما- يَقُول لِلرَّجُل إِذَا أَرَادَ سَفَرًا: ادْنُ مِنِّي حَتَّى أُوَّدِعَكَ كَمَا كَان رسولُ الله -صلَّى الله عليه وسلَّم- يُوَدِّعُنَا، فَيقُول: «أَسْتَوْدِعُ الله دِينَكَ، وَأَمَانَتَكَ، وَخَوَاتِيمَ عَمَلِكَ». وعن عبد الله بن يزيد الخطمي رضي الله عنه- قال: كَانَ رسُول الله -صلَّى الله عليه وسلَّم- إِذَا أَرَادَ أَنْ يُوَدِّعَ الجَيشَ، قال: «أَسْتَودِعُ الله دِينَكُم، وَأَمَانَتَكُم، وخَوَاتِيمَ أَعْمَالِكُم».الحديث الأول: رواه أبو داود، والتَرمذي واللفظ له، وابن ماجه والنسائي في الكبرى وأحمد. الحديث الثاني: رواه أبو داود والنسائي الكبرى
မုအ်မင်န်တို့၏မိခင်မွန် အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ) က ဆင့်ပြန်သည်။ သူမကပြောသည်မှာ "ကျွန်မသည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အား ကိုယ်တော်၏ လည်ချောင်းအတွင်းရှိ အာသီးကိုပင် မြင်နိုင်လောက်အောင် ကျယ်လောင်စွာ ရယ်မောခြင်းမျိုးကို ဘယ်သောအခါမှ မတွေ့မမြင်ခဲ့ဖူးပါ။ ကိုယ်တော်သည် ပြုံးရုံပြုံးတတ်ပါသည်။"متفق عليه
ဟုဇိုင်ဖဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ညအချိန် (သဟဒ်ဂျုဒ်ဆွလာသ်ဝတ်ပြုရန်အတွက်) နိုးထတော်မူသောအခါတိုင်း တံပူဖြင့် မိမိပါးစပ်(သွား)ကို တိုက်တော်မူလေ့ရှိသည်။متفق عليه
ဇိုင်နဗ် ဗင်န်သေ့ ဂျဟရှ် (ရဿွိယလ္လာဟု အန်ဟာ) ထံမှ ဆင့်ပြန်လာရှိသည်မှာ- တမန်တော်မြတ် (ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ်) သည် ကြောက်ရွံ့ထိတ် လန့်စွာဖြင့် (ဤသို့) ပြောဆိုလျက် သူမထံသို့ ကြွမြန်းလာတော်မူခဲ့သည်။ အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားကိုးကွယ်ရာအရှင်မရှိပါ။ မကြာမီဖြစ်ပေါ်လတ္တံ့သော ဘေးဆိုးကြောင့် အာရဗ်တို့အတွက် ပျက်စီးခြင်း ဆိုက်ရောက်လာလိမ့်မည်။ ယနေ့ ယအ်ဂျူးဂျ်၊ မအ်ဂျူးဂျ် (တို့အား တားဆီးထားသော) တံတိုင်းဟာ ဤမျှလောက် ပွင့်သွားခဲ့ပြီဖြ‌စ်သည်။ ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိ၏လက်မနှင့်လက်ညိုးကို ကွင်းပုံသဏ္ဍာန် ပြုလုပ်ပြတော်ခဲ့သည်။ ဇိုင်နဗ် ဗင်န်သေ့ ဂျဟရှ် (ရဿွိယလ္လာဟု အန်ဟာ)က ပြောပြခဲ့သည်။ ထိုအခါ ကျွန်မ က "အို အ လ္လာဟ်အရှင်မြတ်ရဲ့ ရစူလ်တမန်တော်၊ ကျွန်မတို့ထဲတွင် သူတော် ကောင်းများ ရှိနေသေးသည့်တိုင် ကျွန်မတို့ ပျက်စီးကြရမည်လား" ဟု ပြန်လည် မေးမြန်းလျှောက်ထားခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က "ဟုတ်တယ်၊မကောင်းမှုတွေ များပြားလာတယ့်အခါ (ထိုသို့ဖြစ်လာလိမ့်)" ဟု မိန့်ကြားတော်မူခဲ့သည်။متفق عليه
