ဖိကဟ်နှင့် ၎င်း၏စည်းမျဥ်းများ။
အဗူစအီးဒ် ခုဒ်ရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
Available in 47 languages
«အဗူစအီးဒ် ခုဒ်ရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ “အို- အဘူစအီးဒ်၊ အကြင်သူသည် အလ္လာဟ်အရှင်မြတ်ကို ဖန်ဆင်းအရှင်အဖြစ်၊ အစ္စလာမ်ကို သာသနာတော်အဖြစ်၊ မိုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်ဟိဝဆလ္လမ်)ကို နဗီတမန်တော်အဖြစ် ကျေနပ်နှစ်သက်ခဲ့ပါက ထိုသူအတွက် ဂျန္နသ်သုခဘုံသည် ဝါဂျိဗ်ဖြစ်သွားသည်။” ထိုစကားကြောင့် အဘူစအီးဒ်သည် အံ့ဩသွားသဖြင့် “အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကျွန်တော်မျိုးအား ပြန်လည်မိန့်ကြားတော်မူပါ” ဟု လျှောက်ထားရာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝဆလ္လမ်)က ပြန်လည်မိန့်ကြားတော်မူသည်။ ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝဆလ္လမ်)က “နောက်ထပ် (ကောင်းမှုတစ်ခု) ရှိသေးသည်။ ၎င်းအားဖြင့် ဗန္ဒဟ်ကျေးကျွန်အား ဂျန္နသ်သုခဘုံ၌ အဆင့်တန်းတစ်ရာကို မြှင့်တင် ပေးတော်မူခြင်းခံရမည် ဖြစ်သည်။ အဆင့်နှစ်ခုကြားတိုင်း၌ မိုးနှင့်မြေကြားကဲ့သို့ (အလွန်ဝေးကွားလှသည်)” ဟု မိန့်တော်မူရာ အဘူစအီးဒ်က “အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ယင်းကောင်းမှုကား အဘယ်နည်း” ဟု လျှောက်ထားလေသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝဆလ္လမ်)က “အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ ဂျိဟာဒ်ပြုလုပ်ခြင်း၊ အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ ဂျိဟာဒ်ပြုလုပ်ခြင်းပင်” ဖြစ်သည်ဟု မိန့်ကြားတော်မူသည်။»Meaning translation ·
Saved at original quality








