Hadith for the World
ထွတ်မြတ်မှုများ။

ဇိက်ရ်၏ ထွတ်မြတ်မှုများ။

10 hadiths

10 hadiths

အဗူဒရ်ဒါအ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ငါကိုယ်တော် သင်တို့အား သင်တို့၏ အကောင်းဆုံးသောအမလ်၊ သင်တို့အား စိုးပိုင် တော်မူသော အရှင်မြတ်၏ထံတော်၌ အသန့်ရှင်းဆုံးအမလ်၊ သင်တို့၏အဆင့်အတန်းများကို အမြင့်ဆုံးသို့ မြှင့်တင်ပေးနိုင်ကာ၊ ရွှေငွေများ လှူဒါန်းခြင်းထက်လည်း သာလွန်ကောင်းမြတ်ပြီး ( ဂျိဟာဒ်စစ်ပွဲတွင် )ရန်သူတို့နှင့် ရင်ဆိုင်ရသည့်အခါ သင်တို့က သူတို့၏လည်ပင်းများကို ခုတ်လှခြင်း (သို့) သူတို့က သင်တို့၏လည်ပင်းများကို ခုတ်လှဲခြင်းထက်ပင် သာလွန်ကောင်းမြတ်သော အမလ်တစ်ခုကို အသိ ပေးမတင်ပြရဘူးလား။" ထိုအခါ စွဟာဗဟ်များက " အမှန်ပင် တင်ပြမိန့်ကြားပါ" ဟု လျှောက်ထားကြ၏။ ထိုအခါ တမန်တော်မြတ်( ဆွလ္လလ္လာဟု အလိုင်ဟိဝစ္စလမ် )က မိန့်ကြားတော်မူသည်မှာ "ထို အရာသည် အလ္လာဟ်အရှင်မြတ်အား သတိရတသခြင်းပင်ဖြစ်သည်။رواه الترمذي وابن ماجه وأحمد
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မက္ကာမြို့၏ လမ်းတစ်ခုတွင် ခရီးသွားလျက်ရှိစဉ် ဂျွမ်ဒါးန်ဟုခေါ်သော တောင်အနီးမှ ဖြတ်သန်းသွားခဲ့သည်။ ထိုအခါ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ "ဆက်လက်ခရီးနှင်ကြလော့။ ဤသည် ဂျွမ်ဒါးန်တောင်ဖြစ်သည်။'မုဖရ်ရီဒူးန်' များသည် (အခြားသူများထက်) သာလွန်သွားကြပြီ" ဟု မိန့်ကြားတော်မူသည်။ ထိုအခါ စွဟာဗဟ်တို့က "အို- အလ္လာဟ်အရှင်င်မြတ်၏ ရစူလ်တမန်တော်၊ 'မုဖရ်ရီဒူးန်' ဆိုသူများသည် အဘယ်သူများနည်း" ဟု လျှောက်ထားကြသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က "အလ္လာဟ်အရှင်မြတ်အား အလွန်ဇိကိရ်ပြု ( သတိရတသ)သော ယောက်ျားများနှင့် အလွန်ဇိကိရ်ပြု ( သတိရတသ)သော မိန်းမများပင် ဖြစ်ကြသည်" ဟု မိန့်ကြားတော်မူသည်။رواه مسلم
အဂတ်ရ်(ရဿွိယလ္လာဟုအန်ဟု)ထံမှ ဆင့်ပြန်လာရှိသည်။ သူသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ဆွဟာဗီတစ်ပါးဖြစ်သည်။ ၎င်းက ပြောပြခဲ့သည်မှာ - အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ " အို- လူသားအပေါင်းတို့ အသင်တို အလ္လာဟ်အရှင်မြတ်ထံ သောင်ဗဟ် (အမှားဝန်ချတောင်းပန်ခြင်း) ပြုကြလေကုန်။ ဧကန်စင်စစ် ငါကိုယ်တော်သည် တစ်ရက်တွင် အကြိမ်တစ်ရာမျှ အရှင်မြတ်ထံ သောင်ဗဟ်ပြုတော် မူ၏။"رواه مسلم