အဘူစအီဒ်ခုဒ်ရီ ( ရဿွိယလ္လာဟုအန်ဟု ) ကဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် လိုက်ကာချထားသော အိမ်တွင်း၌ ပုန်းအောင်းနေသော ပျိုကညာတစ်ဦးထက်ပင် အရှက်တရားကြီးမားတော်မူသည်။ ထို့ကြောင့် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မနှစ်သက်သော အရာတစ်စုံတစ်ခုကို တွေ့မြင်တော်မူသောအခါ၊ ကျွန်ုပ်တို့သည် ကိုယ်တော့်ရဲ့ မျက်နှာတော်၏အရိပ်အရောင်မှ ထိုမနှစ်သက်မှုကို သိရှိကြ လေသည်။متفق عليه
عن عائشة رضي الله عنها قالت: كَانَ كَلاَمُ رَسُولِ الله -صلَّى الله عليه وسلَّم- كَلاَمًا فَصلاً يَفْهَمُهُ كُلُّ مَنْ يَسْمَعُهُ.رواه أبو داود واللفظ له، والتُرمذي والنسائي وأحمد
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မုအ်မင်န်ယုံကြည်သူများအပေါ် သို့မဟုတ် ငါကိုယ်‌ တော်ရဲ့အွမ္မသ်သားများအပေါ် အခက်အခဲ ဖြစ်သွားမှာကို မစိုးရိမ်ဘူးဆိုလျှင် ဆွလာသ်အချိန်တိုင်းတွင် မိစ်ဝါးက်တံပူတိုက်ဖို့ မုချငါကိုယ်တော် အမိန့်ပေးတော်မူမည်ဖြစ်သည်။متفق عليه
မဟ်မူဒ်ဗင်န်လဗီဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစ္စလာမ်) မိန့်ကြားတော်မူသည်။ ငါကိုယ်တော်သည် အသင်တို့အတွက် အစိုးရိမ်ဆုံးကိစ္စမှာ ရှိရ်က် အဆ်ွဂရ် (ရှိရ်က်အသေးစား) ပင်ဖြစ်သည်။ သာဝကကြီးများက အိုအလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ရှိရ်က် အဆ်ွဂရ် ဆိုသည်မှာ အဘယ်နည်းဟု လျှောက်ထားမေးမြန်းကြသည်။ ထိုအခါ ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ ပြစားမှုဖြစ်သည်။ ကိယာမသ်နေ့၌ လူတို့သည် မိမိတို့၏ အမလ်ကျင့်ဆောင်မှုများနှင့်ပတ်သက်၍ အစားပေးခြင်းခံရသည့်အခါ ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်က ရိယာအ်ပြစားသူတို့အား မိန့်ကြားတော်မူမည်မှာ လောက၌ အသင်တို့ပြစားခဲ့သူများထံသို့ သွားကြပါ။ ၎င်းတို့ထံတွင် ကောင်းကျိုးတစ်စုံတစ်ရာ တွေ့ရမည်လားဟု အသင်တို့ကြည့်ကြပါ။رواه أحمد
အဘူဗကရ် စွိဒ်ဒီးက် ( ရဿွိယလ္လာဟု အန်ဟု ) ဆင့်ပြန်ပြောကြားခဲ့သည်။ ကျွန်ုပ်တို့သည်( ဆောင်ရ် )လိုဏ်ဂူအတွင်း၌ရှိစဉ် မုရှ်ရိက်များ၏ ခြေထောက်များကို ကျွန်ုပ်တို့၏ဦးခေါင်းများအပေါ်၌ မြင်တွေ့ခဲ့ရသည်။ ထို့နောက် ကျွန်ုပ်က "အို- အလ္လာဟ်၏ရစူလ်တမန်တော်၊ အကယ်၍ သူတို့ထဲမှ တစ်ဦးဦးသည် မိမိ၏ခြေရင်းဘက်သို့ ကြည့်လိုက်ပါက ကျွန်တော်မျိုးတို့အား သူတို့၏ခြေရင်း၌ (ရှိနေသည်ကို )တွေ့မြင်သွားကြမည်ဖြစ်သည်" ဟု ပြောခဲ့သည်။ ထိုအခါ တမန်တော်မြတ် ﷺ က ဤသို့မိန့်ကြားတော်မူသည်- "အို-အဘူဘကရ်၊ ထိုနှစ်ဦး (တမန်တော်နှင့် အဘူဘကရ်) ပတ်သတ်၍ အသင်မည်သို့ ထင်မြင်ယူဆသနည်း။ အလ္လာဟ်အရှင်မြတ်သည် ( ၎င်းတို့နှစ်ဦးနှင့်အတူ ) တတိယ‌မြောက်အဖြစ် ရှိတော်မူ၏။متفق عليه
