Hadith for the World
ဒုအာ၊ ဇိကိရ်တို့နှင့်သက်ဆိုင်သည့် ဖိကဟ်။

အလ္လာဟ်အရှင်မြတ်အား ဇိက်ရ် သတိရသတခြင်း၏ အကျိုးကျေးဇူးများ။

8 hadiths

8 hadiths

ဂျာဗိရ်ဗင်န် အဗ်ဒုလ္လာဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ လူတစ်ဦးသည် မိမိ၏အိမ်သို့ဝင်သည့်အခါ အလ္လာဟ်အရှင်မြတ်၏ နာမတော်အား သူဝင်ရောက်သည့်အချိန်နှင့် ထမင်းစားသည့်အချိန်တွင် တသ ပါက ရှိုင်သွာန်က (သူ၏အဖေါ်များအား) သင်တို့အတွက် ညအိပ်မည့်နေရာလည်းမရှိသလို၊ ညစာလည်းနေရာမရှိတော့ပါဟု ပြောကြားသည်။ အကယ်၍ ထိုသူသည် အိမ်သို့ဝင်သည့်အခါ အလ္လာဟ်အရှင်မြတ်၏ နာမတော်အား သူဝင်လာသည့်အချိန်တွင် တသခြင်းမရှိပါက ရှိုင်သွာန်က (သူ၏အဖေါ်များအား)သင်တို့အတွက် ညအိပ်မည့်နေရာရှိပြီဖြစ်သည်ဟု ပြောကြားသည်။ အကယ်၍ ထမင်းစားသည့်အချိန်တွင် အလ္လာဟ်အရှင်မြတ်အား တသခြင်းမရှိပါက ရှိုင်သွာန်က (သူ၏အဖေါ်များအား) သင်တို့အတွက် ညအိပ်မည့်နေရာလည်းရှိပြီး ညစာအတွက်လည်းရှိသည်ဟု ပြောကြားသည်။رواه مسلم
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ၎င်းက ပြောပြခဲ့သည်- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်( ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်တော်မူသည်မှာ- အလ္လာဟ်အရှင်မြတ်မိန့်ကြားတော်မူသည်- "ငါအရှင်မြတ်သည် ငါအရှင့်ကျေးကျွန်၏ အထင်အမြင်နှင့်အတူရှိတော်မူ၏။ သူသည် ငါအရှင့်အား သတိရသည့်အခါ ငါအရှင်သည် သူနှင့်အတူရှိတော်မူ၏။ အကယ်၍ သူသည် သူ၏စိတ်ထဲ၌ ငါအရှင့်အား သတိရလျှင် ငါအရှင်သည်လည်းသူ့အား ငါအရှင်၏ စိတ်ထဲတွင် သတိရတော်မူ၏။ အကယ်၍ သူသည် အုပ်စုတစ်စု၌ ငါအရှင့်အား သတိရလျှင် ငါအရှင်သည်လည်း ထိုအုပ်စုထက်သာမြတ်သော (ကောင်းကင်တမန်များ၏) အုပ်စု၌ သူ့အား သတိရတော်မူ၏။ အကယ်၍သူသည် ငါအရှင့်ထံ တစ်ထွာနီးကပ်လာပါက ငါအရှင်သည် သူ့ထံ တစ်တောင်နီးကပ်သွားတော်မူ၏။ အကယ်၍သူသည် ငါအရှင့်ထံ တစ်တောင်နီးကပ်လာပါက ငါအရှင်သည် သူ့ထံ တစ်လံ နီးကပ်သွားတော်မူ၏။ အကယ်၍သူသည် ငါအရှင့်ထံ လမ်းလျှောက်လာပါက ငါအရှင်သည် သူ့ထံ ပြေးပြီးသွားတော်မူ၏။"متفق عليه
