ထွတ်မြတ်မှုများနှင့် အာဒါဗ်စည်းကမ်းများ။
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ပြောကြားခဲ့သည်။ ကျွန်တော်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့သည်။
Available in 61 languages
«အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ပြောကြားခဲ့သည်။ ကျွန်တော်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့သည်။ ငါကိုယ်တော်၏ အွမ္မသ်သားတို့အနက် (မိမိ၏)အပြစ်အကုသိုလ်အား ထုတ်ဖော်ပြောကြားသူများမှလွဲ၍ အားလုံးသည် ခွင့်လွှတ်ချမ်းသာပေးခြင်းခံရမည်ဖြစ်သည်။ ထုတ်ဖော်ပြောကြားခြင်းဆိုသည်မှာ လူတစ်ဦးသည် ညတွင် အပြစ်အကုသိုလ်ကျူးလွန်ခဲ့သည်။ ၎င်းနောက် နံနက်သို့ရောက်သည့်အခါ ဖန်ဆင်းမွေးမြူတော်မူသောအရှင်က သူ၏အပြစ်အား ဖုံးကွယ်ပေးထားသော်လည်း ၎င်းက အို - မည်သူမည်ဝါ မနေ့ကညက ကျွန်တော် ဒါတွေ ဒါတွေ လုပ်ခဲ့ပါသည်ဟူ၍ ပြောဆိုလိုက်သည်။ တစ်ညတာလုံး ၎င်း၏အရှင်မြတ်က (သူ၏အပြစ်များကို) ဖုံးကွယ်ပေးခဲ့သည်။ နံနက်သို့ရောက်သည့်အခါ အလ္လာဟ်အရှင်မြတ်က ၎င်း (၏အပြစ်များ)အား ဖုံးကွယ်ပေးထားသည်ကို သူကိုယ်တိုင်ပင် ဖော်ထုတ်လိုက်သည်။»Meaning translation ·
Saved at original quality