عن أنس بن مالك رضي الله عنه أَنَّ النَبيَّ -صلَّى الله عليه وسلَّم- كَان إِذَا تَكَلَّمَ بِكَلِمَةٍ أَعَادَهَا ثَلاَثًا حَتَّى تُفْهَمَ عَنْهُ، وَإِذَا أَتَى عَلَى قَوْمٍ فَسَلَّمَ عَلَيهِم سَلَّمَ عَلَيهِم ثَلاَثًا.رواه البخاري
عن أبي هريرة رضي الله عنه : أن رجلًا أتى النبي صلى الله عليه وسلم يَتَقَاضَاهُ فَأغْلَظَ له، فَهَمَّ به أصحابه، فقال رسول الله صلى الله عليه وسلم : «دَعُوه، فإن لِصَاحب الحَقِّ مَقَالا» ثم قال: «أعْطُوهُ سِنًّا مِثْل سِنِّهِ» قالوا: يا رسول الله، لا نَجِدُ إلا أمْثَلَ مِنْ سِنِّهِ، قال: «أعْطُوه، فإن خَيْرَكم أحْسَنُكُم قَضَاء».متفق عليه
عن عائشة رضي الله عنها قالت: قَدِمَ نَاسٌ مِنَ الأَعْرَابِ عَلَى رَسُولِ اللهِ صلى الله عليه وسلم فقالوا: أَتُقَبِّلُونَ صِبْيَانَكُمْ؟ فقال: «نعم» قالوا: لَكِنَّا واللهِ ما نُقَبِّلُ! فقال رسولُ اللهِ صلى الله عليه وسلم : «أَوَ أَمْلِكُ إن كانَ اللهُ نَزَعَ مِنْ قُلُوبِكُم الرَّحْمَةَ!».متفق عليه
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်တော်မူသည်ကို ကြားသိခဲ့ရသည်။ငါကိုယ်တော် အသင်တို့အား တားမြစ်ထားသောအရာများကို ရှောင်ကြဉ်ကြပါ၊ ထို့နောက် ငါကိုယ်တော် အသင်တို့အား အမိန့်ပေးထားသောအရာများကို အသင်တို့ စွမ်းနိုင်သမျှ လိုက်နာကျင့်သုံးကြပါ။ ဧကန်အမှန်ပင် အသင်တို့အလျင် ရှိခဲ့ကြသောသူများအား ပျက်ဆီးစေခဲ့သည့် အကြောင်းအရင်းမှာ မလိုအပ်ဘဲ အမေးမြန်းထူခြင်းနှင့် ၎င်းတို့၏ တမန်တော်များအား သွေဖည်ဆန့်ကျင်ကြခြင်းတို့ကြောင့်ဖြစ်သည်။ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။
عن عائشة رضي الله عنها قالت: كان رسولُ اللهِ صلى الله عليه وسلم إذا فَاتَتْهُ الصَّلَاةُ مِنَ الليلِ مِن وَجَعٍ أَوْ غَيْرِهِ، صَلَّى من النَّهَارِ ثِنْتَيْ عَشْرَةَ رَكْعَةً.رواه مسلم
