Hadith for the World
Tap the image to view it full size
ဖိကဟ်နှင့် ၎င်း၏စည်းမျဥ်းများ။
Available in 30 languages
«အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်တော်မူသည်ကို ကြားသိခဲ့ရသည်။ငါကိုယ်တော် အသင်တို့အား တားမြစ်ထားသောအရာများကို ရှောင်ကြဉ်ကြပါ၊ ထို့နောက် ငါကိုယ်တော် အသင်တို့အား အမိန့်ပေးထားသောအရာများကို အသင်တို့ စွမ်းနိုင်သမျှ လိုက်နာကျင့်သုံးကြပါ။ ဧကန်အမှန်ပင် အသင်တို့အလျင် ရှိခဲ့ကြသောသူများအား ပျက်ဆီးစေခဲ့သည့် အကြောင်းအရင်းမှာ မလိုအပ်ဘဲ အမေးမြန်းထူခြင်းနှင့် ၎င်းတို့၏ တမန်တော်များအား သွေဖည်ဆန့်ကျင်ကြခြင်းတို့ကြောင့်ဖြစ်သည်။»

Meaning translation ·

Explanation

The meaning in a few plain lines

အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကကျွန်တော်တို့အားညွှန်ကြားခဲ့သည်မှာ- အကယ်၍ကိုယ်တော်သည် ကျွန်တော်တို့အားတစ်စုံတစ်ရာကို တားမြစ်ခဲ့လျှင် ၎င်းအားခြွင်းချက်မရှိ ရှောင်ကြဉ်ရန် ကျွန်တော်တို့အပေါ်တွင် တာဝန်ရှိသည်။ အကယ်၍ကိုယ်တော်သည်ကျွန်တော်တို့အား တစ်စုံတစ်ရာကို ဆောင်ရွက်ရန် အမိန့်ပေးခဲ့လျှင် ၎င်းအားတတ်စွမ်းနိုင်သမျှ လိုက်နာကျင့်သုံးရန် ကျွန်တော်တို့အပေါ် တွင်တာဝန်ရှိပေသည်။ထို့နောက်ကိုယ်တော်သည်ကျွန်တော်တို့အားလွန်လေပြီးသော အချို့အွမ္မသ်သားများကဲ့သို့မဖြစ်စေရန် သတိပေးတားမြစ်ခဲ့သည်။ ၎င်းတို့သည် မိမိတို့၏နဗီတမန်တော်များအားဆန့်ကျင်ပြီး မလိုအပ်ဘဲမေးခွန်းများ အလွန်မေးမြန်းခဲ့ကြသည့်အခါ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား သေကြေပျက်စီးမှု အမျိုးမျိုးဖြင့်ပြစ်ဒဏ်ခတ်တော်မူခဲ့သည်။ထို့ကြောင့် ၎င်းတို့သေကြေပျက်စီးခဲ့ကြသကဲ့သို့ ကျွန်တော်တို့လည်း အလားတူသေကြေပျက်စီးခြင်းမျိုး မဖြစ်ရလေအောင် ရှောင်ကြဉ်ရမည်ဖြစ်သည်။

Source
ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။
Download image

Saved at original quality