Hadith for the World
Tap the image to view it full size
ထွတ်မြတ်မှုများနှင့် အာဒါဗ်စည်းကမ်းများ။

အဗူဒရ်ဒါအ် (ရဿွိယလ္လာဟုအန်ဟု) ကဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။

Available in 48 languages
«အဗူဒရ်ဒါအ် (ရဿွိယလ္လာဟုအန်ဟု) ကဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ ဧကန်စင်စစ် များစွာလအ်နသ်(ကျိန်ဆဲခြင်း) ပြုသူများသည် ကိယာမသ်နေ့တွင် (အခြားသူနှင့်ပတ်သတ်၍) သက်သေခံခွင့်ရမည့်သူများ မဟုတ်သလို ၊ ရှဖာအသ်ကြားဝင်အသနားခံပေးခွင့် ရမည့်သူများလည်း မဟုတ်ပေ။»

Meaning translation ·

Explanation

The meaning in a few plain lines

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က လအ်နသ်ကျိန်ဆဲခြင်းမခံထိုက်သူအား ကျိန်ဆဲခြင်းများစွာ ပြုလုပ်သူသည် ပြစ်ဒဏ်နှစ်မျိုး ခံစားရမည်ဖြစ်ကြောင်း မိန့်ကြားတော်မူခဲ့သည်။ ပထမတစ်ခုမှာ - ကိယာမသ်နေ့တွင် ရှေးယခင်အွမ္မသ်သားများထံ ၎င်းတို့၏ ရစူလ်တမန်တော်များက အလ္လာဟ်အရှင်မြတ်၏ သတင်းစကားများကို ပို့ဆောင်ခဲ့ခြင်းကြောင်း သက်သေခံခွင့် ရရှိမည်မဟုတ်ပေ။ ဤလောကတွင်လည်း ဖစ်က်(မတရားပြုမှု‌ကြောင့်) သူ၏သက်သေခံချက်ကို လက်မခံအပ်ပေ။ ထို့ပြင် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ ရှဟီးဒ်ဖြစ်ခြင်း၏ (အသတ်ခံရခြင်း၏) အခွင့်အရေးကိုလည်း ရရှိမည်မဟုတ်ချေ။ ဒုတိယအချက်မှာ - ကိယာမသ်နေ့တွင် အခြားသော မုအ်မင်န်သက်ဝင်ယုံကြည်သူများက ဂျဟန္နမ်ငရဲခံထိုက်သူများဖြစ်ကြသော မိမိတို့၏ မုအ်မင်န် ညီနောင်များအတွက် ရှဖာအသ်ကြားဝင်အသနားခံပေးချိန်တွင် သူသည် ရှဖာအသ်ကြားဝင်အသနားခံပေးခွင့် ရရှိမည်မဟုတ်ပေ။

Source
رواه مسلم
Download image

Saved at original quality