Hadith for the World
Tap the image to view it full size
ဖိကဟ်နှင့် ၎င်း၏စည်းမျဥ်းများ။

အဗူဟုမိုင်ဒ် သို့မဟုတ် အဗူအုဆိုင်းဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။

Available in 62 languages
«အဗူဟုမိုင်ဒ် သို့မဟုတ် အဗူအုဆိုင်းဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ အသင်တို့အနက်တစ်ဦးတစ်ယောက်သည် ဗလီဝတ်ကျောင်းတော်သို့ ဝင်သည့်အခါ ( اَللّٰهُمَّ افْتَحْ لِي أَبْوَابَ رَحْمَتِكٓ ) “အလ္လာဟုမ္မဖ်သဟ်လီ အဗ်ဝါဗရဟ်မသိက်” (အို - အလ္လာဟ်အရှင်မြတ် အသင်အရှင်မြတ်၏ ရဟ်မသ်ကရုဏာတံခါးများကို ကျွန်တော်မျိုးအား ဖွင့်ပေးသနားတော်မူပါ။) ဟုရွတ်ဆိုပါ။ ပြန်ထွက်သည့်အခါ (اَللّٰهُمَّ إِنِّي أَسْأَلُكَ مِنْ فَضْلِكَ) “အလ္လာဟုမ္မ အင်န္နီအတ်စ်အလုက မင်န်ဖဿွ်လိက်” (အို - အလ္လာဟ်အရှင်မြတ် ဧကန်မုချ ကျွန်တော်မျိုးသည် အရှင်မြတ်၏ ကျေးဇူးတော်များကို အရှင်မြတ်ထံတော်မှတောင်းခံပါ၏။) ဟုရွတ်ဆိုပါ။»

Meaning translation ·

Explanation

The meaning in a few plain lines

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိ၏အွမ္မသ်နောက်လိုက်များအား ဗလီဝတ်ကျောင်းတော်သို့ ဝင်ရောက်သည့်အခါ ရွတ်ဆိုရမည့် ဒုအာကို လမ်းညွှန်ပေးတော်မူခဲ့သည်။ ၎င်းဒုအာမှာ ( اَللّٰهُمَّ افْتَحْ لِي أَبْوَابَ رَحْمَتِكٓ ) ဟူ၍ဖြစ်သည်။ ဤဒုအာသည် အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်ရရှိမည့် အကြောင်းခံများကို မိမိအားချီးမြှင့်ရန် အလ္လာဟ်အရှင်မြတ်ထံတော်တွင် တောင်းခံခြင်းဖြစ်သည်။ အကယ်၍ ဗလီဝတ်ကျောင်းတော်မှ ထွက်ရန်ရည်ရွယ်သောအခါ (اَللّٰهُمَّ إِنِّي أَسْأَلُكَ مِنْ فَضْلِكَ)ကို ဆိုရမည်။ ဤဒုအာသည် အရှင်မြတ်၏ကျေးဇူးတော်နှင့် ဟလာလ်ရိုဇီကို ဆတက်ထမ်းပိုးချီးမြှင့်တော်မူရန် အလ္လာဟ်အရှင်မြတ်ထံတော်တွင် တောင်းခံခြင်းဖြစ်သည်။

Source
رواه مسلم
Download image

Saved at original quality