Hadith for the World
Tap the image to view it full size
ထွတ်မြတ်မှုများနှင့် အာဒါဗ်စည်းကမ်းများ။

အဗ်ဒုလ္လာဟ် ဗင်န် အမ်ရ် ဗင်န် အာဆ်ွ (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။

Available in 47 languages
«အဗ်ဒုလ္လာဟ် ဗင်န် အမ်ရ် ဗင်န် အာဆ်ွ (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ “အကြင်သူသည် အစ္စလာမ်သာသနာကို လက်ခံယုံကြည်ခဲ့ပြီး၊ လိုအပ်ချက်အလျောက် (လောက်ငှရုံ) စားဝတ်နေရေးကို ရရှိကာ၊ အလ္လာဟ်အရှင်မြတ်သည် မိမိပေးအပ်တော်မူသောအရာဖြင့် သူ့အား ရောင့်ရဲတင်းတိမ်စေတော်မူပါက၊ ဧကန်စင်စစ်ထိုသူသည် အောင်မြင်မှုကို ဆွတ်ခူးရရှိခဲ့ခြင်းပင်ဖြစ်သည်။"»

Meaning translation ·

Explanation

The meaning in a few plain lines

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်မှာ- မိမိအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ထံ အပ်နှင်းနာခံပြီး၊ တရားလမ်းမှန်ကိုရရှိကာ အစ္စလာမ်သာသနာကို လက်ခံကျင့်သုံးခွင့် ရရှိသူ၊ လိုအပ်ချက်နှင့်အညီ ဟလာလ်ဖြစ်သော စားနပ်ရိက္ခာကို ပိုခြင်းလည်းမရှိ၊ လျော့နည်းခြင်းလည်းမရှိဘဲ ရရှိသူ၊ ထို့ပြင် အလ္လာဟ်အရှင်မြတ်က ရရှိသည်ကို ရောင့်ရဲကျေနပ်တတ်သော သဘောထားကို ပေးအပ်ခြင်းခံရသူသည် ၊စင်စစ် အောင်မြင်မှုကို ဆွတ်ခူးရရှိခဲ့ခြင်းပင် ဖြစ်သည်။

Source
رواه مسلم
Download image

Saved at original quality