Hadith for the World
Tap the image to view it full size
အကီဒဟ် ယုံကြည်ချက်။

အဗူဟူရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။

Available in 41 languages
«အဗူဟူရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အလ္လာဟ်အရှင်မြတ်ထံ အနှစ်သက်ဆုံးနေရာမှာ ဗလီများဖြစ်၍ အလ္လာဟ်အရှင်မြတ်ထံ အမုန်းဆုံးနေရာမှာ ဈေးများဖြစ်သည်။»

Meaning translation ·

Explanation

The meaning in a few plain lines

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူခဲ့သည်မှာ - အလ္လာဟ်အရှင်မြတ်ထံ အနှစ်သက်ဆုံးနေရာမှာ ဗလီများဖြစ်သည်။ အကြောင်းမှာ ဗလီများသည် ကောင်းမှုကုသိုလ်ပြုရာနေရာ၊ သက္ကဝါတရားပေါ် အခြေခံတည် ဆောက်ထားသောဌာနဖြစ်သောကြောင့်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်ထံ အမုန်းဆုံးနေရာမှာ ဈေးများဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဈေးများသည် လိမ်လည်လှည့်ဖြားမှု၊ အတိုးစားသုံးမှု၊ မုသားကျိန်ဆိုမှု၊ ကတိဖျက်မှုနှင့် အလ္လာဟ်အရှင်မြတ်အား သတိရတသမှုမှ ဝေးကွာမှုစသည့်အရာများ ပေါများရာနေရာဖြစ်သောကြောင့်ဖြစ်သည်။

Source
رواه مسلم
Download image

Saved at original quality