စအဒ် ဗင်န် အဗီဝက္ကါစ်ွ (ရဿွိယလ္လာဟုအန်ဟု) ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ အပါးတော်၌ ကျွန်ုပ်တို့ ရှိနေကြစဉ် ကိုယ်တော်ကမိန့်ကြားတော်မူသည်မှာ- "အသင်တို့ထဲမှ တစ်ဦးတစ်ယောက်သည် နေ့စဥ် ကောင်းမှုကုသိုလ် တစ်ထောင်ကို ရယူနိုင်ဖို့ မတတ်စွမ်းနိုင်ဘူးလား။" ထိုအခါ ကိုယ်တော်မြတ်၏ (ထိုင်ဝိုင်းတွင်)ထိုင်နေသူများထဲမှတစ်ဦးက လျှောက်ထားမေးမြန်းခဲ့သည်မှာ- ကျွန်တော်မျိုးတို့ထဲမှ တစ်ဦးတစ်ယောက်သည် ကောင်းမှုကုသိုလ်တစ်ထောင်ကို မည်သို့ရယူနိုင်မည်နည်း။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်မှာ- သူသည် "سبحان الله" 'စူဗ်ဟာနလ္လာဟ်' အကြိမ်တစ်ရာ ရွတ်ဆိုရမည်။ ထိုသို့ရွတ်ဆိုခြင်းအားဖြင့် သူ့အတွက် ကောင်းမှုကုသိုလ် တစ်ထောင် ရေးမှတ်ခြင်းခံရမည် သို့မဟုတ် သူ၏ အပြစ်အကုသိုလ်တစ်ထောင် ခွင့်လွှတ်ခြင်းခံရမည်ဖြစ်သည်။رواه مسلم
အဗူမူစာ အရှ်အရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အလ္လာဟ်အရှင်မြတ်အား သတိရတသသူနှင့် သတိရတသမှုမရှိသူတို့၏ ပမာမှာ ရှင်သူနှင့်သေသူတို့၏ ပမာအတိုင်းပင် ဖြစ်သည်။ (မွတ်စ်လင်မ်ကျမ်း၏ စာသားမှာ) "အလ္လာဟ်အရှင်မြတ်အား သတိရတသမှုရှိသော အိမ်နှင့် အလ္လာဟ်အရှင်မြတ်အား သတိရတသမှုမရှိသော အိမ်၏ ပမာမှာ ရှင်သူနှင့် သေသူတို့၏ ပမာအတိုင်းပင် ဖြစ်သည်။"متفق عليه
ကအ်ဗင်န် အုဂ်ျရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ဤသည် ဖရ်ဿ်ွဆွလာသ်တိုင်း၏နောက်တွင်ရွတ်ဖတ်ရသော ဇိက်ရ်တော်များဖြစ်ပြီး ယင်းဇိက်ရ်တော်များအား ဖရ်ဿ်ွဆွလာသ်တိုင်း၏နောက်တွင် ရွတ်ဖတ်သူသည် ဆုံးရှုံးမည်မဟုတ်။ ယင်းဇိက်ရ်တော်မှာ စွဗ်ဟာနလ္လာဟ် ၃၃ကြိမ်၊ အလ်ဟမ်ဒုလိလ္လာဟ် ၃၃ကြိမ်၊ အလ္လာဟ်အက္ကဗရ် ၃၄ကြိမ်တို့ဖြစ်သည်။رواه مسلم
عن زيد مولى رسول الله صلى الله عليه وسلم قال: قال رسول الله صلى الله عليه وسلم : «من قال: أَسْتَغْفِرُ الله الذي لا إله إلا هو الحَيَّ القيَّومَ وأتوب إليه، غُفرت ذنوبه، وإن كان قد فَرَّ من الزَّحْف».رواه أبو داود والترمذي
