Hadith for the World
ဒုအာ၊ ဇိကိရ်တို့နှင့်သက်ဆိုင်သည့် ဖိကဟ်။

ဒုအာ လက်ခံခြင်းခံရသည့် အကြောင်းခံများနှင့် ဒုအာ လက်ခံခြင်းကို အတားအဆီးဖြစ်စေသည့် အကြောင်းခံများ။

4 hadiths

4 hadiths

အဗူအုမာမဟ် ကပြောသည်မှာ အမ်ရုဗ်နုအဗစဟ်(ရဿွိယလ္လာဟုအန်ဟု)က ကျွန်ုပ်အားဆင့်ပြန်ခဲ့သည်။ သူသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်ကို ကြားခဲ့သည်။ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ မွေးမြူဖန်ဆင်းတော်မူသော အလ္လာဟ်အရှင်မြတ်သည် လူသားနှင့်အနီးကပ်ဆုံးအချိန်မှာ ည၏နောက်ဆုံးပိုင်းဖြစ်ပြီး အကယ်၍အသင်သည် ယင်းအချိန်၌အလ္လာဟ်အရှင်မြတ်အား သတိရတသနေသူများအနက်မှဖြစ်နိုင်ပါက ဖြစ်လိုက်ပါလေ။رواه أبو داود والترمذي والنسائي
عن جابر رضي الله عنه قال: سمعت رسول الله صلى الله عليه وسلم يقول: «إن في الليل لساعة، لا يُوَافِقُهَا رجُلٌ مُسلم يَسأل الله تعالى خيرًا من أمْرِ الدنيا والآخرة، إلا أعْطَاه إِياه، وذلك كُلَّ ليلة».رواه مسلم
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ကျွန်တစ်ဦးသည် မိမိအရှင်မြတ်နှင့် အနီးကပ်ဆုံးအချိန်မှာ စဂ်ျဒဟ် ဦးချနေချိန်ဖြစ်သည်။ထို့ကြောင့် အသင်တို့သည် (ထိုအချိန်၌) ဒုအာအမြောက်အမြား တောင်းခံကြပါ။رواه مسلم
အနတ်စ်ဗင်န်မာလိက်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အဇာန်နှင့် အိကာမသ်၏ ကြားတွင် တောင်းခံသော ဒုအာသည် ပယ်ချခြင်းမခံရ‌ပေ။رواه أبو داود والترمذي والنسائي