عن أنس رضي الله عنه قَالَ: كُنْتُ أمشي مَعَ رسول الله صلى الله عليه وسلم وَعَلَيْهِ بُرْد نَجْرَانيٌّ غَلِيظُ الحَاشِيَةِ، فأدْرَكَهُ أعْرَابِي فَجَبذَهُ بِرِدَائِهِ جَبْذَة شَديدة، فَنَظَرْتُ إِلَى صَفْحَةِ عَاتِقِ النَّبيِّ صلى الله عليه وسلم وَقَدْ أثَّرَتْ بِهَا حَاشِيَة الرِّدَاءِ مِنْ شِدَّةِ جَبْذَتِه، ثُمَّ قَالَ: يَا مُحَمَّدُ، مُر لِي مِنْ مَالِ اللهِ الَّذِي عِنْدَكَ. فَالتَفَتَ إِلَيْهِ، فَضَحِكَ ثُمَّ أَمَرَ لَهُ بِعَطَاءٍ.متفق عليه
عن أبي سعيد الخدري رضي الله عنه مرفوعاً: أنَّ ناسًا من الأنصارِ سألوا رسولَ الله - صلى الله عليه وسلم - فأعطاهم، ثم سألوه فأعطاهم، حتى نَفِدَ ما عنده، فقال لهم حين أنفقَ كلَّ شيءٍ بيده: «ما يَكُنْ عندي من خيرٍ فلن أَدَّخِرَهُ عَنْكُم، ومَنْ يَسْتَعْفِفْ يُعِفِّهُ اللهُ، ومَنْ يَسْتَغْنِ يُغْنِهِ اللهُ، ومَنْ يَتَصَبَّرْ يُصَبِّرْهُ اللهُ. وما أُعْطِيَ أَحَدٌ عطاءً خَيرًا وأَوسع من الصبرِ».متفق عليه
အနတ်စ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ " တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ ဆွဟာဗဟ်သာဝကတချို့သည် တမန်တော်မြတ်၏ ဇနီးကြင်ယာတော်များထံ ကိုယ်တော်၏ အကွယ်၌ လျှို့ဝှက်စွာသော ပြုလုပ်သော အမလ်အကြောင်း မေးမြန်းခဲ့ကြသည်။ ၎င်းတို့ထဲမှ အချို့က (မိမိတို့၏ ဝတ်ပြုမှုကို နည်းသည်ဟု ထင်ကာ) "ကျွန်ုပ် အမျိုးသမီးများနှင့် အိမ်ထောင်ပြုတော့မည် မဟုတ်" ဟု ဆိုကြသည်။ အချို့က "ကျွန်ုပ် အသား စားသုံးတော့မည် မဟုတ်" ဟု ဆိုကြသည်။ အချို့က "ကျွန်ုပ် အိပ်ရာပေါ်တွင် အိပ်တော့မည် မဟုတ်" ဟု ဆိုကြသည်။ (ထိုသတင်း ကိုယ်တော့်ထံ) ရောက်ရှိသောအခါ ကိုယ်တော်သည် အလ္လာဟ်အရှင်မြတ်အား ချီးမွမ်းထောမနာပြုပြီးနောက် မိန့်ကြားတော်မူသည်- "ဤသို့ ဤသို့ ပြောဆိုကြသော လူများ၏ အရေးကား အဘယ်နည်း။ ငါကိုယ်‌တော်သည် ည၌ ဆွလားသ်ဝတ်ပြုသည်၊ အိပ်စက်ခြင်းကိုလည်းပြုသည်။ ရိုဇာဥပုသ်လည်း စောင့်ထိန်းသည်။ ရိုဇာမထားဘဲလည်းနေသည်။ အမျိုးသမီးများနှင့် အိမ်ထောင်လည်းပြုသည်။ သို့ဖြစ်ရာ မည်သူမဆို ငါကိုယ်တော်ရဲ့ စွန္နသ်လမ်းစဉ်မှ ကျောခိုင်းခဲ့ပါက ထိုသူသည် ငါကိုယ်တော်၏ အွမ္မသ်သားထဲကမဟုတ်ပေ။"متفق عليه
အိဗ်နုအဗ္ဗားစ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်သည်မှာ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် လူတို့တွင် အရက်ရောဆုံးသူဖြစ်သည်။ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏အရက်ရောဆုံးအခြေအနေမှာ ရမဿွာန်လ၌ကိုယ်တော့်ထံသို့ ဂျိဗ်ရီးလ်(အလိုင်းဟိစ္စလာမ်)လာတွေ့သောအချိန်ဖြစ်သည်။ ဂျိဗ်ရီးလ်(အလိုင်းဟိစ္စလာမ်)သည် ကိုယ်တော်မြတ်ကို ရမဿွာန်လ၏ညတိုင်းလာတွေ့ပြီး ကိုယ်တော်မြတ်နှင့်အပြန်အလှန်ကျမ်းမြတ်ကုရ်အာန်ဖတ်ပြလေ့ရှိသည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ကောင်းမှုနှင့်ပတ်သက်၍(အဖန်‌ဆင်းခံအားလုံးအား အကျိုးပြုရာတွင်)စေလွှတ်ခြင်းခံရသော လေထက်ပင်ပို၍ရက်ရောတော်မူပေသည်။متفق عليه
