Hadith for the World
Tap the image to view it full size
အကီဒဟ် ယုံကြည်ချက်။

အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။

Available in 62 languages
«အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် (အမျက်ဒေါသဖြင့်) မခံချင်စိတ် ဖြစ်တော်မူသည်။ မုအ်မင်န်သည်လည်း မခံချင်စိတ်ဖြစ်သည်။ အရှင်မြတ်၏ (အမျက်ဒေါသဖြင့်) မခံချင်စိတ်ဖြစ်ခြင်းသည် မုအ်မင်န်တစ်ဦးက အလ္လာဟ်အရှင်မြတ် တားမြစ်ထားသည့် အရာကိုကျူးလွန်သည့် အခါတွင်ဖြစ်သည်။»

Meaning translation ·

Explanation

The meaning in a few plain lines

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ မုအ်မင်န်သည် မခံချင်စိတ်ဖြစ်ခြင်း၊ အမျက်ဒေါသထွက်ခြင်း၊ မနှစ်သက်ခြင်းများဖြစ်သကဲ့သို့ အလ္လာဟ်အရှင်မြတ်သည်လည်းမခံချင် စိတ်၊ အမျက်ဒေါသနှင့် မနှစ်သက်ခြင်းများဖြစ်တော်မူသည်။ အရှင်မြတ်၏ အမျက်ဒေါသဖြင့်မခံချင်စိတ်ဖြစ်ခြင်းသည် မုအ်မင်န်တစ်ဦးက အလ္လာဟအရှင်မြတ် တားမြစ်ထားသည့် မကောင်းမှုများဖြစ်သော ‘ဇိနာ’ပြုခြင်း၊ လိင်တူဆက်ဆံခြင်း၊ ခိုးခြင်း၊ အရက်သေစာ သောက်စားခြင်းစသည်တို့အပြင် အခြားစက်ဆုပ်ရွံရှာဖွယ်ရာများ ကျူးလွန်သည့် အတွက်ကြောင့်ဖြစ်သည်။

Source
متفق عليه
Download image

Saved at original quality