Hadith for the World
ဒုအာ၊ ဇိကိရ်တို့နှင့်သက်ဆိုင်သည့် ဖိကဟ်။

ဗလီအဝင်၊အထွက် ဇိက်ရ်တော်များ။

2 hadiths

2 hadiths

အဗ်ဒုလ္လာဟ်ဗင်န်အမ်ရ်ဗင်န်အာဆ်ွ(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ ကိုယ်တော်မြတ်သည် ဗလီသို့ဝင်သောအခါ ရွတ်ဆိုသည်မှာ ”أَعُوذُ بِاللَّهِ الْعَظِيمِ، وَبِوَجْهِهِ الْكَرِيمِ، وَسُلْطَانِهِ الْقَدِيمِ، مِنَ الشَّيْطَانِ الرَّجِيمِ“ အဓိပ္ပာယ် - ကျွန်တော်မျိုးသည် ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်ဖြင့်လည်းကောင်း၊ အလွန်ရက်ရောတော်မူသောအရှင်မြတ်၏မျက်နှာတော်အားဖြင့်လည်းကောင်း၊ ရှေးမဆွကတည်းကပင် ရှိခဲ့သော အရှင်မြတ်၏စိုးမိုးမှုဖြင့်လည်းကောင်း နှင်ထုတ်ခြင်းခံရသော ရှိုင်သွာန်၏အနှောင့်အရှက်မှ ကင်းဝေးရန် အရှင်မြတ်ထံခိုလှုံပါ၏။رواه أبو داود
အဗူဟုမိုင်ဒ် သို့မဟုတ် အဗူအုဆိုင်းဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ အသင်တို့အနက်တစ်ဦးတစ်ယောက်သည် ဗလီဝတ်ကျောင်းတော်သို့ ဝင်သည့်အခါ ( اَللّٰهُمَّ افْتَحْ لِي أَبْوَابَ رَحْمَتِكٓ ) “အလ္လာဟုမ္မဖ်သဟ်လီ အဗ်ဝါဗရဟ်မသိက်” (အို - အလ္လာဟ်အရှင်မြတ် အသင်အရှင်မြတ်၏ ရဟ်မသ်ကရုဏာတံခါးများကို ကျွန်တော်မျိုးအား ဖွင့်ပေးသနားတော်မူပါ။) ဟုရွတ်ဆိုပါ။ ပြန်ထွက်သည့်အခါ (اَللّٰهُمَّ إِنِّي أَسْأَلُكَ مِنْ فَضْلِكَ) “အလ္လာဟုမ္မ အင်န္နီအတ်စ်အလုက မင်န်ဖဿွ်လိက်” (အို - အလ္လာဟ်အရှင်မြတ် ဧကန်မုချ ကျွန်တော်မျိုးသည် အရှင်မြတ်၏ ကျေးဇူးတော်များကို အရှင်မြတ်ထံတော်မှတောင်းခံပါ၏။) ဟုရွတ်ဆိုပါ။رواه مسلم