အဗူမာလိက် အလ်အရှ်အရီ(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ သန့်ရှင်းစင်ကြယ်မှုသည် အီမာန်ယုံကြည်မှု၏ တစ်ဝက်ဖြစ်သည်။ ‘အလ်ဟမ်ဒု လိလ္လာဟ်’သည် မီဇာန်ချိန်ခွင်ကို အချိန်လေး၍ ပြည့်စေမည်။‘စွဗ်ဟာနလ္လာဟ် ဝလ်ဟမ်ဒုလိလ္လာဟ်’ဇိက်ရ်တော်နှစ်ခုသည် (သို့မဟုတ် ဇိက်ရ်တော် တစ်ခုသည်) မိုးကောင်းကင်နှင့်ပထဝီမြေပြင်ကြားကိုပြည့်စေသည်။ ဆွလာသ်သည် နူရ်အလင်းရောင်ဖြစ်သည်။ဆွဒ်ကဟ် အလှူဒါနသည် သက်သေအထောက်ထားဖြစ်သည်။ ‘ဆွဗရ်’သည်းခံခြင်းတရားသည် အလင်းရောင်ဖြစ်သည်။ ကုရ်အာန်ကျမ်းမြတ်သည် သင့်အတွက် သက်သေအထောက်အထား သို့မဟုတ် အသင်နှင့်ဆန့်ကျင်ဘက် သက်သေအထောက်အထားဖြစ်သည်။ လူတိုင်းသည် နံနက်စောစော(ရိုဇီရိက္ခာရှာဖွေရန်)ထွက်သွားကြပြီး မိမိကိုယ်မိမိ ရောင်းချလိုက်သည်။ ထို့ကြောင့် အချို့သည် မိမိကိုယ်ကို(ဂျဟန္နမ်မှ) လွတ်မြောက်စေပြီး အချို့သည် မိမိကိုယ် ကို(ဂျဟန္နမ်ထဲသို့ကျရောက်စေကာ) ပျက်စီးဆုံးရှုံးစေသည်။رواه مسلم
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ “ခုနစ်ဦးသောသူတို့အား အရှင်မြတ်၏ အရိပ်ကလွဲလို့ အခြားအရိပ်မရှိသောနေ့တွင် အလ္လာဟ်အရှင်မြတ်သည် မိမိ၏အရိပ်တော်အောက်၌ ခိုလှုံခွင့်ပေးတော်မူမည်။ (၁) တရားမျှတစွာ အုပ်ချုပ်သော ခေါင်းဆောင်၊ (၂) အလ္လာဟ်အရှင်မြတ်အား အေဗာဒသ်ခဝပ်ကိုးကွယ်ခြင်း၌ ကြီးပြင်းလာသော လူငယ်၊ (၃) ဗလီဝတ်ကျောင်းတော်များ၌ စိတ်နှလုံးငြိကပ်နေသူ၊ (၄) အလ္လာဟ်အရှင်မြတ်အတွက် အချင်းချင်း ချစ်ခင်ကြသူနှစ်ဦး၊ ၎င်းတို့နှစ်ဦးသည် အလ္လာဟ်အရှင်မြတ်အတွက် ဆုံစည်းကြပြီး၊ အလ္လာဟ်အရှင်မြတ်အတွက်ထိုပင် ခွဲခွာကြသည်။ (၅) ချောမောလှပပြီး အဆင့်အတန်းဂုဏ်သရေရှိသော အမျိုးသမီးတစ်ဦးက ( ဇိနာ) ပြစ်မှုကျူးလွန်ရန်ဖိတ်ခေါ်သောအခါ ‘ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ပါသည်’ဟု ငြင်းဆိုလိုက်သူ၊ (၆) ညာလက်ကလှူဒါန်းသည်ကို ဘယ်လက်ပင်မသိအောင် လျှို့ဝှက်စွာလှူဒါန်းသူ၊ (၇)တစ်ယောက် တည်းဆိတ်ကွယ် ရာ၌ အလ္လာဟ်အရှင်မြတ်အား အောက် မေ့သတိရတသသောအခါ မျက်စိနှစ်ဖက်မှ မျက်ရည် ယိုစီးကျလာသူ ဖြစ်သည်”။متفق عليه