အကီဒဟ် ယုံကြည်ချက်။
အဗ်ဒုလ္လာဟ်ဗင်န် မတ်စ်အူးဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
Available in 62 languages
«အဗ်ဒုလ္လာဟ်ဗင်န် မတ်စ်အူးဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အကြောင်းအရာတစ်ခုကို မိန့်ကြားတော်မူခဲ့သည်။ ကျွန်ုပ်က အခြားအကြောင်းအရာတစ်ခုကို ထပ်လောင်းပြောပြခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်။ အကြင်သူသည် အလ္လာဟ်အရှင်မြတ်မှအပ အခြားတစ်စုံတစ်ရာကို ဟစ်ခေါ်ဆုတောင်း၍ သေဆုံးခဲ့လျှင် ထိုသူသည် ဂျဟန္နမ်ငရဲသို့ ဝင်ရောက်ရမည်။ ကျွန်ုပ်ပြောခဲ့သည် အကြင်သူသည် အလ္လာဟ်အရှင်မြတ်မှအပ အခြားတစ်စုံတစ်ရာကို ဟစ်ခေါ်ဆုတောင်းခြင်းမပြုဘဲ သေဆုံးခဲ့လျှင် ထိုသူသည် ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ရမည်။»Meaning translation ·
Saved at original quality








