Hadith for the World
Tap the image to view it full size
ဖိကဟ်နှင့် ၎င်း၏စည်းမျဥ်းများ။

အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။

Available in 49 languages
«အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အကြင်မည်သူမဆို ရိုဇာဥပုသ်စောင့်ထိန်းနေစဉ်အတွင်း မေ့လျော့၍ စားမိခဲ့လျှင် သို့မဟုတ် သောက်မိခဲ့လျှင် ထိုသူသည် မိမိ၏ရိုဇာဥပုသ်ကို (မဖျက်ဘဲ) ဆက်လက်စောင့်ထိန်းရမည်။ စင်စစ် ၎င်းအား အလ္လာဟ်အရှင်မြတ်ကပင် ကျွေးမွေးတိုက်‌ကျွေးတော်မူခဲ့ခြင်း ဖြစ်သည်။»

Meaning translation ·

Explanation

The meaning in a few plain lines

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မည်သူမဆို ဖရဿ်ွ သို့မဟုတ် နဖိလ်ရိုဇာဥပုသ်စောင့်နေစဉ် မေ့လျော့၍ အစာ သို့မဟုတ် အရည်တစ်ခုခု စားသောက်မိပါက ထိုသူသည် မိမိ၏ ရိုဇာဥပုသ်ကိုမဖျက်ဘဲ ဆက်လက်စောင့်ထိန်းရမည်ဖြစ်ကြောင်း ရှင်းလင်းမိန့်ကြားတော်မူခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူသည်သိလျက်နှင့်ရည်ရွယ်ချက်ရှိရှိ စားသောက်ခဲ့ခြင်းမဟုတ်ပေ။ စင်စစ် ယင်းသည် အလ္လာဟ်အရှင်မြတ်က သူ့ထံရောက်ရှိစေတော်မူသော ရိက္ခာတစ်ခုသာဖြစ်ပြီး၊ အလ္လာဟ်အရှင်မြတ်ကပင် သူ့အား ကျွေးမွေးတိုက်‌ကျွေးတော်မူခဲ့ခြင်း ဖြစ်သည်။

Source
متفق عليه
Download image

Saved at original quality