Hadith for the World
Tap the image to view it full size
ဖိကဟ်နှင့် ၎င်း၏စည်းမျဥ်းများ။

ဇိုက်ဒ် ဗင်န် စာဗိသ် (ရဿွိယလ္လာဟုအန်ဟု) မှ ဆင့်ပြန်လာရှိသည်။ ၎င်းက ပြောပြသည်

Available in 49 languages
«ဇိုက်ဒ် ဗင်န် စာဗိသ် (ရဿွိယလ္လာဟုအန်ဟု) မှ ဆင့်ပြန်လာရှိသည်။ ၎င်းက ပြောပြသည် "ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) နှင့်အတူ ဆဲဟ်ရီစားခဲ့ကြသည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် (ဖဂျရ်) ဆွလာသ်ဝတ်ပြုရန်အတွက် မတ်တတ်ရပ်တော်မူခဲ့သည်။ ကျွန်ုပ်က (အနတ်စ် (ရဿွိယလ္လာဟုအန်ဟု) က ဇိုက်ဒ် ဗင်န် စာဗိသ် (ရဿွိယလ္လာဟုအန်ဟု) အား "အဇာန်နှင့် ဆဲဟ်ရီကြားတွင် အချိန်မည်မျှကြာမြင့်ခဲ့သနည်း" ဟု မေးမြန်းခဲ့ရာ၊ ၎င်းက "အာယသ်တော် (၅၀) ခန့် ဖတ်ရွတ်နိုင်သည့်အချိန် အတိုင်းအ တာခန့် ကြာမြင့်သည်" ဟု ဖြေကြားခဲ့သည်။»

Meaning translation ·

Explanation

The meaning in a few plain lines

အချို့သောဆွဟာဗဟ်တို့သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)နှင့်အတူ ဆဲဟ်ရီစားခဲ့ကြသည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဖဂျရ်ဆွလာသ်ဝတ်ပြုရန်အတွက် မတ်တတ်ရပ်တော်မူခဲ့သည်။ အနတ်စ်(ရဿွိယလ္လာဟုအန်ဟု) သည် ဇိုက်ဒ် ဗင်န်စာဗိသ် (ရဿွိယလ္လာဟုအန်ဟု) အား "အဇာန်နှင့် ဆဲဟ်ရီစားပြီးချိန် ကြားတွင် အချိန်မည်မျှကြာမြင့်ခဲ့သနည်း" ဟု မေးမြန်းခဲ့သည်။ ဇိုက်ဒ် ဗင်န် စာဗိသ် (ရဿွိယလ္လာဟုအန်ဟု) က "အာယသ်တော် (၅၀) ခန့် ဖတ်ရွတ်နိုင်သည့်အချိန် အတိုင်း အတာခန့် ကြာမြင့်သည်" ဟု ဖြေကြားခဲ့သည်။ ထိုအာယသ်တော်များမှာ အလယ်အလတ်ရှိပြီး၊ ရှည်လွန်းခြင်း၊ တိုလွန်းခြင်းမရှိသလို၊ ဖတ်ရွတ်သည့်ပုံစံမှာ မြန်လွန်ခြင်း၊ နှေးလွန်းခြင်းမရှိဘဲ ( ပုံမှန်အတိုင်းဖတ်ရွတ်သည့်ပုံစံ ခန့်မျှကြာချိန်) ဟု ဖြေကြားခဲ့သည်။

Source
متفق عليه
Download image

Saved at original quality