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူသော၊ ကြီးကျယ်မြင့်မြတ်တော်မူသော မိမိ၏အရှင်မြတ်ထံတော်မှတစ်ဆင့် ဆင့်ပြန်ပြောကြားခဲ့သည်။ အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်မှာ « ကျွန်တစ်ဦးသည် အပြစ်အကုသိုလ်တစ်ခုကို ကျူးလွန်ခဲ့ပြီးနောက် ၎င်းက အို - အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုး၏ အပြစ်ကို ခွင့်လွှတ်တော်မူပါဟု တောင်းခံခဲ့သည်။ ထိုအခါ မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူသော ကြီးကျယ်မြင့်မြတ်တော်မူသော အရှင်မြတ်က မိန့်ကြားတော်မူသည်မှာ ငါအရှင်မြတ်၏ကျွန်သည် အပြစ်ကျူးလွန်ခဲ့ပြီးနောက် ၎င်းထံတွင် အပြစ်အကုသိုလ်တို့ကို ခွင့်လွှတ်တော်မူသောအရှင်၊ ပြစ်မှုတို့ကို အရေးယူတော်မူသောအရှင် ရှိကြောင်းသိရှိခဲ့သည်။ ၎င်းနောက် ထိုသူသည် အပြစ်ကို ပြန်လည်ကျူးလွန်ခဲ့သည်။ ထို့နောက် ၎င်းက အို - အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုး၏ အပြစ်ကို ခွင့်လွှတ်တော်မူပါဟု တောင်းခံခဲ့သည်။ ထိုအခါ မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူသော ကြီးကျယ်မြင့်မြတ်တော်မူသော အရှင်မြတ်က မိန့်ကြားတော်မူသည်မှာ ငါအရှင်မြတ်၏ကျွန်သည် အပြစ်ကျူးလွန်ခဲ့ပြီးနောက် ၎င်းထံတွင် အပြစ်အကုသိုလ်တို့ကို ခွင့်လွှတ်တော်မူသောအရှင်၊ ပြစ်မှုတို့ကို အရေးယူတော်မူသောအရှင် ရှိကြောင်းသိရှိခဲ့သည်။ ၎င်းနောက် ထိုသူသည် အပြစ်ကို ပြန်လည်ကျူးလွန်ခဲ့သည်။ ထို့နောက် ၎င်းက အို - အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုး၏ အပြစ်ကို ခွင့်လွှတ်တော်မူပါဟု တောင်းခံခဲ့သည်။ ထိုအခါ မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူသော ကြီးကျယ်မြင့်မြတ်တော်မူသော အရှင်မြတ်က မိန့်ကြားတော်မူသည်မှာ ငါအရှင်မြတ်၏ကျွန်သည် အပြစ်ကျူးလွန်ခဲ့ပြီးနောက် ၎င်းထံတွင် အပြစ်အကုသိုလ်တို့ကို ခွင့်လွှတ်တော်မူသောအရှင်၊ ပြစ်မှုတို့ကို အရေးယူတော်မူသောအရှင် ရှိကြောင်းသိရှိခဲ့သည်။ ငါအရှင်မြတ်သည် ငါ၏ကျွန်ကို ခွင့်လွှတ်တော်မူလိုက်ပြီဖြစ်၏။ ထို့ကြောင့် သင်သည် မိမိအလိုရှိရာကို လုပ်နိုင်ပြီဖြစ်သည်။»متفق عليه
عن أبي ذر الغفاري رضي الله عنه عن النبي صلى الله عليه وسلم قال: «ألاَ أُخْبِرُكَ بِأَحَبِّ الكَلاَمِ إِلَى اللهِ؟ إنَّ أَحَبَّ الكلام إِلى الله: سبحان اللهِ وبحمدِهِ».رواه مسلم
عن أبي هريرة رضي الله عنه مرفوعاً: «والذي نفسي بيده، لو لم تذنبوا، لذهب الله بكم، وجاء بقوم يُذْنِبُونَ، فيستغفرون اللهَ تعالى، فيغفر لهم».رواه مسلم
