Hadith for the World
Tap the image to view it full size
ထွတ်မြတ်မှုများနှင့် အာဒါဗ်စည်းကမ်းများ။

အုမရ်ဗင်န်ခသ်သွာဗ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ သူသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။

Available in 71 languages
«အုမရ်ဗင်န်ခသ်သွာဗ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ သူသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို အားကိုးထိုက်သည့်အတိုင်း ယုံပုံအားကိုးမည်ဆိုလျှင် နံနက်ခင်းတွင် ဝမ်းဗိုက် ဟောင်းလောင်းဖြင့် ထွက်သွားကြပြီး ညနေတွင် ဝမ်းဗိုက်ပြည့်လျက် ပြန်လာကြသည့် ငှက်များကို အလ္လာဟ်အရှင်မြတ်က ရိုဇီရိက္ခာချီးမြှင့်သကဲ့သို့ သင်တို့အား ရိုဇီရိက္ခာချီးမြှင့်တော်မူမည်ဖြစ်သည်။»

Meaning translation ·

Explanation

The meaning in a few plain lines

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ကျွန်ုပ်တို့အား လောကီရေးနှင့် သာသနာရေးကိစ္စများ၌ အကျိုးရှိသောအရာများကို ရယူခြင်းနှင့် ဆိုးကျိုးဖြစ်စေသောအရာများကို ဖယ်ရှားခြင်းတို့တွင် အလ္လာဟ်အရှင်မြတ်အပေါ် အားကိုးအားထားပြုရန် တိုက်တွန်းထားသည်။ အဘယ်ကြောင့်ဆိုသော် ချို့တဲ့မှုအပေါင်းမှကင်းစင်တော်မူသော အရှင်မြတ်မှအပ အခြားမည်သူမျှ ပေးကမ်းချီးမြှင့်ခြင်း၊ တားဆီးပိတ်ပင်ခြင်း၊ ဆိုးကျိုးဖြစ်စေခြင်း၊ ကောင်းကျိုးပေးခြင်းတို့ကို မပြုလုပ်နိုင်ပေ။ ထို့ပြင် ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အပေါ် မှန်ကန်စွာယုံကြည်အားကိုး၍ အကျိုးရှိသော အရာများကို ဆောင်ကြဥ်းပေးကာ ဆိုးကျိုးဖြစ်စေသော အရာများကို ဖယ်ရှားပေးမည့် အကြောင်းခံများကိုပြုလုပ်ရန်လည်း တိုက်တွန်းထားသည်။ ကျွန်ုပ်တို့သည် ထိုအတိုင်းလိုက်နာဆောင်ရွက်နေသရွေ့ နံနက်ခင်းတွင် ဆာလောင်လျက် ထွက်သွားကြကာ ညနေတွင် ဝမ်းဗိုက်အပြည့်ဖြင့် ပြန်လာကြသော ငှက်များကို အလ္လာဟ်အရှင်မြတ်က ရိုဇီရိက္ခာ ချီးမြှင့်သကဲ့သို့ ကျွန်ုပ်တို့ကိုလည်း ရိုဇီရိက္ခာချီးမြှင့်တော်မူမည်ဖြစ်သည်။ ငှက်တို့၏လုပ်ရပ်သည် အကြောင်းခံကိုစွန့်လွှတ်ခြင်း၊ ပျင်းရိခြင်းမရှိဘဲ ရိုဇီရိက္ခာကိုကျိုးစားရှာဖွေသည့် အကြောင်းခံတစ်ခုပင်ဖြစ်သည်။

Source
رواه الترمذي وابن ماجه وأحمد
Download image

Saved at original quality