Hadith for the World
ရစူလ်တမန်တော်များအပေါ် အီမာန်သက်ဝင်ယုံကြည်ခြင်း။

ကျွန်ုပ်တို့၏နဗီတမန်တော် မုဟမ္မဒ်(ﷺ)။

7 hadiths

7 hadiths

အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ လ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အကြင်အရှင်မြတ်၏ လက်တော်တွင် မုဟမ္မဒ်၏ အသက်ဝိညာဥ်ရှိသည်။ ထိုအရှင်မြတ်ကို တိုင်တည်၍ ပြောမည်။ ဤအွမ္မသ်အနက်မှ ဂျူးဖြစ်စေ၊ ခရစ်ယာန်ဖြစ်စေ ငါကိုယ်တော်ကို ကြားသိပြီးနောက် ငါကိုယ်တော်နှင့်အတူ ချပေးခြင်းခံရသောအရာကို မယုံကြည်ဘဲ သေဆုံးခဲ့သော် ထိုသူသည် ငရဲသားများ အနက်မှပင်ဖြစ်သည်။رواه مسلم
ဂျာဗိရ်ဗင်န် အဗ်ဒုလ္လာဟ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ငါကိုယ်တော်ရဲ့အရင် တစ်ဦးတစ်ယောက်မျှ ချီးမြှင့်ခြင်းမခံခဲ့ရသည့် အရာငါးခုကို ငါကိုယ်တော်ချီးမြှင့်ခြင်းခံခဲ့ရတော်မူသည်။ (ငါကိုယ်တော်နှင့် ရန်သူများကြားတွင် ) တစ်လတာခရီးအကွာအဝေး ရှိသည့်တိုင် (ရန်သူများ၏ စိတ်နှလုံးများထဲသို့ ကြောက်ရွံ့မှုကို ထည့်သွင်းပေးခြင်းအားဖြင့်) ငါကိုယ်တော်ဟာ ကူညီခြင်းခံရတော်မူသည်။ ငါကိုယ်တော့်အတွက် ကမ္ဘာမြေကြီးဟာ စဂ်ျဒဟ်ဦးချရာ နေရာအဖြစ်လည်းကောင်း၊ သန့်ပြန့်စင်ကြယ် စေသောအရာ အဖြစ်လည်းကောင်း ပြုလုပ်ပေးခြင်းခံရသည်။ ထို့ကြောင့် ငါကိုယ်တော်ရဲ့ အွမ္မသ်သားများအနက် မည်သူမဆို ဆွလာသ်ဝတ်ပြုချိန် ရောက်လျှင် (မည်သည့်နေရာတွင် ရှိသည်ဖြစ်စေ) ဆွလာသ်ဝတ်ပြုရမည်။ ငါကိုယ်တော့်အတွက် စစ်သုံ့ပန်းပစ္စည်းများသည် ဟလာလ်( ခွင့်ပြုထားသည့်အရာအဖြစ် )သတ်မှတ်ခံရသည်။ ၎င်းသည် ငါကိုယ်တော့်အရင် မည်သူ့အတွက်မျှ ဟလာလ် မဖြစ်ခဲ့ပေ။ ငါကိုယ်တော်သည် ရှဖာအဟ် ( ကြားဝင်အသနားခံပေးခွင့် ) ကို ချီးမြှင့်ခြင်း ခံခဲ့ရတော်မူသည်။(ယခင်က) စေလွှတ်ခြင်းခံခဲ့ရသည့် နဗီတမန် တော်သည် မိမိ၏ လူမျိုးစုထံသို့သာ သီးသန့် စေလွှတ်ခြင်း ခံရသည်။ သို့ရာတွင် ငါကိုယ်တော်သည် လူသားအားလုံးထံသို့ စေလွှတ်ခြင်းခံရတော် မူသည်။متفق عليه
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ ငြင်းပယ်သူမှလွဲ၍ ငါကိုယ်တော် ၏ အွမ္မသ်သားအားလုံးသည် ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ကြရမည်။ ထိုအခါ သာဝကကြီးများက အို - အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် ငြင်းပယ်သူသည် မည်သူဖြစ်ပါသနည်းဟု လျှောက်ထားမေးမြန်းကြသည်။ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ မည်သူမဆို ငါကိုယ်တော့်အမိန့်ကိုနာခံလျှင် ထိုသူသည် ဂျန္နသ်ကိုဝင်ရမည်ဖြစ်ပြီး မည်သူမဆိုငါကိုယ်တော်၏ အမိန့်ကိုမနာခံလျှင် ထိုသူသည်ငြင်းပယ်သူဖြစ်သည်။رواه البخاري
عن أبي هريرة رضي الله عنه : أنّ النبيَّ صلى الله عليه وسلم أُتِيَ لَيْلَةَ أُسْرِيَ بِهِ بِقَدَحَيْنِ مِنْ خَمْرٍ وَلَبَنٍ، فَنَظَرَ إِلَيْهمَا فَأَخَذَ اللَّبَنَ. فَقَالَ جِبريل: الحَمْدُ للهِ الَّذِي هَدَاكَ لِلفِطْرَةِ لَوْ أخَذْتَ الخَمْرَ غَوَتْ أُمَّتُكَ.متفق عليه
عن واثلة بن الأسقع رضي الله عنه ، قال: قال رسول الله صلى الله عليه وسلم : «إنَّ اللهَ اصْطَفى كِنانَة من وَلَد إسماعيل، واصْطَفى قُريشًا من كِنانة، واصْطَفى بَني هاشم مِنْ قُرَيش، واصْطَفاني مِنْ بني هاشم، فأنا سَيِّدُ وَلَد آدم ولا فَخْر، وأوَّلُ مَن تَنْشَقُّ عنه الأرض، وأوَّلُ شافع، وأوَّل مُشَفَّع».رواه ابن حبان، وأصله في صحيح مسلم
عن أبي موسى رضي الله عنه قال: سَمَّى لنا رسولُ الله صلى الله عليه وسلم نفْسَه أسْماءً منها ما حَفِظْنا فقال: «أنا محمد، وأحمد، والمُقَفِّي، والحاشِر، ونبي الرَّحمة، قال يزيد: ونبِيُّ التوبة ونَبِيُّ المَلْحَمة».رواه مسلم وأحمد
عَنْ أَبِي هُرَيْرَةَ أَنَّ رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ: «مِنْ أَشَدِّ أُمَّتِي لِي حُبًّا نَاسٌ يَكُونُونَ بَعْدِي، يَوَدُّ أَحَدُهُمْ لَوْ رَآنِي بِأَهْلِهِ وَمَالِهِ».رواه مسلم