Hadith for the World
Tap the image to view it full size
အကီဒဟ် ယုံကြည်ချက်။

အဗ်ဒုလ္လာဟ်ဗင်န် မတ်စ်အူးဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။

Available in 54 languages
«အဗ်ဒုလ္လာဟ်ဗင်န် မတ်စ်အူးဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ဒုက္ခအခက်အခဲများကြုံတွေ့သည့်အခါ မိမိပါးများကို ရိုက်ပုတ်သူ၊ အင်္ကျီရင်စများကို ဆွဲဖြဲသူ၊ ဂျာဟိလိယသ် အမိုက်ခေတ်က ကြွေးကြော်သလို ကြွေးကြော်သူတို့သည် ငါတို့အနက်မှ မဟုတ်ပေ။»

Meaning translation ·

Explanation

The meaning in a few plain lines

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဂျာဟီလီယသ် အမိုက်ခေတ်မှလူတို့၏ အချို့သော အပြုအမူများမှ တားမြစ်ခဲ့ပြီး သတိပေးနှိုးဆော်ခဲ့သည်။ ကိုယ်တော်က အမိန့်ရှိသည်မှာ- ( အောက်ပါ အချက်များကို ပြုလုပ်သူတို့သည် ) ငါကိုယ်တော်၏ အုပ်စုဝင်ထဲမှ မဟုတ်ပေ။ ပထမအချက်- ပါးကို ရိုက်ပုတ်ခြင်း။ ပါးကို သီးသန့်ဖော်ပြထားရခြင်းမှာ များသော အားဖြင့် ထိုအခြေအနေမျိုးတွင် ပါးကိုသာ ရိုက်လေ့ရှိသောကြောင့် ဖြစ်သည်။ သို့မဟုတ်ပါက မျက်နှာ၏ အခြားအစိတ်အပိုင်းများကို ရိုက်နှက်ခြင်းလည်း ဤတားမြစ်ချက်တွင် အကျုံးဝင်သည်။ ဒုတိယအချက်- အလွန်အမင်း သည်းမခံနိုင်ခြင်းကြောင့် အင်္ကျီရင်စကို စွဲဖြဲခြင်း။ တတိယအချက်မှာ - ဂျာဟီလီယသ်အမိုက်ခေတ်၏ ကြွေးကြော်မှုအတိုင်း ကြွေးကြော်ခြင်း။ ဥပမာ- "ပျက်စီးလေပြီ" "ကံဆိုးလေပြီ"စသည်ဖြင့် ညည်းညူခြင်း၊ အော်ဟစ်ငိုကြွေးခြင်း၊ သေသူအတွက် ကြာရှည်စွာ ငိုကြွေးသီဆိုခြင်း စသည်တို့ ပါဝင်သည်။

Source
متفق عليه
Download image

Saved at original quality