ထွတ်မြတ်မှုများနှင့် အာဒါဗ်စည်းကမ်းများ။
ဝဟ်ရှီ ဗင်န် ဟရ်ဗ် ( ရဿွိယလ္လာဟုအန်ဟု ) ကဆင့်ပြန်ခဲ့သည်။
Available in 40 languages
«ဝဟ်ရှီ ဗင်န် ဟရ်ဗ် ( ရဿွိယလ္လာဟုအန်ဟု ) ကဆင့်ပြန်ခဲ့သည်။ ၎င်းတို့က "အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကျွန်တော်မျိုးတို့သည် စားသောက်ကြသော်လည်း ဗိုက်မဝကြပါ" ဟု လျှောက်ထားခဲ့ကြသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က "သင်တို့သည် တကွဲတပြားစီ (တစ်ဦးချင်းစီ သီးသန့်) စားသောကြောင့် ဖြစ်ပေလိမ့်မည်" ဟု မိန့်ကြားတော်မူရာ ၎င်းတို့က "ဟုတ်ပါသည်" ဟု လျှောက်ထားကြသည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က "သင်တို့သည် (စားသောအခါ) စုပေါင်း၍စားသုံးကြလော့။ ထို့ပြင် ယင်းအစားအစာပေါ်၌ "ဗိစ်မိလ္လာဟ်" (အလ္လာဟ်အရှင်မြတ်၏နာမတော်ဖြင့်အစပြုပါ၏) ဟု ဆိုကြလော့။ ထိုသို့ပြုလျှင် အလ္လာဟ်အရှင်မြတ်သည် သင်တို့၏ အစားအစာတွင် ဗရ်ကသ်ကောင်းချီးမင်္ဂလာ ချီးမြှင့်ပေးတော်မူလိမ့်မည်" ဟု မိန့်ကြားတော်မူသည်။»Meaning translation ·
Saved at original quality








