Hadith for the World
Tap the image to view it full size
ထွတ်မြတ်မှုများနှင့် အာဒါဗ်စည်းကမ်းများ။

အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။

Available in 70 languages
«အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ကျွန်တစ်ဦးသည် မိမိအရှင်မြတ်နှင့် အနီးကပ်ဆုံးအချိန်မှာ စဂ်ျဒဟ် ဦးချနေချိန်ဖြစ်သည်။ထို့ကြောင့် အသင်တို့သည် (ထိုအချိန်၌) ဒုအာအမြောက်အမြား တောင်းခံကြပါ။»

Meaning translation ·

Explanation

The meaning in a few plain lines

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ရှင်းလင်းမိန့်ကြားတော်မူသည်မှာ ကျွန်တစ်ဦး မိမိအရှင်မြတ်နှင့် အနီးကပ်ဆုံးအချိန်မှာ ၎င်းသူစဂ်ျဒဟ် ဦးချနေချိန်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဆွလာသ်ဆောက်တည်နေသူတစ်ဦးသည် စဂျဟ်ဒဟ်ပြုသည့်အခါ အလ္လာဟ်အရှင်မြတ်၏ ရှေ့မှောက်၌ ရိုသေကျိုးငဲ့စွာဖြင့် မိမိခန္ဓာကိုယ်၏ အမြင့်ဆုံးနှင့် အမွန်မြတ်ဆုံး အစိတ်အပိုင်းကို မြေပြင်ပါ်တွင် ချထားသည့်အတွက်ကြောင့်ဖြစ်သည်။ စဂ်ျဒဟ် ဦးချစဉ် ဒုအာများမြောင်စွာတောင်းခံရန် ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားထားသည်။ ဤသို့ဖြင့် ကိုယ်၊နှုတ် နှစ်မျိုးစလုံးဖြင့် ကျိုးငဲ့မှု ပေါင်းစည်းသွားမည်ဖြစ်သည်။

Source
رواه مسلم
Download image

Saved at original quality