Hadith for the World
Tap the image to view it full size
ထွတ်မြတ်မှုများနှင့် အာဒါဗ်စည်းကမ်းများ။

စအဒ် ဗင်န် အဗီဝက္ကါစ်ွ (ရဿွိယလ္လာဟုအန်ဟု) ဆင့်ပြန်ခဲ့သည်။

Available in 39 languages
«စအဒ် ဗင်န် အဗီဝက္ကါစ်ွ (ရဿွိယလ္လာဟုအန်ဟု) ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ အပါးတော်၌ ကျွန်ုပ်တို့ ရှိနေကြစဉ် ကိုယ်တော်ကမိန့်ကြားတော်မူသည်မှာ- "အသင်တို့ထဲမှ တစ်ဦးတစ်ယောက်သည် နေ့စဥ် ကောင်းမှုကုသိုလ် တစ်ထောင်ကို ရယူနိုင်ဖို့ မတတ်စွမ်းနိုင်ဘူးလား။" ထိုအခါ ကိုယ်တော်မြတ်၏ (ထိုင်ဝိုင်းတွင်)ထိုင်နေသူများထဲမှတစ်ဦးက လျှောက်ထားမေးမြန်းခဲ့သည်မှာ- ကျွန်တော်မျိုးတို့ထဲမှ တစ်ဦးတစ်ယောက်သည် ကောင်းမှုကုသိုလ်တစ်ထောင်ကို မည်သို့ရယူနိုင်မည်နည်း။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်မှာ- သူသည် "سبحان الله" 'စူဗ်ဟာနလ္လာဟ်' အကြိမ်တစ်ရာ ရွတ်ဆိုရမည်။ ထိုသို့ရွတ်ဆိုခြင်းအားဖြင့် သူ့အတွက် ကောင်းမှုကုသိုလ် တစ်ထောင် ရေးမှတ်ခြင်းခံရမည် သို့မဟုတ် သူ၏ အပြစ်အကုသိုလ်တစ်ထောင် ခွင့်လွှတ်ခြင်းခံရမည်ဖြစ်သည်။»

Meaning translation ·

Explanation

The meaning in a few plain lines

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိမိ၏တပည့်သားစွဟာဗဟ်များအား မေးမြန်းတော်မူခဲ့သည်- အသင်တို့ထဲမှ တစ်ဦးတစ်ယောက်သည် နေ့စဥ်ကောင်းမှုကုသိုလ် တစ်ထောင်ကို ရယူဖို့ မတတ်စွမ်းနိုင်ကျဘူးလား။ ထိုအခါ ကိုယ်တော်မြတ်၏အပါးတော်၌ ထိုင်နေကြသူများထဲမှ တစ်ဦးက လျှောက်ထားမေးမြန်းခဲ့သည်- ကျွန်တော်မျိုးတို့ထဲမှ တစ်ဦးတစ်ယောက်သည် တစ်ရက်မှာ ကောင်းမှုကုသိုလ်တစ်ထောင်ကို မည်သို့ လွယ်လွယ်ကူကူ ရယူနိုင်မည်နည်း။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်- သူသည် 'စူဗ်ဟာနလ္လာဟ်' (အလ္လာဟ်အရှင်မြတ် ပကတိစင်ကြယ်မြင့်မြတ်တော်မူကြောင်း) ကို အကြိမ်တစ်ရာ ရွတ်ဆိုရမည်။ ထိုသို့ ရွတ်ဆိုခြင်းအားဖြင့် သူ့အတွက် ကောင်းမှုကုသိုလ် တစ်ထောင် ရေးမှတ်ခြင်းခံရမည်။ အဘယ် ကြောင့်ဆိုသော် ကောင်းမှုတစ်ခုသည် အဆဆယ်ဆ ရှိသောကြောင့်တည်း။ သို့တည်းမဟုတ် သူ့မှ အပြစ်ပေါင်း တစ်ထောင်ကို ပယ်ဖျက်ပေးခြင်း ခံရမည် ဖြစ်သည်။

Source
رواه مسلم
Download image

Saved at original quality