Hadith for the World
Tap the image to view it full size
ထွတ်မြတ်မှုများနှင့် အာဒါဗ်စည်းကမ်းများ။

အဗ်ဒုလ္လာဟ် ဗင်န် မတ်စ်အူးဒ် (ရဿွိယလ္လာဟုအန်ဟု)ကဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် ( ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဤဒုအာကို အမြဲရွတ်ဖတ်တော်မူလေ့ရှိသည်။

Available in 46 languages
«အဗ်ဒုလ္လာဟ် ဗင်န် မတ်စ်အူးဒ် (ရဿွိယလ္လာဟုအန်ဟု)ကဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် ( ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဤဒုအာကို အမြဲရွတ်ဖတ်တော်မူလေ့ရှိသည်။ အို-အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးသည် လမ်းမှန်တရားကိုလည်းကောင်း၊ သက္ကဝါအမိန့်နာခံပြီး အပြစ်ရှောင်ကြည်နိုင်စွမ်းကိုလည်း ကောင်း၊ မကောင်းမှုမှစင်ကြယ်သန့်ရှင်းမှုကိုလည်းကောင်း၊ (အဖန်ဆင်းခံများထံမှ)လိုလားတောင့် တမှုကင်းခြင်းကို လည်းကောင်း အရှင်မြတ်ထံ တောင်းခံပါ ၏။»

Meaning translation ·

Explanation

The meaning in a few plain lines

တမန်တော်မြတ်(ဆွလ္လလာဟုအလိုင်ဟိဝစလ္လမ်)၏ တောင်းဆုဒုအာတစ်ခုမှာ- «اللهم إني أسألك الهدى» (အို-အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးသည် လမ်းမှန်တရားကို အရှင်မြတ်ထံ တောင်းခံပါ၏။) တစ်နည်း အမှန်တရားကိုသိရှိပြီး ၎င်းနှင့်အညီ လုပ်ဆောင်ခြင်း ဖြစ်သော ဖြောင့်မတ်သော လမ်းစဉ်ကို ဆိုလိုသည်။ «والتقى» (သက္ကဝါတရားကို တောင်းခံပါ၏။) တစ်နည်း အမိန့်တော်များကို လိုက်နာခြင်းနှင့် တားမြစ်ချက်များကို ရှောင်ကြဉ်ခြင်းကို တောင်းခံပါ၏။ «والعفاف» (မကောင်းမှုမှစင်ကြယ်သန့်ရှင်းမှုကို တောင်းခံပါ၏) တစ်နည်း ခွင့်မပြုသော၊ မသင့်မလျော်သော စကား သို့မဟုတ် အပြုအမူတို့မှ ရှောင်ကြဉ်နိုင်စွမ်းကို တောင်းခံပါ၏။ «والغنى» (လိုလားတောင့်တမှုကင်းခြင်းကို တောင်းခံပါ၏) အဖန်ဆင်းခံတို့ထံမှ လိုလားတောင့်တမှုကင်းဝေးခြင်း၊ မိမိအား ဖန်ဆင်းမွေးမြူတော်မူသောအရှင် တစ်ပါးတည်းမှလွဲ၍ အခြားသူတစ်ဦးဦးကို မလိုအပ်သော အခြေအနေကို တောင်းခံပါ၏။

Source
رواه مسلم
Download image

Saved at original quality