Hadith for the World
Tap the image to view it full size
ဖိကဟ်နှင့် ၎င်း၏စည်းမျဥ်းများ။

ကအ်ဗင်န် အုဂ်ျရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။

Available in 60 languages
«ကအ်ဗင်န် အုဂ်ျရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ဤသည် ဖရ်ဿ်ွဆွလာသ်တိုင်း၏နောက်တွင်ရွတ်ဖတ်ရသော ဇိက်ရ်တော်များဖြစ်ပြီး ယင်းဇိက်ရ်တော်များအား ဖရ်ဿ်ွဆွလာသ်တိုင်း၏နောက်တွင် ရွတ်ဖတ်သူသည် ဆုံးရှုံးမည်မဟုတ်။ ယင်းဇိက်ရ်တော်မှာ စွဗ်ဟာနလ္လာဟ် ၃၃ကြိမ်၊ အလ်ဟမ်ဒုလိလ္လာဟ် ၃၃ကြိမ်၊ အလ္လာဟ်အက္ကဗရ် ၃၄ကြိမ်တို့ဖြစ်သည်။»

Meaning translation ·

Explanation

The meaning in a few plain lines

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ဇိက်ရ်အချို့နှင့်စပ်လျဉ်း၍ အသိပေးမိန့်ကြားထားသည်မှာ ယင်းဇိက်ရ်များအား ရွတ်ဖတ်သူသည် ဆုံးရှုံးမှုလည်းမရှိ၊ ဝမ်းနည်းမှုနည်းမရှိသည့်အပြင် ဤဇိက်ရ်တော်များအတွက် ကုသိုလ်လည်း ရရှိမည်ဖြစ်သည်။ ယင်းဇိကရ်တော်များအား ဖရ်ဿ်ွဆွလာသ်၏နောက် တွင် တစ်ခုပြီးတစ်ခု ရွတ်ဆိုရပေသည်။ ဇိက်ရ်တော်မှာ - စွဗ်ဟာနလ္လာဟ် ၃၃ကြိမ်။ အလိုသဘော - အလ္လာဟ်အရှင်မြတ်သည် ချွတ်ယွင်းမှုအပေါင်းမှ ကင်းရှင်းတော်မူသည်။ အလ်ဟမ်ဒုလိလ္လာဟ် ၃၃ကြိမ်။ အလိုသဘော - အလ္လာဟ်အရှင်မြတ်သည် အလွန်ပြည့်ဝသော အရှင်ဖြစ်ကြောင်းကို ချစ်မြတ်နိုး၍အလေးအမြတ်ထားကာ ပြောဆိုခြင်း။ အလ္လာဟ်အက္ကဗရ် ၃၄ကြိမ်။ အလိုသဘော - အလ္လာဟ်အရှင်မြတ်သည် အရာရာတိုင်းထက် အလွန်ပင်ကြီးမားတော်မူသောအရှင်၊ ဂုဏ်သိက္ခာအရှိဆုံးသော အရှင်ဖြစ်တော်မူပေသည်။

Source
رواه مسلم
Download image

Saved at original quality