အကီဒဟ် ယုံကြည်ချက်။
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်
Available in 71 languages
«အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည် အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကိယာမသ် တရားစီရင်မည့်နေ့၌ ကိုယ်တော်၏ ရှဖာအသ် ကြားဝင်အသနားခံပေးမှုဖြင့် နဖူးစာအကောင်းဆုံးဖြစ်မည့်သူမှာ မည်သူပါနည်း ဟုမေးလျှောက်ခဲ့သည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လာမ်)က မိန့်ကြားတော်မူသည်။ အိုအဗူဟုရိုင်ရဟ် ဟဒီးဆ်နှင့် ပတ်သက်လျှင် သင်၏စိတ်ပြင်းပြမှုကို ငါကိုယ်တော်မြင်တွေ့ရသည့်အတွက် ဤကဲ့သို့ဟဒီးဆ်မျိုးကို သင့်အလျင် ငါကိုယ်တော်အား မည်သူမျှ မေးမြန်းလိမ့်မည် မဟုတ်ဟု ထင်ထားသည်။ ကိယာမသ် တရားစီရင်မည့်နေ့၌ ငါကိုယ်တော်၏ ရှဖာအသ် ကြားဝင်အသနားခံပေးမှုဖြင့် နဖူးစာအကောင်းဆုံးဖြစ်မည့်သူမှာ မိမိနှလုံးသားတွင်း၌ အရှင်မြတ်အတွက်သာရည်စူး၍ (လာအိလာဟအိလ္လလ္လာဟ်)ကို ရွတ်ဆိုခဲ့သူဖြစ်သည်။»Meaning translation ·
Saved at original quality