အနတ်စ်ဗင်န် မာလိက်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် လူသားတို့အနက် အကျင့်စာရိတ္တအကောင်းဆုံးဖြစ်တော်မူသည်။متفق عليه
အတ်စ်ဝဒ် ဗင်န် ယဇီးဒ် က ဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်သည် အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)အား "နဗီတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် မိမိ၏အိမ်တွင် မည်သို့ပြုမူလုပ်ဆောင်တော်မူလေ့ရှိသနည်း"ဟု မေးမြန်းခဲ့ရာ သခင်မက ဖြေကြားသည်မှာ - " ကိုယ်တော်မြတ်သည် မိမိအိမ်သူအိမ်သားများ၏ အလုပ်ကို ထမ်းဆောင်တော်မူသည် (ဆိုလိုသည်မှာ မိသားစုအတွက် စီမံလုပ်ကိုင်ပေးတော်မူသည်)၊ ထို့နောက် ဆွလာသ်အချိန်ရောက်လျှင် ဆွလာသ်ဝတ်ပြုရန်အတွက် ထွက်ခွါသွားတော်မူလေ့ရှိသည်။رواه البخاري
عن أنس رضي الله عنه ، قَالَ: مَا مَسِسْتُ دِيبَاجاً وَلاَ حَرِيراً ألْيَنَ مِنْ كَفِّ رسولِ اللهِ صلى الله عليه وسلم ، وَلاَ شَمَمْتُ رَائِحَةً قَطُّ أطْيَبَ مِنْ رَائِحَةِ رسولِ اللهِ صلى الله عليه وسلم ، وَلَقَدْ خدمتُ رسول اللهِ صلى الله عليه وسلم عَشْرَ سنين، فما قَالَ لي قَطُّ: أُفٍّ، وَلاَ قَالَ لِشَيءٍ فَعَلْتُهُ: لِمَ فَعَلْتَه؟، وَلاَ لشَيءٍ لَمْ أفعله: ألاَ فَعَلْتَ كَذا؟.متفق عليه. تنبيه: أخرجه البخاري ومسلم في حديثسن متفرقين في موضعين
မုအ်မင်န်တို့၏ မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ကိစ္စနှစ်ခုကြားတွင် ရွေးချယ်ခွင့်ပေးခံရလျှင် ပို၍လွယ်ကူသောအရာကိုပင် ရွေးချယ်တော်မူလေ့ရှိသည်။ ထိုပို၍လွယ်ကူသောအရာသည် အပြစ်မဟုတ်သရွေ့ကာလပတ်လုံး (ပို၍လွယ်ကူသောအရာကိုသာ ရွေးချယ်တော်မူလေ့ရှိသည်။) အကယ်၍ ထိုပို၍လွယ်ကူသောအရာသည် အပြစ်ဖြစ်ခဲ့လျှင် ကိုယ်တော်သည် ထိုအရာမှ လူသားအားလုံးထက်ပို၍ ဝေးစွာနေတော်မူသောသူ ဖြစ်သည်။ ထို့ပြင် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် မိမိကိုယ်ရေးကိုယ်တာအတွက် လက်တုံ့ ပြန်တော်မမူခဲ့ပေ။ သို့သော် အလ္လာဟ်အရှင်မြတ်၏ စည်းမျဉ်းတော်များ၊ ဂုဏ်တော်များကို ချိုးဖောက်ကျူးလွန်ခြင်းခံရလျှင်မူ ထိုအရာကိုအကြောင်းခံပြီးကိုယ်တော်သည် အလ္လာဟ်အရှင်မြတ်အတွက် လက်တုံ့ ပြန်တော်မူသည်။متفق عليه