Hadith for the World
Tap the image to view it full size
အကီဒဟ် ယုံကြည်ချက်။

ဂျာဗိရ်ဗင်န် အဗ်ဒုလ္လာဟ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။

Available in 55 languages
«ဂျာဗိရ်ဗင်န် အဗ်ဒုလ္လာဟ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ငါကိုယ်တော်ရဲ့အရင် တစ်ဦးတစ်ယောက်မျှ ချီးမြှင့်ခြင်းမခံခဲ့ရသည့် အရာငါးခုကို ငါကိုယ်တော်ချီးမြှင့်ခြင်းခံခဲ့ရတော်မူသည်။ (ငါကိုယ်တော်နှင့် ရန်သူများကြားတွင် ) တစ်လတာခရီးအကွာအဝေး ရှိသည့်တိုင် (ရန်သူများ၏ စိတ်နှလုံးများထဲသို့ ကြောက်ရွံ့မှုကို ထည့်သွင်းပေးခြင်းအားဖြင့်) ငါကိုယ်တော်ဟာ ကူညီခြင်းခံရတော်မူသည်။ ငါကိုယ်တော့်အတွက် ကမ္ဘာမြေကြီးဟာ စဂ်ျဒဟ်ဦးချရာ နေရာအဖြစ်လည်းကောင်း၊ သန့်ပြန့်စင်ကြယ် စေသောအရာ အဖြစ်လည်းကောင်း ပြုလုပ်ပေးခြင်းခံရသည်။ ထို့ကြောင့် ငါကိုယ်တော်ရဲ့ အွမ္မသ်သားများအနက် မည်သူမဆို ဆွလာသ်ဝတ်ပြုချိန် ရောက်လျှင် (မည်သည့်နေရာတွင် ရှိသည်ဖြစ်စေ) ဆွလာသ်ဝတ်ပြုရမည်။ ငါကိုယ်တော့်အတွက် စစ်သုံ့ပန်းပစ္စည်းများသည် ဟလာလ်( ခွင့်ပြုထားသည့်အရာအဖြစ် )သတ်မှတ်ခံရသည်။ ၎င်းသည် ငါကိုယ်တော့်အရင် မည်သူ့အတွက်မျှ ဟလာလ် မဖြစ်ခဲ့ပေ။ ငါကိုယ်တော်သည် ရှဖာအဟ် ( ကြားဝင်အသနားခံပေးခွင့် ) ကို ချီးမြှင့်ခြင်း ခံခဲ့ရတော်မူသည်။(ယခင်က) စေလွှတ်ခြင်းခံခဲ့ရသည့် နဗီတမန် တော်သည် မိမိ၏ လူမျိုးစုထံသို့သာ သီးသန့် စေလွှတ်ခြင်း ခံရသည်။ သို့ရာတွင် ငါကိုယ်တော်သည် လူသားအားလုံးထံသို့ စေလွှတ်ခြင်းခံရတော် မူသည်။»

Meaning translation ·

Explanation

The meaning in a few plain lines

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က - အလ္လာဟ်အရှင်မြတ်သည် မိမိအရင် မည်သည့်နဗီတမန်တော်ကိုမျှ ချီးမြှင့်ခြင်းမရှိခဲ့သည့် အရာငါးခုကို မိမိအား ချီးမြှင့်တော်မူခဲ့ကြောင့် မိန့်ကြား တော်မူခဲ့၏။ ၎င်းတို့မှာ - ၁။ ငါကိုယ်တော်နှင့် ရန်သူများကြားတွင် တစ်လတာခရီး အကွာအဝေးရှိသည့်တိုင် ငါကိုယ်တော်ရဲ့ရန်သူများ၏ စိတ်နှလုံးများတွင် ကြောက်ရွံ့မှုကို ထည့်သွင်းပေးခြင်းအားဖြင့် ငါကိုယ်တော်ဟာ ကူညီခြင်းခံရတော်မူသည်။ ၂။ ငါကိုယ်တော်တို့အတွက် ကမ္ဘာမြေကြီးသည် စဂ်ျဒဟ်ဦးချရာ နေရာအဖြစ် ပြုလုပ်ပေးခြင်းခံရသည်။ သို့ဖြစ်ရာ ငါကိုယ်တော်တို့ မည်သည့် နေရာတွင်ရှိသည်ဖြစ်‌စေ ဆွလာသ်ဝတ်ပြုနိုင်မည်ဖြစ်သည်။ ထို့ပြင် ရေရရှိရန်မဖြစ်နိုင်ပါက ( မြေကြီးဖြင့် သယမ်မွမ်ပြုလုပ်နိုင်ရန် ) ယင်းမြေကြီးအား သန့်ပြန့်စင်ကြယ်စေသောအရာအဖြစ်လည်း ပြုလုပ်ပေးခြင်းခံရသည်။ ၃။ ငါကိုယ်တော်တို့အတွက် စစ်တိုက်ရာမှရရှိသောသုံ့ပန်းပစ္စည်းများကို ဟလာလ် (ခွင့်ပြုထားသောအရာ) အဖြစ် ပြုလုပ်ပေးခြင်းခံရသည်။ ထိုသုံ့ပန်းပစ္စည်းများအား မွတ်စ်လင်မ်များသည် ကာဖိရ်များနှင့် စစ်တိုက်ခိုက်ရာမှ ရယူခဲ့ခြင်း ဖြစ်သည်။ ၄။ ငါကိုယ်‌တော် သည် ကိယာမသ်နေ့၏ ကြောက် မက်ဖွယ်ရာ အခြေအနေမှ လူသားတို့အား ချမ်းသာရာရစေနိုင်ရန်အတွက် အကြီးမားဆုံးသော ရှဖာအဟ် ( ကြားဝင်အသနားခံပေးခွင့် )ကို ချီးမြှင့်တော်မူခြင်းခံရသည်။ ၅။ ငါကိုယ်တော်သည် လူသားအားလုံးနှင့် ဂျင်န်အားလုံးထံသို့ စေလွှတ်တော်မူခြင်းခံရပြီး၊ ရှေးယခင်ရှိခဲ့ကျသော နဗီတမန်တော်များမှာမူ မိမိတို့၏ လူမျိုးစုများထံသို့သာ စေလွှတ်ခြင်းခံခဲ့ရသည်။

Source
متفق عليه
Download image

Saved at original quality