ထွတ်မြတ်မှုများနှင့် အာဒါဗ်စည်းကမ်းများ။
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
Available in 70 languages
«အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူသော၊ ကြီးကျယ်မြင့်မြတ်တော်မူသော မိမိ၏အရှင်မြတ်ထံတော်မှတစ်ဆင့် ဆင့်ပြန်ပြောကြားခဲ့သည်။ အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်မှာ « ကျွန်တစ်ဦးသည် အပြစ်အကုသိုလ်တစ်ခုကို ကျူးလွန်ခဲ့ပြီးနောက် ၎င်းက အို - အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုး၏ အပြစ်ကို ခွင့်လွှတ်တော်မူပါဟု တောင်းခံခဲ့သည်။ ထိုအခါ မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူသော ကြီးကျယ်မြင့်မြတ်တော်မူသော အရှင်မြတ်က မိန့်ကြားတော်မူသည်မှာ ငါအရှင်မြတ်၏ကျွန်သည် အပြစ်ကျူးလွန်ခဲ့ပြီးနောက် ၎င်းထံတွင် အပြစ်အကုသိုလ်တို့ကို ခွင့်လွှတ်တော်မူသောအရှင်၊ ပြစ်မှုတို့ကို အရေးယူတော်မူသောအရှင် ရှိကြောင်းသိရှိခဲ့သည်။ ၎င်းနောက် ထိုသူသည် အပြစ်ကို ပြန်လည်ကျူးလွန်ခဲ့သည်။ ထို့နောက် ၎င်းက အို - အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုး၏ အပြစ်ကို ခွင့်လွှတ်တော်မူပါဟု တောင်းခံခဲ့သည်။ ထိုအခါ မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူသော ကြီးကျယ်မြင့်မြတ်တော်မူသော အရှင်မြတ်က မိန့်ကြားတော်မူသည်မှာ ငါအရှင်မြတ်၏ကျွန်သည် အပြစ်ကျူးလွန်ခဲ့ပြီးနောက် ၎င်းထံတွင် အပြစ်အကုသိုလ်တို့ကို ခွင့်လွှတ်တော်မူသောအရှင်၊ ပြစ်မှုတို့ကို အရေးယူတော်မူသောအရှင် ရှိကြောင်းသိရှိခဲ့သည်။ ၎င်းနောက် ထိုသူသည် အပြစ်ကို ပြန်လည်ကျူးလွန်ခဲ့သည်။ ထို့နောက် ၎င်းက အို - အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုး၏ အပြစ်ကို ခွင့်လွှတ်တော်မူပါဟု တောင်းခံခဲ့သည်။ ထိုအခါ မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူသော ကြီးကျယ်မြင့်မြတ်တော်မူသော အရှင်မြတ်က မိန့်ကြားတော်မူသည်မှာ ငါအရှင်မြတ်၏ကျွန်သည် အပြစ်ကျူးလွန်ခဲ့ပြီးနောက် ၎င်းထံတွင် အပြစ်အကုသိုလ်တို့ကို ခွင့်လွှတ်တော်မူသောအရှင်၊ ပြစ်မှုတို့ကို အရေးယူတော်မူသောအရှင် ရှိကြောင်းသိရှိခဲ့သည်။ ငါအရှင်မြတ်သည် ငါ၏ကျွန်ကို ခွင့်လွှတ်တော်မူလိုက်ပြီဖြစ်၏။ ထို့ကြောင့် သင်သည် မိမိအလိုရှိရာကို လုပ်နိုင်ပြီဖြစ်သည်။»»Meaning translation ·
Saved at original quality