عن أبي سعيد الخدري رضي الله عنه قال: قال رسول الله صلى الله عليه وسلم : "الْبَاقِيَاتُ الصَّالِحَاتُ، لَا إلَهَ إلَّا اللَّهُ، وَسُبْحَانَ اللَّهِ، وَاَللَّهُ أَكْبَرُ، وَالْحَمْدُ لِلَّهِ، وَلَا حَوْلَ وَلَا قُوَّةَ إلَّا بِاَللَّهِ".رواه ابن حبان والحاكم، أما النسائي فرواه في الكبرى لكن من حديث أبي هريرة
အဗူဟူရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မည်သူမဆို “سُبْحَانَ اللّٰهِ وَبِحَمْدِهِ” ကို တစ်ရက်လျှင် အကြိမ်တစ်ရာ ရွတ်ဆိုမည်ဆိုပါက ထိုသူ၏ အပြစ်အကုသိုလ်များသည် ပင်လယ်ရေမြှုပ်ပမာများပြားခဲ့လျှင်လည်း ပယ်ဖျက်ခြင်းခံရမည်ဖြစ်သည်။متفق عليه
အဗ်ဒုလ္လာဟ်ဗင်န် အမ်ရ်ဗင်န်အာဆ်ွ(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ သူသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ဤသို့မိန့်ကြားတော်မူသည်ကို ကြားသိခဲ့သည်။ သင်တို့သည် မုအဇ္ဇင်န်၏အဇာန်သံကိုကြားသည့်အခါ ၎င်းဆိုသည့်အတိုင်း လိုက်ဆိုကြပါ။ ထို့နောက် ငါကိုယ်တော်အပေါ်သို့ ဆွလာသ်ပို့သကြပါ။ အကြင်မည်သူမဆို ငါကိုယ်တော်အပေါ်သို့ ဆွလာသ်တစ်ကြိမ်ပို့သပါက အလ္လာဟ်အရှင်မြတ်သည် ထိုသူ့အပေါ်၌ ရဟ်မသ် ကရုဏာတော် ဆယ်ကြိမ် ချီးမြှင့်တော်မူမည်ဖြစ်သည်။ ထို့နောက် သင်တို့သည် ငါကိုယ်တော်အတွက် အလ္လာဟ်အရှင်မြတ်ထံတော်ပါးမှ ဝစီလဟ် တောင်ခံပေးကြပါ။ အမှန်တကယ်ပင် ယင်းသည် ဂျန္နသ်သုခဘုံ၏ အဆင့်အတန်းတစ်ခုဖြစ်သည်။ ထိုအဆင့်အတန်းအား အလ္လာဟ်အရှင်မြတ်၏ကျေးကျွန်တစ်ဦးအား ချီးမြှင့်မည်ဖြစ်၍ ၎င်းအားချီးမြှင့်ခံရသူသည် ငါကိုယ်တော်ပင်ဖြစ်မည်ဟု မျှော်လင့်သည်။ သို့ဖြစ်၍ အကြင်မည်သူမဆို ငါကိုယ်တော်အတွက် ဝစီလဟ် (မကာမုမဟ်မူဒ်) တောင်းခံပေးပါက ထိုသူ့အတွက် ရှဖာအဟ် ကြားဝင်အသနားခံပေးခြင်း ဝါဂျိဗ်ဖြစ်သည်။رواه مسلم
အွတ်စ်မာန်ဗင်န် အဗီလ်အာဆ်ွ(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ သူသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ လာရောက်၍ အို - အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် ဧကန်အမှန်ပင် ရှိုင်သွာန်သည် ကျွန်တော်မျိုးနှင့် ကျွန်တော်မျိုး၏ ဆွလာသ်ကြားတွင် အတားအဆီးပြုခဲ့ပြီး ကျွန်တော်မျိုး၏ ကိရာအသ် ရွတ်ဖတ်မှုကို ရောထွေးစေခဲ့သည်ဟု လျှောက်ထားခဲ့သည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ ဤသည် ခင်န်ဇဗ်ဟုခေါ်သည့် ရှိုင်သွာန်ပင်ဖြစ်သည်။ အသင်သည် ထိုကဲ့သို့ခံစားရပါက ၎င်းရန်မှကင်းဝေးစေရန် အလ္လာဟ်အရှင်မြတ်ထံတော်တွင် ခိုလှုံမှုရယူပါ။ သင်၏ဘယ်ဘက်သို့ တံတွေး သုံးကြိမ်ထွေးလိုက်ပါ။ ၎င်းကဆက်လက်ပြောပြသည်မှာ ကျွန်တော်သည် ထိုအတိုင်းပြုလုပ်ခဲ့ရာ အလ္လာဟ်အရှင်မြတ်သည် ၎င်းအား ကျွန်တော့်ထံမှ ဖယ်ရှားပေးခဲ့သည်။رواه مسلم